Main menu
HOT NEWS
adv
ဟာရီကိန်း ပြန်လည်ထူထောင်ရေး  ပရဟိတ အစီအစဉ်အတွက် ကမ္ဘာကျော်များ ပါဝင်

ဟာရီကိန်း ပြန်လည်ထူထောင်ရေး ပရဟိတ အစီအစဉ်အတွက် ကမ္ဘာကျော်များ ပါဝင်

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၃

စက်တင်ဘာ ၁၂ရက်က ထုတ်လွှင့်ခဲ့သော ဟာရီကိန်းဟာဗေးနှင့် အာမာတို့ဒဏ်ကို ခံစားခဲ့ရသူများ နှင့် အသက်ရှင်ကျန်ရစ်ခဲ့သူများအတွက် ရန်ပုံငွေရှာဖွေရေးပရဟိတအစီအစဉ်တွင် ဟောလိဝုဒ်နာမည် ကျော်ကြားသူများ ပါဝင်ခဲ့ကြကြောင်းသိရသည်။ ဂျော့ခ်ျကလူးနေး၊ ဂျူလီယာရောဘတ်၊ လီယိုနာဒို ဒီကာပရီယို၊ မက်သရူးမက်ကာနာဟေး၊ တွမ်ဟန့်စ်၊ ဘီယွန်းစေး၊ ဂျက်စတင်ဘီဘာနှင့် ဒယ်မီလိုဗာတိုတို့အပါအဝင် နာမည်ကျော်ကြားသူများသည် “Hand in Hand” ရုပ်သံအစီအစဉ်တွင် စိတ်ခွန်အားပေးသည့် သီချင်းများကိုလည်း သီဆိုခဲ့ကြပြီး မုန်တိုင်းဒဏ်ကိုခံစားခဲ့ရသည် အသက်ရှင်ကျန်ရစ်သူများ၏ အတွေ့ အကြုံကိုလည်း ဝေမျှခဲ့ကြသည်။


နိုင်ငံတစ်ဝန်း၊ ကေဘယ်လ်၊ ရုပ်သံနှင့် ဒစ်ဂျစ်တယ်မီဒီယာများ မှထုတ်လွှင့်ခဲ့သည့် တစ်နာရီကြာ မြင့်ခဲ့သောအစီအစဉ်မှ ဒေါ်လာ ၁၄သန်းကျော် ကောက်ခံရရှိခဲ့သည်။ အဆိုပါဖျော်ဖြေပွဲအတွင်း Apple ကုမ္ပဏီက ဒေါ်လာငါးသန်းလှူဒါန်းခဲ့သည်။ ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သည့်အဆိုတော်ဘီယွန်းစေးက နှစ် ပေါင်း ၅ဝ အတွင်း အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်း ဟာဗေးတိုက် ခတ်ပြီးနောက် ၎င်း၏ မွေးရပ်မြို့ ဟူစတန်တွင် ထောက်ပံ့ရေးပစ္စည်း များ အရေးပေါ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။  အမေရိကန်နိုင်ငံအရှေ့ပိုင်း နယူးယောက်မှသည် အလယ်ပိုင်း နက်ရှ်ဗီလီမြို့ကိုဖြတ်ကာ အနောက်ပိုင်းရှိ လော့စ်အိန်ဂျလိစ်မြို့အထိ ထုတ်လွှင့်ခဲ့သည့် ယင်းအစီအစဉ်တွင် အဆိုတော်စတိဗ်ဝန်းဒါးက “Lean On Me” သီချင်းကို သီဆို ဖျော်ဖြေခဲ့ပြီး တွမ်ဟန့်စ်၊ ဘာဘရာ စတီဆန်နှင့် Cher တို့သည် ၎င်းတို့ ၏ဖုန်းရုံများမှတစ်ဆင့် လက်ခုပ်တီး အားပေးခဲ့ကြသည်။ နက်ရှ်ဗီလီမြို့ မှ ရိစ်ဝှစ်သာစပွန်းနှင့် နီကိုးလ်ကစ်မန်းတို့သည်လည်း မိခင်၏အသက်မဲ့ခန္ဓာကိုယ်ကိုဖက်တွယ်ပြီး အသက်ရှင်ခဲ့သည့် မိန်းကလေးငယ် အကြောင်း ပြောပြခဲ့သလို R&B အဆိုတော် အာရှာနှင့် ကျေးလက် ဂီတအဆိုတော် ဘလိတ်ခ်ရှယ်လ်တန်တို့က “Stand By Me" သီချင်းကို အတူတူသီဆိုခဲ့သည်။

 

Ref: Reuters

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191