Main menu
HOT NEWS
adv
ဆောင်းဟေဂိုနှင့် လက်ထပ်ပွဲကြောင့် ဒရာမာ ရိုက်ကူးရေး ကမ်းလှမ်းချက်ကို ဆောင်းဂျွန်ကီ ငြင်းပယ်

ဆောင်းဟေဂိုနှင့် လက်ထပ်ပွဲကြောင့် ဒရာမာ ရိုက်ကူးရေး ကမ်းလှမ်းချက်ကို ဆောင်းဂျွန်ကီ ငြင်းပယ်

ဆိုးလ်၊ စက်တင်ဘာ ၁၃ 

ကိုရီးယားမင်းသား ဆောင်းဂျွန်ကီသည် မကြာမီရိုက်ကူးတော့မည့်ရုပ်ရှင်နှင့် ဒရာမာများတွင် သရုပ် ဆောင်ရန် ကမ်းလှမ်းချက်များစွာကို ငြင်းပယ်ခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်တွင်သိရသည်။ ၎င်းတို့ထဲမှတစ်ခုမှာ အမေရိကန်ဖျော်ဖြေရေး ကုမ္ပဏီ Netflix  မှ ထုတ်လုပ်မည့် Kingdom ဒရမ်မာဖြစ်သည်။ ယင်းကဲ့သို့ကမ်းလှမ်းချက်များကို ငြင်းပယ်လိုက်ရခြင်းမှာ အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်မည့် မင်းသမီး ဆောင်းဟေဂိုနှင့် လက်ထပ်ပွဲအတွက် အာရုံစိုက်လုပ်ဆောင်ရန် ဖြစ်သည်ဟုဆိုသည်။


အဆိုပါငြင်းပယ်မှုနှင့်ပတ်သက်၍ ဆောင်းဂျွန်ကီ၏ စီမံခန့်ခွဲရေးကုမ္ပဏီ Blossom  အင်တာတိန်းမန့်က မင်းသားအနေဖြင့် Netflix ၏ Kingdom  ဒရမ်မာကို ငြင်းပယ်ရန် နောက်ဆုံးဆုံးဖြတ်ချက်ချခဲ့ကြောင်းနှင့် နောက်ထပ်ရိုက်ကူးမည့်ရုပ်ရှင် ဇာတ်လမ်းများနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။ Kingdom ရုပ်ရှင်၏ ထုတ်လုပ်ရေးအဖွဲ့က ဇာတ်ဆောင်ရွေးချယ်မှုကိုအပြီးသတ်ပြီးပါက ရိုက်ကူးရေးကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


စက်တင်ဘာလတွင် ပြုလုပ်မည့်ရိုက်ကူးရေးကို ရက်ရွှေ့ဆိုင်းထားပြီး ပိုမိုကောင်းမွန်သောအရည် အသွေးထွက်ရှိစေရန်အတွက် လုပ် ဆောင်သည့်အနေဖြင့် အောက်တိုဘာလနောက်ပိုင်းမှသာ ရိုက်ကူးရေးကို စတင်နိုင်လိမ့်မည်ဟုဆိုသည်။  ရာနှုန်းပြည့်ရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသမည့် Kingdom ဒရမ်မာ ကို ၂ဝ၁၆ခုနှစ်တွင် tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့ပြီး အောင်မြင်ခဲ့သော ဒရမ်မာတစ်ခုဖြစ်သည့ှ်Single ကို ရေးသားခဲ့သူ နာမည်ကျော်စာရေး ဆရာမကင်အွန်ဟီးက ရေးသားပေးထားခြင်းဖြစ်သည်။

 

Ref: hellokpop

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191