Main menu
HOT NEWS
adv
သွန်းဆက်ရဲ့ရုပ်ရှင်ကားကြီးတွေအများကြီးရုံတင်ဖို့ ရှိပါတယ် ~သွန်းဆက်

သွန်းဆက်ရဲ့ရုပ်ရှင်ကားကြီးတွေအများကြီးရုံတင်ဖို့ ရှိပါတယ် ~သွန်းဆက်

ဗီဒီယိုကားတွေ တောက် လျှောက်ထွက်နေပေမယ့် ရုပ်ရှင် ကားကြီးတွေရုံမတင်ဖြစ် သေးတာနဲ့ ပတ်သက်လို့ သွန်းဆက်က ''သွန်း ဆက် ရုပ်ရှင်ကားကြီးတွေလည်း ရှစ်ကားလောက် ရိုက်ထားတာ ရှိပါတယ်။ အဲဒါတွေက တန်းစီစနစ် နဲ့ဆိုတော့ အလှည့်မရောက်သေးလို့ ရုံမတင်ရသေးတာပါ။ 

ဒီနှစ်ထဲမှာ B  ရုံကနေ ကြားဖြတ်ရုံတင်ဖို့ တစ်ကား တော့ရှိပါတယ်။ အဲဒီကားလေးက ''ကိုကြီးကွီးတို့ရဲ့ မာယာ''ဆိုတဲ့ကား လေးပါ။ နောက်ထပ်လည်း တန်းစီ နေတဲ့ ရုံတင်ဖို့ကားတွေလည်း ရှိပါ တယ်။ အဲဒါတွေလည်း ဒီနှစ်ထဲ တော့မြင်ရမှာပါ။ 

ကိုကြီးကွီးတို့ရဲ့ မာယာမှာက သွန်းဆက်က စင်တင် ကကောင်မလေးအနေနဲ့ သရုပ် ဆောင်ထားပါတယ်။ ယောက်ျား လေးတွေကို ချူစားတဲ့ကောင် မလေးနေရာက သရုပ်ဆောင်ထား ပါတယ်။ အဲဒီကာရိုက်တာကတော့ သွန်းဆက် တစ်ခါမှမလုပ်ဖူးသေး ပါဘူး။ နောက်ပြီး ဒီကားလေးက ပညာပေးဇာတ်လမ်းလေးပါ။ 

ပရိ သတ်လည်း ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး သွန်းဆက် ကို ပိတ်ကားထက်မှာ မြင်ချင်ကြတဲ့ ပရိသတ်ကြီး  ဒီနှစ်ထဲမှာ သွန်းဆက် ရဲ့ ရုပ်ရှင်ကားကြီးတွေ အများကြီး ရုံတင်ဖို့ ရှိပါတယ်။ အဲဒီကျရင်အား ပေး ဝေဖန်ပေးကျပါလို့''သွန်းဆက် က ပြောခဲ့ပါတယ်။

TDP 

 

အနုပညာသတင်းများအား ဆက်လက်ဖတ်ရှုလိုပါက Celcebrities 8DAYS a Week - Jounral တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616