Main menu
HOT NEWS
adv
စိတ်ကို အပူအပင် မထားဘူး။ အမြဲပျော်ပျော်ပဲနေတယ် - သရုပ်ဆောင် အိန္ဒြာကျော်ဇင်

စိတ်ကို အပူအပင် မထားဘူး။ အမြဲပျော်ပျော်ပဲနေတယ် - သရုပ်ဆောင် အိန္ဒြာကျော်ဇင်

သရုပ်ဆောင်ပိုင်းမှာရော ဖက်ရှင်ပိုင်းမှာပါ ပရိသတ်များ၏ အားပေးမှုများစွာကို ယနေ့တိုင်ပိုင်ဆိုင်ထားရဆဲဖြစ်သည့် သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်က သူမရဲ့ဖက်ရှင်နှင့်ပတ်သက်ပြီး ယခုလိုပဲပြောပြခဲ့သည်။

 

''အစ်မက ဖက်ရှင်ကို အရမ်းစိတ်ဝင်စားတယ်။ အခုနောက်ပိုင်းတော့ ဒီဇိုင်နာတော့၊ Stylist  တွေလည်းများလာတယ်။ ပွဲတွေ နောက် အနုပညာလှုပ်ရှားမှုတွေ ပြီးရင် ရိုက်ကွင်းမှာဖက်ရှင်အတွက်ဆိုရင် အစ်မရဲ့အစ်မဖြစ်တဲ့သူနဲ့တိုင်ပင်ပြီးတော့ လုပ် ဖြစ်တယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း အရမ်းစိတ်ဝင်စားတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုလည်းလုပ်ဖို့ စဉ်းစားထားတာတော့ရှိပါတယ်။ အခုတော့ မလုပ်ဖြစ်သေးပါဘူး။ သုဒြာထုတ်လုပ်ရေးကလည်း အစ်မရဲ့ကိုယ်ပိုင်စီးပွားရေးလို့ပြောလို့ရပါတယ်''ဟုဆိုသည်။ ကလေးနှစ်ယောက်မိခင်ဖြစ်သော်ငြား ကိုယ်ခန္ဓာအလှမပျက်သွယ်လျလှပနေခြင်းနှင့်ပတ်သက်ပြီးလည်း ယခုလိုပြောသည်။


''အစ်မက ပိန်တယ်ဆိုတာကလည်း မျိုးရိုးလိုက်တယ်လို့ပြောလို့ရတယ်။ အစ်မအမေဆိုလည်း ပိန်ပါတယ်။ အစားအသောက်ဆိုလည်း အစ်မစားတယ်။ ကြိုက်တယ်။ အဆီအဆိမ့်တွေတော့ မစားဖြစ်ပါဘူး။ ကိုယ်တိုင်ကလည်း မကြိုက်တာလည်းပါပါတယ်။ အစ်မက စိတ်လည်းအပူအပင်မထားပါဘူး။ အမြဲလည်းပျော် ပျော်ပဲနေပါတယ်''ဟု ပြောသည်။ ဆက်လက်ပြီး ၎င်းက လက်ရှိအနုပညာလှုပ်ရှားမှုများနှင့်ပတ်သက်ပြီးလည်း ယခုလိုပဲပြောပြခဲ့သည်။


''အခုလတ်တလောကတော့ ကြော်ငြာတွေရိုက်ဖြစ်တယ်။ နောက် ဓာတ်ပုံတွေရိုက်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေရိုက်ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုများပါတယ်။ ဗီဒီယိုဇာတ်ကားအနေနဲ့ကတော့ နေတိုးနဲ့ အခြားသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားတစ်ကား အခုတလောပိုင်းမှာ ရိုက်ထားတာရှိပါတယ်။ ပြီးတော့ ရုံမတင်ရသေးတဲ့ရုပ်ရှင်ဇာတ်ကားကြီး တွေက ၁၂ ကားလောက်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နောက်ဆုံးပြင်ဦးလွင်မှာ သွားရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ 'ကြိုးဖုန်း'ဆိုတဲ့ဇာတ်ကားကြီးပါ''ဟုဆိုသည်။ သူမ၏ သုဒြာထုတ်လုပ်ရေးမှလည်း ဇာတ်ကားများရိုက်ကူးသွားရန်ရှိကြောင်းနှင့် ယခုလတ်တလောတွင် ဇာတ်များကိုကြည့်ရှုနေပြီး အဆင်ပြေလျှင် ရိုက်ကူးသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။


KZYH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191