Main menu
HOT NEWS
adv
''ဂီတပိုင်းမှာ ကံကောင်းနေတယ်'' - တေးသံရှင် ဟဲလေး

''ဂီတပိုင်းမှာ ကံကောင်းနေတယ်'' - တေးသံရှင် ဟဲလေး

မကြာခင်အွန်လိုင်းတွင် Free  ဖြန့်ချိတော့မည့် 'မှည့်သည်ပေါ့' သီချင်းနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူစိတ်ဝင်စားမှုများပြားခဲ့ပြီး ယင်းသီချင်းခေါင်း စဉ်နာမည်ဖြင့် ရုပ်ရှင်ဇာတ်ကားများ ပင်ရိုက်ကူးရန်အတွက် စီစဉ်နေလျက်ရှိရာ 'မှည့်သည်ပေါ့' သီချင်းအား စတင်ဖန်တီးခဲ့သော တေးသံရှင် ဟဲလေးနှင့်ခဏတာ တွေ့ဆုံခိုက်..။


မေး - အွန်လိုင်းကနေပြီးတော့ သီချင်းဖြန့်ဖို့ စီစဉ်နေတာနဲ့ပတ်သက် ပြီးတော့ပြောပြပေးပါဦး။

ဖြေ - 'မှည့်သည်ပေါ့' ဆိုတဲ့သီချင်း တစ်ပုဒ်တည်းကို အွန်လိုင်းကနေ ပြီးတော့ဖြန့်မှာပါ။ အဲဒါလေးက ပရိ သတ်တွေက စိတ်ဝင်တစားနဲ့မေး နေကြပြီဆိုတော့ အမြန်ဆုံးပရိသတ် လက်ထဲချပြနိုင်အောင် အွန်လိုင်းက နေပြီးတော့ Free တင်ပေးမယ်။


မေး - မှည့်သည်ပေါ့သီချင်းခေါင်း စဉ်လေးကိုလည်း ပရိသတ်တွေက အရမ်းကိုစိတ်ဝင်စားနေကြတာဆို တော့ ဘယ်လိုစဉ်းစားဖြစ်ခဲ့တာလဲ။

ဖြေ - မှည့်တယ်ဆိုတဲ့စာလုံးက ကျွန်တော်လုပ်ယူထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ပတ်ဝန်း ကျင်မှာရှိနေတဲ့စာလုံးပါပဲ။ မှည့်ဆို တာက ကျွန်တော်တို့ညီအစ်ကိုတွေ ကြားမှာပြောတယ်။ နောက်လူရွှင် တော်ကြီးဖြစ်တဲ့ ဦးမော့စ်တို့ရဲ့ ပြက်လုံးတွေထဲမှာလည်း တွေ့ခဲ့ရတယ်။ အခုဆိုရင် ဇာတ်လမ်းတွေ ရိုက်ဖို့ကမ်းလှမ်းလာတယ်။ အင်္ကျီ လေးတွေထုတ်လာတယ်။ မှည့်တယ်ဆိုတဲ့အဓိပ္ပာယ်က ကောင်းတယ်။မိုက်တယ်။ လန်ထွက်တယ်ဆိုတာ မျိုးပေါ့နော်။


မေး - အခုနောက်ပိုင်း Facebook စာမျက်နှာမှာဆိုရင် မှည့်တယ်ဆိုတဲ့ စကားလုံးနဲ့ ကိုဟဲလေးကို တွဲဖက်ပြီး တော့မြင်လာကြသလို ကိုဟဲလေးရဲ့ ကိုယ်ပိုင်စကားလုံးတစ်ခုလိုလည်း အသိအမှတ်ပြုလာကြတယ်နော်။

ဖြေ - ကိုယ်ပိုင်လို့မသတ်မှတ်ထားပါဘူး။ ဒါပေမဲ့ပရိသတ်တွေ သူငယ်ချင်းတွေက မှည့်တယ်ဆိုတဲ့ စကားလုံးကို ကျွန်တော့်ကိုယ်ပိုင် တစ်ခုလို့သတ်မှတ်ပေးကြတာပေါ့ နော်။ ခေတ်ပေါ်စကားလုံးတွေရော ပရိသတ်တွေကရော ဒီစကားလုံး လေးကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာပါတယ်။ အမှန်တကယ် က သီချင်းလုပ်ဖို့လည်း အစီအစဉ်မရှိဘူး။ ပရိသတ်တွေက သီချင်းလုပ် စေချင်တဲ့အတွက် တစ်ခါလုပ်ကြည့် တယ်အဆင်မပြေဘူး။ နှစ်ခါမှာလည်း အဆင်မပြေဘူး။ အခုသုံးခါမြောက်မှ စိတ်တိုင်းကျလောက်တယ်လို့ထင်လို့ ထွက်လိုက်တာပါ။


မေး - အဲဒီနာမည်နဲ့ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးဖို့အတွက်လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဖြေ - ဗီဒီယိုဇာတ်ကားရိုက်တာ ကတော့ ကျွန်တော်နဲ့မဆိုင်ဘူးပေါ့ နော်။ ဒါပေမဲ့ ကိုခန့်က ကျွန်တော် ကိုပြောပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုရိုက် တာကတစ်ပိုင်းပါ။ ကိုခန့်ရိုက်မယ်ဆိုတာသိတဲ့အတွက် အေးဆေးပါပဲ။ သူ့တို့ရိုက်မယ့်ဇာတ်ကားမှာလည်း သီချင်းသုံးဖို့အတွက်ကမ်းလှမ်းတယ်။ နောက်ဒါရိုက်တာဇေပါကလည်း ကမ်းလှမ်းတယ်။ ခွင့်ပြုပါတယ်။ ဒါပေမဲ့ အဲဒါလေးတွေမတိုင်ခင် သီချင်း လေးတော့ အရင်ထွက်နိုင်အောင် လုပ်ဦးမယ်။


မေး - ဂီတနဲ့ပတ်သက်ပြီးတော့ တခြားအစီအစဉ်တွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်ဒီကြားထဲမှာ ကံကောင်းတယ်လို့ပြောရမယ်။ ကျွန် တော့်ရဲ့ အကောင်းဆုံးတေးများ တစ်ခွေဖြန့်မယ်။ ဗားရှင်းအသစ်နဲ့ပါ။ နောက်ထပ်ကျွန်တော်နဲ့အိမ့်ချစ်နဲ့ နှစ်ယောက်တွဲ အခွေတစ်ခွေထွက်မယ်။ 

 

NN

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191