Main menu
HOT NEWS
adv
'မင်းသားလည်းမဟုတ်၊ လူကြမ်းလည်းမဟုတ်ပါဘူး၊ သရုပ်ဆောင်တစ်ယောက်ပါ' သရုပ်ဆောင် အောင်ခိုင်

'မင်းသားလည်းမဟုတ်၊ လူကြမ်းလည်းမဟုတ်ပါဘူး၊ သရုပ်ဆောင်တစ်ယောက်ပါ' သရုပ်ဆောင် အောင်ခိုင်

သရုပ်ဆောင်လုပ်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်ရှိလာပြီဖြစ်တဲ့ စွယ်စုံရ သရုပ်ဆောင် အောင်ခိုင်နှင့်တွေ့ ဆုံခိုက် ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါ သည်။

မေး- ကိုယ်တိုင်လည်းသရုပ်ဆောင် လုပ်လာတာကြာပြီဆိုတော့ သက် တမ်းတစ်လျှောက်မှာကိုယ့်ကိုယ် ကိုယ်အားရကျေနပ်မှုတွေရှိလား။
ဖြေ- အနုပညာသမားဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် အားရတယ်ဆိုတာ တော့မရှိပါဘူး။ ကျွန်တော်အနုပညာ အလုပ်တွေလုပ်နေတာနှစ်ပေါင်း ၄ဝ ကျော်လာပါပြီ။ တစ်ခါမှကိုယ် လုပ်တဲ့အလုပ်တွေအားရတယ် ဆို တာမရှိသေးပါဘူး။ အခုအချိန်အ ထိလည်းသင်ယူနေဆဲဖြစ်ပါတယ်။ အနုပညာသမားဆိုတာ ကိုယ့်ကိုပေး လာတဲ့ကာရိုက်တာကို တူအောင် သရုပ်ဆောင်ရတယ်။ နောက်အပြင် မှာရှိနေတဲ့တကယ့်ပတ်ဝန်းကျင်ရဲ့ အကြောင်းတရားတွေကို ပုံဖော်ပေးရ တာဖြစ်ပါတယ်။ ကိုယ်လုပ်ရမယ့် ကာရိုက်တာကို အကောင်းဆုံးဖြစ် အောင်လုပ်တယ်။ ကိုယ်ရိုက်ထား တဲ့ကာရိုက်တာကို ကျေနပ်လားဆို ရင်မကျေနပ်ပါဘူး။ အမြဲတမ်းကိုယ် ကသင်ယူနေရတယ်လို့သတ်မှတ် ထားပါတယ်။

မေး- သရုပ်ဆောင်အသစ်တွေနဲ့ တွဲဖက်ရိုက်ကူးတာတွေတွေ့ရတယ် နော်။
ဖြေ- ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ရင်အချို့သောသူတွေက သရုပ်ဆောင်အလုပ်ကို တကယ်ကိုဝါသနာပါလို့ အစစအရာရာလေ့လာတယ်။ ဖောင် ဒေးရှင်းကိုခိုင်အောင်လုပ်ကြတယ်။ ကိုယ့်အလုပ်အပေါ်မှာ မျှော်လင့်ချက် မထားဘဲ ရည်ရွယ်ချက် ကြီးကြီးနဲ့ဝင် လာကြတယ်။ တကယ်တော်ကြတယ်။ အချို့ကတော့ ပိုက်ဆံပေး ရိုက်တယ်။ ရုပ်ရှင်ဆိုတာပိုက်ဆံပေး ရိုက်ရင် လွယ်ပါတယ်ဆိုပြီးဝင်လာတဲ့ သူတွေပေါ်ပြူလာဖြစ်ချင်လို့ဝင်လာ တဲ့သူတွေကြောင့်လည်းရှိပါတယ်။ အဲဒီလို လူတွေကြောင့် လည်း ဒီ လောကကပျက်စီးနေတာ ဖြစ်ပါတယ်။ နားလည်အောင် လေ့ လာသင့်ပါတယ်။ ဒီဘက်ခေတ်မှာ အဝင်လွယ်ပါတယ်။ ဘယ်သူကိုမှ လည်း မပုတ်ခတ်ပါဘူး။ မော်ဒယ်ရှိုး တစ်ခုမှာနာမည်ရသွားပြီဆိုရင် ဒီ ဘက်က ငါးစာချချင်တဲ့ ပရိုဂျူဆာ တွေက သရုပ်ဆောင်အဖြစ်ခေါ် ရိုက်လိုက်ပါတယ်။ တစ်ကားနှစ် ကားလောက်ရိုက်ပြီးရင် စိတ်ကြီး တွေဝင်ပြီးပြန်ထွက်သွားတာဘယ် သူမှမသိလိုက်ဘူး။ အဲဒီလိုမျိုးတွေ လည်းရှိပါတယ်။ ကျွန်တော်တို့အရင် ကရုပ်ရှင်ဇာတ်ကားကြီးတွေက ဖလင် နဲ့ရိုက်တာဆိုတော့မှားသွားရင်ပြင် ဖို့ခက်တယ်။ အရုပ်တွေလည်း ပြန် ကြည့်လို့မရပါဘူး။ အခုတော့ ကတ်နဲ့ရိုက်တာဆိုတော့မကြိုက်တာကို ကြည့်ပြီးတော့ပြန်ရိုက်လို့ရတယ်။ အရင်ကရိုက်တဲ့သူတွေက ကျွန်တော် တို့ကိုယ်တိုင်လည်း ရီဟာဇယ်ဆိုတာ ကို အကြိမ်ပေါင်းများစွာလုပ်ရတယ်။ ဒီဘက်ခေတ်ကအချို့သောကလေး တွေကအဲဒီအလုပ်ကိုအပိုလုပ်တယ် လို့မှတ်ထားပါတယ်။

မေး- ကာရိုက်တာပိုင်းနဲ့ပတ်သက် ပြီးဘယ်လိုရွေးချယ်လဲ။
ဖြေ-ကျွန်တော်ဘယ်ကာရိုက်တာ မဆိုသရုပ်ဆောင်ပါတယ်။ အခြောက်၊ ဟာသ၊ လူကြမ်းအကုန်လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကသရုပ်ဆောင်တစ်ယောက်မို့လို့ ပါ။ မင်းသားလည်းမဟုတ်လူကြမ်း လည်းမဟုတ်ပါဘူး သရုပ်ဆောင် တစ်ယောက်ဖြစ်နေလို့ပါ။ ဘယ်ကာ ရိုက်တာလာလာ ကျွန်တော်သရုပ် ဆောင်ပါတယ်။        

KZYH, DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191