Main menu
HOT NEWS
adv
စာအုပ်ထဲမှ ကယ်ဆယ်ကူညီရေး  လျှို့ဝှက်စီမံချက် The Book of Henry  ရုပ်ရှင်

စာအုပ်ထဲမှ ကယ်ဆယ်ကူညီရေး လျှို့ဝှက်စီမံချက် The Book of Henry ရုပ်ရှင်

ဒါရိုက်တာ - ကောလင်းထရီဗိုရိုး
ဇာတ်ညွှန်း - ဂရတ်ဟူဝစ်ဇ်
သရုပ်ဆောင် - နာအိုမီဝပ်၊ ဂျေဒန်လီဘာဟာ၊ ဂျက်ကော့ထရန်ဘလေး
ပြသချိန် - ၁ဝ၅ မိနစ်
နိုင်ငံ - အမေရိကန်


ယခုသီတင်းပတ်မှစတင်ကာ နိုင်ငံတကာရှိ ရုပ်ရှင်ရုံများတွင်ရုံ တင်ပြသမည့် သည်းထိတ်ရင်ဖို ဒရမ် မာရုပ်ရှင်ဖြစ်သည်။ ဆိုးသွမ်းသော ပထွေးဖြစ်သူ၏ အနိုင်ကျင့်မှုကို ခံ နေရသော မိန်းကလေးငယ်တစ်ဦးအား ကယ်တင်ရန်၊ ရဲတပ်ဖွဲ့ နှင့်ရင်းနှီးနေသည့် ပထွေးဖြစ်သူကို ဥပဒေမဲ့ရှင်းထုတ်ပစ်ရန် သား ဖြစ်သူ၏စာအုပ်တွင် ရေးသားထား သောအစီအစဉ်ကို ရှာဖွေဖော်ထုတ်ရမည့် Single မိခင်တစ်ယောက်၏ အကြောင်းကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးတင်ဆက်ထားပါသည်။


Single မိခင်တစ်ဦးဖြစ်သည့် ဆူဆန်ကာပန်တာသည် စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း ၏ သားငယ်ဖြစ်သူပီတာမှာ အသက်ရှစ်နှစ်အရွယ် ကျောင်းသားတစ်ဦး ဖြစ်ပြီး အလွန်အဆော့သန်သူဖြစ်သည်။ သို့သော် တစ်မိသားစုလုံးကို ထိန်းသိမ်းစောင့်ရှောက်ရသူမှာ အသက် ၁၁နှစ်အရွယ် သားကြီးဟင်နရီ ကိုဖြစ်ပြီး အလွန်အကင်းပါး၊ သွက်လက်သူလည်းဖြစ်သည်။ ညီငယ်ဖြစ်သူကိုစောင့်ရှောက်ပေးရင်း မိခင်ဖြစ်သူကိုအားပေးလျက်ရှိသည့် သားလိမ္မာ လေး ဟင်နရီတို့ဘေးအိမ်သို့ တစ်နေ့တွင် မိသားစုတစ်ခု အိမ်ပြောင်းလာခဲ့ ကြသည်။ ထိုအိမ်တွင် ဟင်နရီ၏အတန်းဖော်ဖြစ်လာမည့် ခရစ္စတီးနား အမည်ရှိမိန်းကလေးတစ်ဦး ပါရှိလာခဲ့ပြီး ထိုအိမ်တွင် ပထွေးဖြစ်သူနှင့် အတူနေထိုင်ခဲ့သည်။ ကျောင်းတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ရာမှ ရက် အနည်းငယ်အကြာတွင် ခရစ္စတီးနားမှာ ထူးဆန်းလာသည်ကို ဟင်နရီက အကင်းပါးသူပီပီသတိထားမိခဲ့သည်။


ထို့ပြင် ဆူဆန်ကိုယ်တိုင်ကလည်း ခရစ္စတီးနားအပါအဝင် ဘေးအိမ်ရှိမိသားစုထံတွင် အန္တရာယ်ရှိသော လျှို့ဝှက်ချက်တစ်ခုရှိသည်ဟု တစ်နေ့တွင် သတိထားမိခဲ့ပြီး သားဖြစ်သူ ဟင်နရီကလည်း အကူအညီ ပေးရန်အစီအစဉ်တစ်ခုကို ၎င်းထံအသိပေးအကြံဥာဏ်တောင်းခံခဲ့သည်။ ပထွေးဖြစ်သူ၏ အနိုင်ကျင့်စော်ကားမှုကို ခံနေရသည့် သူငယ်ချင်းဖြစ်သူ ခရစ္စတီးနားကို ကယ်တင်ရန် သေချာစွာအစီအစဉ်ချရေးဆွဲထားသည့်စီမံကိန်းကို ရေးဆွဲထားသော်လည်း ထိုအစီအစဉ်တွင် အဓိကကျသူမှာ ဆူဆန်ကိုယ်တိုင်ပင် ဖြစ်ကြောင်း အံ့သြဖွယ်သိရှိလိုက်ရ တော့သည်။

 

Ref: Wiki

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191