Main menu
HOT NEWS
adv
Dinosaur Village က မြန်မာ့ရုပ်ရှင် အတွက် နောက်ထပ် တစ်ကြိမ် ပထမဆုံး ဖြစ်လိမ့်မယ် ဆိုတာကို ရာခိုင်နှုန်း ၁ဝဝပြည့် ယုံကြည်ပါတယ် ဆိုတဲ့ ညိုမင်းလွင်

Dinosaur Village က မြန်မာ့ရုပ်ရှင် အတွက် နောက်ထပ် တစ်ကြိမ် ပထမဆုံး ဖြစ်လိမ့်မယ် ဆိုတာကို ရာခိုင်နှုန်း ၁ဝဝပြည့် ယုံကြည်ပါတယ် ဆိုတဲ့ ညိုမင်းလွင်

ညကျောင်းရုပ်ရှင်ထုတ်လုပ် ရေးမှစီစဉ်သော ANANDA; Rise of Notra နှင့် Dinosaur Village ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲကို  မေ ၃၁ ရက်က junction Square  တွင်ပြုလုပ်ခဲ့ပြီး  ဒါရိုက်တာညိုမင်းလွင် က ANANDA ;  Rise of Notra သိပ္ပံရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး  ပြောကြားခဲ့သမျှကို တင်ဆက် ပေးလိုက်ပါတယ်။

 

အရင်ဦးဆုံး ANANDA ; RISE OF NOTRA ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ANANDA ; RISE OF NOTRA ရုပ်ရှင်ဇာတ်ကားအတွက် ကျွန်တော်အလုပ်တွေ အများကြီးလုပ်ခဲ့ ရပါတယ်။ ကျွန်တော်တို့မှာ လိုအပ်ချက်တချို့လည်း ရှိနိုင်ပါတယ်။ အခုဒီဇာတ်ကားရိုက်ကူးမှုအခြေအနေက တော် တော်ကိုပြီးစီးနေပြီလို့ ပြောလို့ရနေပါပြီ။ ဒီဇာတ်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေက အနုပညာကြေးဆိုတာ တွေထက် ဒီဇာတ်ကားဖြစ်မြောက်ဖို့အတွက်ကို ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက် သူတို့ကိုကျေးဇူးတင်ပါတယ်။


မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသိပ္ပံရုပ်ရှင်ဇာတ်ကားလို့ ကိုညိုသုံးနှုန်းခဲ့တာလေးနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါဦး။
ဒီဇာတ်ကားကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသိပ္ပံရုပ်ရှင်ဇာတ်ကားလို့သုံးနှုန်းခဲ့တာကတော့ ကျွန်တော်တို့နိုင်ငံနဲ့ပြောမယ်ဆိုလို့ရှိရင် ဒီသိပ္ပံရုပ်ရှင်ဆိုတာ အခုမှအရွယ်ရောက်ကာစ ကလေးလေးတစ်ယောက်လို ပါပဲ။ ဒီဇာတ်ကားကို ကျွန်တော်ပရိသတ်ထံကိုအပ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဝေဖန်နိုင်ပါတယ်။ အကြံပေးနိုင်ပါတယ်။ ဒီလိုမျိုး သိပ္ပံရုပ်ရှင်ဇာတ်ကားတွေကိုပေါ်ပေါက်လာဖို့အတွက်က ပရိသတ်တွေရဲ့အားပေးမှုက နံပါတ်တစ် နေရာမှာ ရှိနေပါတယ်။ ကျွန်တော်တို့ထက်ငယ်တဲ့သူတွေက ဒီလိုမျိုးသိပ္ပံဇာတ်ကားတွေ ဖန်တီးလာမယ်ဆိုလို့ ရှိရင်လည်း ကျွန်တော်က အားပေးနေမှာပါ။ ဒီဇာတ်ကားကို တစ်ချိန်ရုံတင်လို့ပြသတဲ့အခါမှာ ရရှိလာတဲ့ဝင်ငွေ အကျိုးအမြတ်ရဲ့ ထိရောက်တဲ့ရာခိုင်နှုန်းကို နောင်မှာ နည်းပညာနဲ့ပတ်သက်လို့ သိပ္ပံပညာနဲ့ပတ်သက်လို့ ထီထွင် နိုင်တဲ့သူ၊ အဖွဲ့အစည်းတစ်ခုများရှိခဲ့ရင် မြန်မာနိုင်ငံမှာ နည်းပညာအသစ်တွေထွက် လာဖို့အတွက် ကျွန်တော် ထောက်ပံ့ပေးသွားမှာပါ။


ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။
ကျွန်တော်ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေအများကြီးရှိပါတယ်။ အခုထိတောင် အခက်အခဲ တွေက ဖြစ်နေတုန်းပါပဲ။ ဒီရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးတဲ့နေရာမှာ  ဇာတ်ကားအစအဆုံးကို ဒီနိုင်ငံမှာပဲ လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက် ဒီနိုင်ငံကလူတွေနဲ့လုပ်မယ်။ ဒီနိုင်ငံက နည်းပညာနဲ့ပဲလုပ်မယ်။ ဘယ်နိုင်ငံမှာမှသွားမလုပ်ဘူး။ ကျွန်တော်တို့မြန်မာတွေ ကိုယ့်ခွန်ကိုယ်အားနဲ့ကိုယ်တတ်နိုင်သလောက်လုပ် တာကိုဖြစ်စေချင်တဲ့အတွက် အခက်အခဲကတော့ အနည်းနဲ့အများရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရှေ့ဆက်လုပ်သွားမယ်။


နောက်ထပ်ဇာတ်ကားတစ်ခုဖြစ်တဲ့ Dinosaur Village နဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဒါက နောက်ထပ် မြန်မာ့ရုပ်ရှင်အတွက် အပြောင်းအလဲတစ်ခုထပ်ပြီးဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံရုပ်ရှင်အတွက် နောက်ထပ်တစ်ကြိမ် ပထမဆုံးဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်ရာခိုင်နှုန်း ၁ဝဝပြည့် ယုံကြည်ပါတယ်။ ဒီဇာတ်ကားကို Dinosaur Village ဆိုပြီးတော့ နာမည်ပေးဖြစ်တာကတော့ ကျွန်တော်တို့လူတွေအတွက် ဒီကမ္ဘာမြေကြီးက ကမ္ဘာကြီးတစ်ခုဖြစ်နေပေမယ့်လည်း သတ္တဝါတွေအတွက်တော့ ရွာလေးတစ်ရွာလောက် ပါပဲဆို တဲ့အဓိပ္ပာယ်နဲ့ ဒီနာမည်လေးပေးထားတာပါ။


Dinosaur Village ရုပ်ရှင်ဇာတ်ကားမှာပါဝင်မယ့် သရုပ်ဆောင်တွေကိုလည်း ပြောပြပေးပါဦး။
ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေကတော့ ဒီဇာတ်ကားမှာမှမပါရရင် ဒီဇာတ်ကားကိုမှမရိုက်ရရင် ကျွန်တော့်ကို အမြဲတမ်းပြဿနာရှာတတ်တဲ့ ကျွန်တော့်သမီး ရဲရင့်နှင်းဆီလွင်နဲ့ ပန်ထွာနှင်းဆီလွင်ကိုတော့ သရုပ်ဆောင်အဖြစ်နဲ့ သတ်မှတ်ထားပါတယ်။ နောက်ဒီဇာတ်ကားရဲ့ အရေးကြီးဆုံးမင်းသမီးလေးတစ်လက်ကတော့ စစ်လွန်းဝတီထက်ပါ။ သူသရုပ်ဆောင်တာကိုလည်း ပရိသတ်တွေအားလုံးကြည့်ဖူးပါလိမ့် မယ်။ လောလော ဆယ်ကတော့ သရုပ်ဆောင် သုံးယောက်ရရှိပါပြီ။ နောက်ထပ်သရုပ်ဆောင်တွေ ပါပါဦးမယ်။ ကျွန်တော် ဒီဇာတ်ကားထဲမှာ ကြိုးစားထားတာတွေကို ပရိသတ်တွေ မြင်တွေ့နိုင်ပါလိမ့်မယ်။

Thu Thaw Di

#The Yangon Times

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616