Main menu
HOT NEWS
adv
ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုနိုင်မည့် Playlist အစီအစဉ် စတင်မိတ်ဆက်

ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုနိုင်မည့် Playlist အစီအစဉ် စတင်မိတ်ဆက်

ရန်ကုန်၊ သြဂုတ် ၁၁

မြန်မာနိုင်ငံ ရုပ်ရှင်သရုပ်ဆောင်များနှင့်အဆို တော်များကြည့်ရှုနေသော မြန်မာ ရုပ်ရှင်များ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို ပရိသတ်များက သိရှိနိုင်သည့်အပြင် လိုက်လံကြည့်ရှုနိုင်သည့် Playlist အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ကြောင်း သိရသည်။ iflix မှ ယင်းအစီအစဉ်တွင် ပါဝင်ပြီး ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုနေသော မြန်မာအနုပညာရှင် ၂၅ ဦးဖြင့် သြဂုတ် ၁ဝရက်က စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းအစီအစဉ်သုံးစွဲသူများသည် မိမိတို့ကြိုက်နှစ်သက်သော အနုပညာရှင်၏ လတ်တလော ကြည့် ရှုနေသော ရုပ်ရှင်ဇာတ်ကားများကိုသိရှိနိုင်မည်ဖြစ်ပြီး မိမိပါလိုက်လံ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရ သည်။


အဆိုပါအစီအစဉ်တွင် သရုပ် ဆောင် လူမင်း၊ သားညီ၊ ညီထွဋ် ခေါင်၊ ပိုင်ဖြိုးသု၊နန်းသူဇာ၊သျှားထွဋ် အိန္ဒြာ၊ ဆုမြတ်နိုးဦး၊ အောင်သူလွင်၊ မေပန်းချီ၊ မိုးယံဇွန်၊ မြနှင်းရည်လွင်၊ ဝင်းမင်းသန်း၊ နော်ထိုက်၊ဝင့်ယမုံ လှိုင်၊ ဝတ်ရည်၊ ရတနာဗိုလ်၊ ထွန်းထွန်းမင်း၊ ထွန်းကိုကို၊ ကျော်ဇင်မင်း၊ ဝေမင်းမောင်၊ ဂျေနော်တို့နှင့်အဆို တော်များဖြစ်သော ကျော်ထွဋ်ဆွေ၊ ဟဲလေး၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့ ပါဝင်ထား ကြောင်းသိရသည်။ သရုပ်ဆောင်ညီထွဋ်ခေါင်က ''ကျွန်တော် iflix က Playlist အစီအစဉ်ကို မိတ်မဆက်ခင်ကတည်းကသိပါတယ်။ ကျွန်တော်တို့ဇာတ် လမ်းတွဲလေး'ရွှေမိုးငွေမိုးသွန်းဖြိုး လို့ရွာ'ဇာတ်လမ်းတွဲကိုပြကြတော့ တွေ့တယ်။ ကျွန်တော်အဲဒီမှာအ ကောင့်လည်းဖွင့်ထားပါတယ်။ကျွန် တော်ဇာတ်ကားတွေလည်း ကြည့်ပါတယ်'' ဟုပြောသည်။


အဆိုပါအစီအစဉ်သုံးစွဲသူများအနေဖြင့် လစဉ်ကြေးပေးဆောင်ပြီး ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ဇာတ်ကားများ၊ မြန်မာရုပ်ရှင်ဇာတ်ကားများကို မိမိတို့၏ဖုန်း၊ လက်ပ်တော့၊ တက်ဘလက်၊ တီဗွီအစရှိသည်တို့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်ကို အသုံးပြုလိုသူများအနေဖြင့် Google Play (သို့) Apple App Store မှ www.iflix.com သို့ဝင်ရောက်ပြီး ချပေးထား သော အက်ပလီကေးရှင်းကိုဒေါင်း လုတ်လုပ်ကာ အကောင်ဖွင့်ကာအသုံး ပြုနိုင်မည်ဖြစ်ပြီး မိမိကြိုက်နှစ်သက် သောအနုပညာရှင်များ၏ အကောင့် ကို ရှာဖွေကာ အကန့်အသတ်မရှိ Follow  လုပ်ပြီးအသုံးပြုနိုင်မည်ဖြစ် ကြောင်းသိရသည်။


KZYH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191