Main menu
HOT NEWS
adv
The Chainsmokers အဖွဲ့နဲ့ သီချင်း ပူးပေါင်း ဖန်တီးထားတဲ့ BTS အဖွဲ့

The Chainsmokers အဖွဲ့နဲ့ သီချင်း ပူးပေါင်း ဖန်တီးထားတဲ့ BTS အဖွဲ့

ဆိုးလ်၊ စက်တင်ဘာ ၁၁

နာမည်ကျော် ကိုရီးယားအဆို တော်အဖွဲ့ဖြစ်သည့် BTS ၏ အယ်လ်ဘမ်အသစ်တွင် အမေရိကန်အီလက်ထရိုအဖွဲ့တစ်ခုဖြစ်သည့် The Chainsmokers နှင့်အတူ ပူးတွဲထုတ်လုပ်ထားသော သီချင်းတစ်ပုဒ်ပါဝင်မည်ဖြစ်ကြောင်း BTS ၏ ကုမ္ပဏီက စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ BTS  အဖွဲ့ဝင် ရက်ပ်ပါများနှင့် အမေရိကန်အဖွဲ့မှ Andrew Taggart တို့သည် နွေးထွေးသောသံစဉ်နှင့်စွမ်းအင်များပါသော EDM အမျိုးအစားသီချင်းဖြစ်သည် "Best of Me" သီချင်းကို အတူတူဖန်တီး ခဲ့ကြခြင်းဖြစ်ကြောင်း Big Hit  အင်တာတိန်းမန့်က ပြောကြားခဲ့သည်။


အဆိုပါသီချင်းသည် လာမည့်သီတင်းပတ်တွင် ထွက်ရှိတော့မည့် "Love Yourself: Her" အမည်ရှိ မီနီအယ်လ်ဘမ်တွင် ပါဝင်လာမည် ဖြစ်သည်။ ၎င်းတို့အဖွဲ့နှစ်ခုလုံးသည် ပြီးခဲ့သည့်မေလတွင် BTS အဖွဲ့ ထိပ်တန်းလူမှုအနုပညာရှင်ဆုရရှိခဲ့ပြီး လတ်စ်ဗီးဂတ်စ်မြို့  T-Mobile Arena တွင်ပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် Billboard Music Awards ဆုပေးပွဲတွင် ပထမဆုံးဆုံတွေ့ခဲ့ကြသည်။ ထိုအချိန်တွင် အမေရိကန်အဖွဲ့က ၎င်းတို့၏ တရားဝင်တွစ်တာစာမျက်နှာတွင် BTS အဖွဲ့နှင့်အတူ ရိုက်ကူးထားသည့်ဓာတ်ပုံတစ်ခုကိုတင်ခဲ့ပြီး ''ဒီကောင်တွေကို သဘောကျတယ်။ နောက်နှစ်နွေကျရင် တွေ့ ကြမယ်''ဟု ရေးသားခဲ့သည်။


The Chainsmokers အဖွဲ့ သည် ၂ဝ၁၄ခုနှစ်တွင် ထွက်ရှိခဲ့သည့် Selfie သီချင်းဖြင့် အောင်မြင်မှုများ ကိုရရှိခဲ့ပြီး ပြီးခဲ့သောနှစ်တွင် Closer သီချင်းဖြင့် Billboard Single  ဂီတဇယားတွင် နံပါတ်တစ်နေရာ၌သီ တင်းပတ် ၁၂ ခုကြာရပ်တည်ခဲ့သည်။ ၎င်းတို့အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နှောင်းပိုင်းမှာ ဘူဆန်မြို့နှင့် စက်တင်ဘာ ၁၂ရက်တွင် ဆိုးလ်မြို့၌ ဖျော်ဖြေပွဲတစ်ခုပြုလုပ်ရန်စီစဉ်ထားသည်။

 

Ref: Yonhap

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191