HOT NEWS
Main menu
adv
မိဘတွေ တန်ဖိုးမထားတဲ့အတွက်  ကလေးတွေ  လမ်းဘေး ရောက်သွားခဲ့ရတယ်   သရုပ်ဆောင် မြင့်မြတ်နဲ့ ခဏတာ

မိဘတွေ တန်ဖိုးမထားတဲ့အတွက် ကလေးတွေ လမ်းဘေး ရောက်သွားခဲ့ရတယ် သရုပ်ဆောင် မြင့်မြတ်နဲ့ ခဏတာ

အနုပညာသက်တမ်းတစ်လျှောက် သဘာဝဆန်တဲ့ဇာတ်ရုပ်တွေကို ရိုက်ကူး နေခဲ့တဲ့မြင့်မြတ်က အခုအခါမှာလည်း ခိုးဆိုးလုနှိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သဘာဝကျကျ ပါဝင် သရုပ်ဆောင်ထားမှုအပိုင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။


ခိုးဆိုးလုနှိုက်ဇာတ်ကားရိုက်နေစဉ်အတွင်းမှာ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။
အမှတ်တရအနေနဲ့ကတော့ ဒီဇာတ်ကားရိုက်ရတာ အရမ်းကိုပင်ပန်းပါတယ်။ ဘာလို့လဲဆိုတော့ နေပူထဲမှာလည်း ပြေးရလွှားရ၊ ငိုရ၊ ဖိုက်တင်တွေ၊ ထိုးကြပေါ့နော်။ အဲဒီလိုတွေပါပဲ။ အဓိကကတော့ တခြား ကာရိုက် တာတွေထက်စာရင်ပိုပြီးပင်ပန်းတယ်လို့ ပြောလို့ရပါတယ်။

 

ကိုမြင့်မြတ်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလက်ခံတာနည်းသလို ရိုက်ကူးတာလည်း နည်းတယ်။ ဒီဇာတ်ကားကိုကျတော့ ဘယ်လိုကြောင့်ရွေးချယ်ဖြစ်တာလဲ။
ဇာတ်လမ်းက ဘဝဆန်တဲ့ဇာတ်ရုပ်လည်းဖြစ်တယ်။ ကိုဆာမိကလည်း ကမ်းလှမ်းတဲ့အတွက်လည်း လက်ခံဖြစ်တာပါ။


ဒီဇာတ်ကားထဲမှာလည်း သူငယ်ချင်းယောက်ျားလေးလေးယောက်ဖြစ်တဲ့အတွက် ဘယ်လို အပေးအယူမျှမျှတတနဲ့ သရုပ်ဆောင်ခဲ့ရလဲ။
ဒါကလည်း ကျွန်တော်တို့ကိုယ်တိုင်က အပြင်မှာလည်း ညီအစ်ကိုတွေလိုဖြစ် နေတာကြောင့် ကိုယ်တစ်ယောက်တည်းကောင်းဖို့အတွက် မဟုတ်တော့ဘူး။ Team Work နဲ့သွားတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက် ရှိနေရင် အားလုံးဝိုင်းပြီးထောက်ပြတယ်။ ကျွန်တော်လိုအပ်တာရှိရင်လည်း ညီအစ်ကိုတွေကဝိုင်းပြီး ထောက်ပြတယ်။ ဒီလိုပဲစည်း စည်းလုံးလုံးနဲ့ ရိုက်ဖြစ်သွားတာပါ။


ဒီဇာတ်ကားက တခြားအက်ရှင်ဇာတ်ကားမျိုးတွေနဲ့မတူဘဲကွဲထွက်နေတာကြောင့် အဲဒီ အပေါ်မှာရော ဘယ်လိုပြောချင်လဲ။
အမှန်တကယ်တော့ ယူတတ်မယ်ဆိုရင်တော့ ဒီဇာတ်ကားထဲမှာက အတုယူစရာတွေအများကြီးပဲ။ ကလေးဘဝကတည်းက မိဘတွေကလက်လွတ် စပယ်မထားသင့်ဘူး။ တန်ဖိုးထားသင့်တယ်။ မိဘတွေက တန်ဖိုး မထားတဲ့အတွက် ကလေးတွေက လမ်း ဘေးရောက်သွားခဲ့ရတယ်။ အဲဒီလိုသင်ခန်းစာမျိုးတွေပေးချင်တဲ့အပြင် ပေးချင်တဲ့အရာ တွေကတော့ အများကြီးပါပဲ။

thu thaw di

#theflowernews

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS