Main menu
HOT NEWS
adv
တေလာဆွစ်ဖ် တရား စွဲဆိုခံထားရသည့် အမှုကို တရားသူကြီး ပလပ်

တေလာဆွစ်ဖ် တရား စွဲဆိုခံထားရသည့် အမှုကို တရားသူကြီး ပလပ်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၂

 

ရေဒီယိုအစီအစဉ်တင်ဆက်သူ ဒေးဗစ်မူလာက အဆိုတော်တေလာ ဆွစ်ဖ်ကို တရားစွဲဆိုထားသည့်အမှုအား ဒန်ဗာမြို့တရားသူကြီးက ပလပ်လိုက်သော်လည်း တန်ပြန်တရားစွဲသွားမည်ဟုသိရသည်။ ၂ဝ၁၃ ခုနှစ် ဇွန်လတွင်ပြုလုပ်ခဲ့သော ပရိသတ်တွေ့ဆုံပွဲတစ်ခုအတွင်း တေလာဆွစ်ဖ်ကို မဖွယ်မရာပြုလုပ်ခဲ့သည်ဟု လုံခြုံရေးအဖွဲ့၏ စွပ်စွဲခံခဲ့ရပြီးနောက် K- YGO ရေဒီယိုဌာနမှ အလုပ်ထုတ်ခံခဲ့သောကြောင့် နစ်နာကြေးဒေါ်လာသုံးသန်းကို မူလာက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ခရိုင်တရားသူကြီး ဝီလီယမ်မာတီနက်ဇ်က ထိုတရားစွဲဆိုမှုကိုထောက်ပံ့ပေးမည့် သက်သေလုံလောက်မှုမရှိကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။


မူလာသည် တေလာဆွစ်ဖ်ကို တိုက်ရိုက်အပြစ်တင်ထားသော်လည်း တရားသူကြီးက ''မဟုတ်တဲ့လူတွေကို မဟုတ်မမှန်တာတွေနဲ့ တရားစွဲ ဆိုခဲ့တဲ့အတွက် ဖြေရှင်းဖို့ဟာတော့ မဖြစ်နိုင်ပါဘူး''ဟု ပြောဆိုခဲ့သည်။  မူလာသည် နစ်နာထိခိုက်ခဲ့ရမှုနှင့်အနာဂတ်အတွက် ဝင်ငွေဆုံးရှုံးမှုအတွက် တရားစွဲဆိုခဲ့သော်လည်း တရားစွဲဆိုမှုမှာ ခိုင်မာမှန်ကန်ခြင်း မရှိကြောင်း တရားသူကြီးက အမိန့်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။ အသက်၂၇ နှစ်အရွယ် တေလာဆွစ်ဖ်ကိုယ်တိုင်က အမှုကို ရှင်းလင်းခဲ့ပြီးဖြစ်သော်လည်း ၎င်း၏မိခင်အန်ဒရီယာနှင့် စီမံခန့်ခွဲရေးအဖွဲ့တို့ကြားမှ အမှုမှာဆက်လက်ရှိနေဆဲဖြစ်သည်။ တစ်ဖန် တေလာဆွစ်ဖ်ကလည်း အဆိုပါ ဒီဂျေသည် ပရိသတ်တွေ့ဆုံပွဲချိန်အတွင်း တမင်ရည်ရွယ်ကာ မဖွယ်မရာလုပ်ဆောင်ခဲ့သည့်အတွက် ဒေါ်လာတစ်သန်းနစ်နာကြေး ပြန်လည်တောင်းခံခဲ့သည်။

 

Ref : contactmusic

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191