Main menu
HOT NEWS
adv
'ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား'ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်အားပေးမှု  ဝင်ငွေစံချိန်ချိုးသဖြင့် သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိ

'ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား'ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်အားပေးမှု ဝင်ငွေစံချိန်ချိုးသဖြင့် သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိ

ရန်ကုန်၊ ဇွန် ၎

''ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား'' ရုပ်ရှင်ဇာတ်ကားကြီး ပရိ သတ်အားပေးမှု ဝင်ငွေစံချိန်ချိုးသဖြင့် သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ 'ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား'ရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် မေ ၂၇ ရက်မှစတင်ကာ ရုံတင်ပြသခဲ့သည့်အချိန်မှစတင်ကာ လာရောက်ကြည့်ရှုသူများ အလွန်များပြား ခဲ့ကြောင်း သိရသည်။

''ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရင် ပရိသတ်တွေရဲ့အားပေးမှုကတော့ တကယ်ကိုအားရကျေနပ်ဖို့ကောင်းပါတယ်။ ဝင်ငွေလည်း စံချိန်ချိုးသွားပြီဖြစ်တဲ့အတွက် သုံးပတ်ရုံ တင်ပြသခွင့်ရရှိခဲ့ပါတယ်။ ဒီ ရလဒ်က ကျွန်တော်တို့ရဲ့ကြိုးစားထားမှုကို ပရိသတ်တွေကအသိအမှတ်ပြုတာပါပဲ''ဟု ဒါရိုက်တာခင်စောမျိုးကပြောသည်။

မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားရုံတင်ပြသရာတွင် စတင်ရုံတင်ပြသည့်နေ့မှ စတင်ကာ နှစ်ပတ်သာရုံတင်ပြသခွင့်ရရှိပြီး ပရိသတ်အားပေးမှု ဝင်ငွေစံချိန်ချိုးပါက သုံးပတ်ရုံတင်ပြသခွင့်ရရှိကြောင်း သိရသည်။

ယခုအခါတွင် ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကြီးကို သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ရုံတင်ပြသလျက်ရှိပြီး ယင်းရုပ်ရှင်ရုံတွင် သုံးပတ်ကြာ ရုံတင်ပြသပြီးပါက ရှေ့ဆောင်အဆင့်မြင့်ရုပ်ရှင်ရုံတွင် ဆက်လက်ပြသမည်ဖြစ် ကြောင်းသိရသည်။

''ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား'' ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသိင်္ခ၏ဝတ္ထုကို ဒါရိုက်တာ ခင်စောမျိုးမှပုံဖော်ထားခြင်းဖြစ်ကာ သရုပ်ဆောင်ကျော်သူ၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စံရတီမိုးမြင့်၊ မေမြတ်နိုး၊ ထွန်းလွင်အောင်နှင့် တခြားသော အနု ပညာရှင်များစွာတို့မှ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။

ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားရုပ်ရှင်ဇာတ်ကားကြီးသည် အကယ်ဒမီ ကျော်သူ အနုပညာလောကမှအနားယူပြီး ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ကြောင်း သိရသည်။

NN

DemocracyToday

Rate this item
(1 Vote)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616