Main menu
HOT NEWS
adv
ရှစ်လေးလုံး အရေးအခင်းကို အခြေခံကာ ရိုက်ကူးမည့်'ဇာတိမြေ'ရုပ်ရှင် ဇာတ်ကားကြီးကို  ရှစ်လေးလုံး နှစ် ၃ဝ ပြည့်မတိုင်ခင် ရုံတင်ပြသမည် ဟုဆို

ရှစ်လေးလုံး အရေးအခင်းကို အခြေခံကာ ရိုက်ကူးမည့်'ဇာတိမြေ'ရုပ်ရှင် ဇာတ်ကားကြီးကို ရှစ်လေးလုံး နှစ် ၃ဝ ပြည့်မတိုင်ခင် ရုံတင်ပြသမည် ဟုဆို

ရန်ကုန်၊ သြဂုတ် ၁ဝ

ရှစ်လေးလုံး အရေးအခင်းအဖြစ်အပျက်များကို အခြေခံကာရိုက်ကူးမည့်'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကားကြီးကို ရှစ်လေးလုံး နှစ် ၃ဝ ပြည့်မတိုင်ခင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ 'ဇာတိမြေ'ရုပ်ရှင်ဇာတ် ကားကြီးကို ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကိုဦးတည်၍ mntv ရုပ်သံလိုင်းနှင့် JIB (Japan Internat- ional Broadcasting Inc.) တို့မှ ပူး ပေါင်းရိုက်ကူးခြင်းဖြစ်သည်။


''ဇာတိမြေရုပ်ရှင်ဇာတ်ကား ကြီးကို ဂျပန်-မြန်မာနှစ်နိုင်ငံချစ် ကြည်ရေးအနေနဲ့ရိုက်ကူးတာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ကူးတဲ့ အခါကျရင်လည်း ဂျပန်လူမျိုးနဲ့ မြန်မာ လူမျိုးတွေပဲ ပူးပေါင်းပြီးတော့ ရိုက်ကူးသွားမှာပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ရှစ်လေးလုံးအရေးအခင်း နှစ် ၃ဝ ပြည့်မတိုင်ခင်ရုံတင်ပြသ သွားဖို့အတွက်လည်း စီစဉ်နေပါတယ်။ ရိုက်ကူးတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတွေမှာ အဓိကသွားပြီး တော့ ရိုက်ကူးသွားမှာပါ''ဟု ရွှေသံလွင်မီဒီယာမှ mntv(Myanmar National TV) ဥက္ကဋ္ဌအကယ်ဒမီ ဒေါ်နန်းမောက်လောဝ်ဆိုင်(ခ) မမီးကပြောသည်။ 'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကား ကြီးကို ရိုက်ကူးရာတွင် ဂျပန်နိုင်ငံ၌ ၇ဝ ရာခိုင်နှုန်းရိုက်ကူးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၃ဝ ရာခိုင်နှုန်းသာရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ရုံတင်ပြသမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်လည်းပြသသွားမည်ဖြစ်ကာ နိုင်ငံ တကာရုပ်ရှင်ပွဲတော်များတွင်လည်း ပြသသွားမည်ဖြစ်သည်။


ယင်းဇာတ်ကားမှာ ၈၈ အရေးအခင်းအဖြစ်အပျက်များကို အခြေခံကာ မြန်မာလူမျိုးများ ဂျပန်နိုင်ငံ သို့သွားရောက်နေထိုင်ရာတွင်ဖြစ် ပေါ်လာသောအခြေအနေများ၊ လူငယ်တစ်ယောက်၏ဘဝအိပ်မက်ကိုအကောင်အထည်ဖော်ရန်ကြိုးစားရာမှဖြစ်ပေါ်လာသော အခက်အခဲများအစရှိသည်တို့ကို အခြေခံကာ ရိုက်ကူးမည်ဖြစ်ကြောင်းသိရသည်။ 'ဇာတိမြေ'ရုပ်ရှင်ဇာတ်ကား ကြီးရိုက်ကူးရာတွင် မြန်မာနိုင်ငံရှိ အထင်ကရနေရာများဖြစ်သော ရွှေတိဂုံဘုရား၊ အင်းလေးဖောင် တော်ဦးဘုရားပွဲတော်နှင့်မြန်မာအ စားအစာများအစရှိသည်တို့ကို အဓိကထားရိုက်ကူးမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်လည်း ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများ၊ ထင်ရှားသော ဂျပန်အစားအစာများအစရှိသည်တို့ကို ထည့်သွင်းရိုက်ကူးသွားမည်ဖြစ် ကြောင်းသိရသည်။


''ဒီဇာတ်ကားကြီးကို အစ်မတို့ရိုက်ကူးတဲ့အခါမှာ မြန်မာနိုင်ငံမှာဆိုရင် လူသိများထင်ရှားတဲ့နေရာတွေအကုန်လုံးနီးပါးကိုထည့်သွင်း ရိုက်ကူးမယ်။ ရှုခင်းအလှအပတွေ နောက်ပြီးတော့ လက်ဖက်ခင်းပေါ့ နော်။ ဂျပန်လူမျိုးတွေနဲ့မြန်မာ လူ မျိုးတွေက လက်ဖက်ကြိုက်တာချင်း တော့ အကြိုက်တူကြတယ်။ အဲဒီအ တွက် ဂျပန်နိုင်ငံမှာရှိတဲ့ လက်ဖက်ခင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်ခင်းတွေကိုလည်းထည့်သွင်းရိုက်ကူး သွားမယ်''ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။ 'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကား ကြီးကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ တာဝန်ယူရိုက်ကူးမည်ဖြစ်ပြီး သရုပ် ဆောင် ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်နှင့် ဂျပန်နိုင်ငံမှ သရုပ် ဆောင်အဆိုတော်တစ်ဦးမှလည်း အဓိက ပါဝင်ရိုက်ကူးသွားမည်ဖြစ် ကြောင်းသိရသည်။ 

 

NN

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191