Main menu
HOT NEWS
adv
'ရုပ်ရှင်ရုံတွေသာ များလာမယ်ဆိုရင် ပြသရေးစနစ်ရော၊ ရုံရှင် ကားရှင် စနစ်ရော အဆင်ပြေသွားမှာပါ'' ဦးလူမင်း

'ရုပ်ရှင်ရုံတွေသာ များလာမယ်ဆိုရင် ပြသရေးစနစ်ရော၊ ရုံရှင် ကားရှင် စနစ်ရော အဆင်ပြေသွားမှာပါ'' ဦးလူမင်း

ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံများကြောင့်ဖြစ်ပေါ်နေ သော ရုပ်ရှင်ဇာတ်ကားများရုံတင် ပြသမှုစနစ်များ၊ ရုပ်ရှင်ရုံများနည်း ပါးခြင်းပြဿနာများနှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အခုလို ပဲ ပြောပြခဲ့ပါတယ်။ ''ရုပ်ရှင်ရုံတွေနဲ့ပတ်သက်ပြီး တော့ပြောရမယ်ဆိုရင် အရင်ရုပ်ရှင်ရုံတွေကတော့ ပြန်ကြားရေးဝန် ကြီးဌာနက ပိုင်တဲ့ရုပ်ရှင်ရုံတွေကို သူ့တို့ငှားရမ်းထားခဲ့တာတွေကပဲ ဂို ဒေါင်ဖြစ်တာတွေဘာတွေကို ကျွန်တော်တို့ဘက်ကနေပြီးတော့ သူ့တို့ကို အပူတပြင်းကိုတိုက်တွန်းထားပါတယ်။ အဲဒါကြောင့် သူ့တို့ဘက်ကနေပြီးတော့လည်း ဒီလထဲမှာပဲ ရုပ်ရှင်ရုံအဖြစ်ငှားရမ်းပြီးတော့  ရုပ်ရှင်ရုံမ ဆောက်တဲ့မြို့တွေ နယ်တွေက ရုံ တွေကိုတရားစွဲဆိုဖို့တွေလည်းလုပ် နေပါပြီ။ ဒါကတော့ ပြန်ကြားရေး ဝန်ကြီးဌာနက လုပ်ဆောင်ပေးနေ တဲ့အပိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အခုရိုက်ကူးနေတဲ့စံနှုန်းနဲ့ဆိုရင်အဲဒီရုံလောက်နဲ့လည်းမရသေးပါဘူး။

 

အဲဒီတော့ ကျွန်တော်တို့က အပြင်မှာရုပ်ရှင်ရုံ ၁ဝဝ တည်ဆောက်ရေးစီမံကိန်းကိုလည်းကျိတ်ပြီးကြိုးစား နေကြတာမျိုးတွေလည်းရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ရုပ်ရှင်ရုံတွေသာများသွားမယ်ဆိုရင် ပြသ ရေး စနစ်ရော၊ ရုံရှင်ကားရှင်စနစ် ရောအဆင်ပြေသွားမှာပါ။ လက်ရှိ ဖြစ်နေတာကတော့ ရုပ်ရှင်ရုံတွေကနည်းတယ်။ ဇာတ်ကားတွေရိုက်ကူးမှုစံနှုန်းက များလာတာကြောင့် အခုလိုမျိုးအဆင်မပြေတာတွေ ပြ ဿ နာတွေဖြစ်နေတာပါ။ နောက်တစ်ခုက ရုပ်ရှင်ရုံပြသရေးစနစ်နဲ့ပတ်သက်ပြီးတော့လည်း ရုံရှင်ကားရှင်တွေနဲ့ဆွေးနွေးပွဲတွေထပ်လုပ်သွားပါမယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံးပေါင်းမှ ရုပ်ရှင်ရုံအရေ အတွက်က ဆယ်ဂဏန်းပဲရှိတာဖြစ်တဲ့အတွက် အခု ဖြစ်နေတဲ့ ရုံရှင်ကားရှင်ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာက တော့ ရုပ်ရှင်ရုံတွေထပ်တိုးတည် ဆောက်နိုင်ဖို့ပါပဲ''

NN

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616