Main menu
HOT NEWS
adv
အနုပညာရှင်ဆိုတာ ပရိသတ်အားလုံးရဲ့ ဝေဖန်ဒဏ်ခံနိုင်ရည်ရှိရမယ်ထင်တယ် - မေဆူးမောင် , ကိုယ့်မှာ ပရိသတ်တစ်ယောက်ပဲရှိရှိ အကောင်းဆုံးကြိုးစားမယ် - ယွန်းမှီမှီကျော် , နောက်ထပ်ပြိုင်ပွဲတွေပြိုင်ဖို့ မသေချာဘူး - ထက်ဦးထွဋ်

အနုပညာရှင်ဆိုတာ ပရိသတ်အားလုံးရဲ့ ဝေဖန်ဒဏ်ခံနိုင်ရည်ရှိရမယ်ထင်တယ် - မေဆူးမောင် , ကိုယ့်မှာ ပရိသတ်တစ်ယောက်ပဲရှိရှိ အကောင်းဆုံးကြိုးစားမယ် - ယွန်းမှီမှီကျော် , နောက်ထပ်ပြိုင်ပွဲတွေပြိုင်ဖို့ မသေချာဘူး - ထက်ဦးထွဋ်

ဒီတစ်ပတ် 8days Cover ကို ပရိသတ်အတွက် အပြောင်းအလဲ လေးဖြစ်သွားအောင်  YANGON WATER BOOM မှာ ထက်ဦးထွဋ်၊ ယွန်းမှီမှီကျော်၊ မေဆူးမောင်တို့နဲ့ အတူ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ Cover ရိုက်ကူးခွင့်ပေးတဲ့ YANGON WATER BOOM မှ တာဝန်ရှိသူ များ၊ မိတ်ကပ်ပညာရှင် လင်းလင်း ( Make up Artist) နဲ့ ဓာတ်ပုံ Kan Su Ho တို့ကို ကျေး ဇူးတင်ပါတယ်။

Cover Star
Htet Oo Htut, Yoon Mhi Mhi Kyaw, May Sue Maung
Photo - Kan Su Ho(Black & White), Make-up - Linn Linn(Make-up Artist),
Location - YANGON WATERBOOM
ကလောင် - မိုးထက်ကျော်


ထက်ဦးထွဋ်
Q. လတ်တလော အနုပညာ လှုပ်ရှားမှု....
ထက် - ကျွန်တော် Show  တွေလျှောက်ဖြစ်တယ်။ မဂ္ဂဇင်း အတွက် ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ြွှဠ တွေ ရိုက်ဖြစ်တယ်။
Q. ကားရိုက်ဖို့အစီအစဉ်ရှိ လား။
ထက် - ကားရိုက်ဖို့အစီအစဉ် ရှိပါတယ်။ အနုပညာဝမ်းစာပြည့် အောင် အရင်ဆုံးကြိုးစားပြီးမှ လက် ခံသွားဖို့ရှိပါတယ်။
Q. ကိုရီးယားမှာ Face of Myanmar 2017 ပြိုင်တဲ့အတွေ့ အကြုံက....
ထက် - Face of Myanmar က မြန်မာနိုင်ငံမှာလည်း ပွဲကောင်း တစ်ပွဲဖြစ်တယ်။ ကိုရီးယားမှာလည်း ကြီးကျယ်ခမ်းနားတဲ့ပွဲဖြစ်တယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံလောက်ရှိ တယ်။ သူတို့နဲ့ပေါင်းသင်းဆက်ဆံမှု၊ ဟိုမှာနေပုံထိုင်ပုံအတွေ့အကြုံ၊ လူမှု ရေးနဲ့အဝတ်အစားဝတ်တဲ့ အတွေ့ အကြုံတွေ ရရှိခဲ့ပါတယ်။ Donganmiso Oriental Medical Center Sponsor Award Title ဆု တစ်ခုရခဲ့ပါတယ်။ မော် ဒယ်လ်လောကမှာ Mister  နဲ့ Model  ကွဲပြားသွားတဲ့အတွေ့ အကြုံတစ်ခုရခဲ့ပါတယ်။

Q. Mister  လောကကို ဘယ် လိုမြင်လဲ။
ထက် - အခုနောက်ပိုင်းပွဲတွေ လည်း များလာတယ်။ ဒီလိုပွဲတွေ များလာတဲ့အတွက် နိုင်ငံကိုယ်စားပြု Mr. တွေ များလာတယ်။ သွားယှဉ် ပြိုင်တဲ့အခါကျရင်လည်း ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တိုက်တွန်းချင်ပါတယ်။
ှQ. ဒီနိုင်ငံမှာMiss  တွေက Mr. တွေထက် အခွင့်အရေးပိုရ တယ်လို့ ပြောကြတယ်။ အဲဒီအပေါ် အမြင်က....
ထက် - ဒီဟာက ကျွန်တော့် အနေနဲ့ ပြောရရင် ပွဲလုပ်တဲ့ပုံစံပေါ့။ Miss  တွေကျတော့လည်း ဘာပဲ ပြောပြော လူအများက စိတ်ဝင်စား ကြတယ်။ ပြီးတော့ Mr. ပွဲနဲ့ Miss  ပွဲတွေမှာ  Miss  ပွဲတွေဆိုရင် ကျွန် တော်တို့ ရုပ်သံလိုင်းတွေကအစ Live လွှင့်တာတွေ ဘာတွေရှိတယ်။ ကျွန်တော်တို့ Mr. ပွဲတွေက အဲဒီလို မျိုးလုပ်တဲ့ဟာ နည်းနေတယ်။ အဓိက အဲဒါကွာခြားမှုလို့ထင်ပါ တယ်။

Q. နောက်ထပ် Mr. ထပ်ပြိုင် ဖို့အစီအစဉ်ရှိလား။
ထက် - နောက်ထပ်တစ်ပွဲပြိုင် ဖို့ သိပ်မသေချာသေးဘူး။

ယွန်းမှီမှီကျော်
Q. လတ်တလောအနုပညာ လှုပ်ရှားမှု....
ယွန်း - မဂ္ဂဇင်းအတွက် ဓာတ် ပုံရိုက်ဖြစ်တယ်။ Show  တွေ လျှောက်ဖြစ်နေတယ်။

Q. Miss ပွဲထပ်ပြိုင်ဖို့အစီအ စဉ်ရှိလား။
ယွန်း - Miss Universe Myanmar ပြိုင်ဖို့ရှိတယ်။ ဒီနှစ်က မပြိုင်ဖြစ်လိုက်ဘူး။ နောက်နှစ်ပြိုင် ဖို့ ယွန်းမှီ စဉ်းစားထားတယ်။

Q. ဘာတွေပြင်ဆင်ထားလဲ။
ယွန်း - အဓိက ညီမပြင်ဆင် တာ Body  ကို ပြင်ဖို့လိုတယ်။ GYM  ကို သေချာပြန်ဆော့ပြီးမှ ပြိုင်မယ်။ ပြိုင်ပွဲဝင်ပြိုင်မယ်ဆိုရင် အကုန်လုံးအဆင်သင့်ဖြစ်မှပြိုင်တာ ပိုကောင်းတယ်။

Q. စင်ပေါ်မှာဖြေရမယ့် Question & Answer တွေ အတွက် ဘယ်လိုပြင်ဆင်ထားလဲ။
ယွန်း - ဒါက တကူးတကကြီး ပြိုင်ပွဲပြိုင်တော့မှ ပြင်ဆင်တာထက် ယွန်းမှီတို့က နေ့တိုင်းသွားလာလှုပ် ရှားနေတဲ့ သာမန်လူတစ်ယောက်ပဲ။ Knowledge  တွေက အမြဲတမ်း လေ့လာလို့ရနေတာပဲ။ အဲဒီတော့ ပြိုင်ပွဲပြိုင်တော့မှာမို့လို့ ဒီမေးခွန်း တွေကို လေ့လာတယ်ဆို တာထက် ကိုယ်နေ့စဉ်လှုပ်ရှားမှုမှာ ဗဟုသုတ တွေအများကြီး ရှာလို့ရပါတယ်။ လေ့လာလို့ရပါတယ်။

Q. ကိုယ့်ရဲ့အဓိကဝါသနာပါ တာဆို ဘာဖြစ်မလဲ။
ယွန်း - ယွန်းမှီ အဓိက Modelling  လုပ်တာကိုပဲ ဝါသနာ ပါတယ်။

Q. အနုပညာအပေါ်ထားတဲ့ ယွန်းမှီရဲ့ခံယူချက်က ဘယ်လိုလဲ။
ယွန်း - ကိုယ့်မှာ ကိုယ့်ကိုအား ပေးတဲ့ပရိသတ်တစ်ယောက်ပဲရှိရှိ အဓိကအကောင်းဆုံးကြိုးစားပြီးတော့ ရှေ့ဆက်သွားမယ်။ အဲဒီအတွက် ရလဒ်က ကိုယ်ကြိုးစားရင် ကြိုးစား သလို အရာထင်မှာပဲလေ။ အဲဒီလို မျိုး အနုပညာအပေါ် ခံယူထားပါ တယ်။

Q. ပရိသတ်ကို ပြောချင်တာ။
ယွန်း - ပရိသတ်ကြီး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။ ယွန်းမှီကို ဝေဖန်စရာ ရှိရင်၊ အကြံပြုချင်တာရှိရင် အကြံ ပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

 

မေဆူးမောင်
Q. လတ်တလောအနုပညာ လှုပ်ရှားမှု...
မေ - ညီမရဲ့ ဒုတိယမြောက် ရုပ်ရှင်ကား ''တိုးကျော်မန်းနဲ့နန်းဆန် တဲ့ရွာ''ရိုက်ဖို့ရှိတယ်။ ကာရိုက်တာက ရွာမှာ မိန်းမလှတွေ အများကြီးရှိ တယ်။ အဲဒီထဲက ရွာသူတစ် ယောက်ပါ။ ကာရိုက်တာက ညီမ အတွက် လုပ်ကွက်ရှိလို့ လက်ခံ လိုက်တာပါ။

Q. ''ည''ကားကို ပရိသတ်စိတ် ဝင်စားတဲ့အပေါ် Feeling ....
မေ - ဒီကားမှာ အသစ်တွေ ချည်းပဲဖြစ်ပေမယ့် အောင်မြင်သွား တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီကားမှာ အရမ်း mood  တွေထည့် ခဲ့ရတယ်။ ၂၄ နာရီလုံးရိုက်ရတဲ့ ရက်တွေလည်းရှိတယ်။ အရမ်းကြိုး စားခဲ့ရတယ်။ ညီမဆို အမြဲငိုနေရ တော့ စိတ်ပင်ပန်းမှုရှိတယ်။ ဒါပေမဲ့ ရလဒ်ကောင်းတဲ့အတွက် ကျေနပ်ပါ တယ်။

Q. 8DAYs  နဲ့ဆုံရင် အမြဲတမ်း စုံတွဲဓာတ်ပုံတွေချည်းပဲဖြစ်နေတတ် တယ်နော်။
မေ - ဟုတ်တယ်။ တချို့ Cover တွေဆို တစ်ယောက်တည်း ရိုက်ဖြစ်တာများတယ်။ 8days ပထမတစ်ခေါက် Cover ရိုက်တုန်း ကလည်း ကောင်မလေးတစ် ယောက်၊ ကောင်လေးတစ်ယောက် နဲ့ အတွဲပဲ။ အခုလည်း Cover ရိုက် တော့လည်း သုံးယောက်တွဲဖြစ်နေ တယ်။

ှQ သရုပ်ဆောင်တွေ၊ မော် ဒယ်လ်တွေ အများကြီးထဲကမှ ကိုယ့် နာမည်ကျန်အောင် ကိုယ့်ဘက်က ဘယ်လိုအားစိုက်မှုတွေလုပ်မလဲ။
မေ - အဲဒီအတွက် အများကြီး လိုအပ်တယ်။ ကောင်မလေးတွေ အခုဆို ချောချောလှလှတွေအကုန် ပေါ်လာတယ်။ အကုန်လုံးက အရည်အချင်းလေးတွေရှိကြတယ်။ အဲဒီအတွက် အများကြီးကြိုးစားရ တယ်။ ညီမတို့ဆိုလည်း သရုပ် ဆောင်ပိုင်း လိုအပ်တာတွေ အများ ကြီးပြုပြင်ပြီးမှ ဒီသရုပ်ဆောင်ဘက် ကို လိုင်းကူးတာပါ။ လိုင်းကူးဖို့ဆို တာလည်း အချိန်တွေ အများကြီး ပေးရတယ်။ နှစ်နဲ့ချီပြီးပေးရပါတယ်။

Q.Facebook  ပေါ်မှာ ဝေဖန် တဲ့ Comment  တွေအပေါ် ဘယ် လို ပြန်တုံ့ပြန်လဲ။
မေ - Comment  တွေက ညီမ တို့မှမဟုတ်ဘူး။ ညီမတို့ထက် အောင်မြင်တဲ့အနုပညာရှင်တွေဆို လည်း မှားမှားမှန်မှန် ဝေဖန်ခံရ တယ်။ တိုက်ခိုက်ခံရတယ်။ အနု ပညာရှင်တစ်ယောက်ဖြစ်လာပြီဆို ရင် ပရိသတ်အားလုံးရဲ့ဝေဖန်တဲ့ ဒဏ်ကိုခံနိုင်ရည်ရှိရမယ်လို့ ညီမ ထင်မိတယ်။

Q. ပရိသတ်ကို ပြောချင်တာ များရှိရင်...
မေ - ပရိသတ်ကြီး ညီမကို အမြဲတမ်းဝေဖန်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191