Wednesday, 27 September 2017 15:21

ဟာရီကိန်း မာရီယာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပွာတိုရီကိုနိုင်ငံသို့ ဒေါ်လာ တစ်သန်း ဂျနီဖာလိုပက်ဇ် လှူဒါန်း

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ၂၆

 

ပွာတိုရီကိုနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်းမာရီယာကြောင့် ထိခိုက် ခံစားခဲ့ရသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်က ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

 

ပွာတိုရီကိုနိုင်ငံတွင် မွေးဖွားခဲ့သည့် ဂျနီဖာသည် ၎င်းမိသားစု ရှိနေခဲ့သည့် ကျွန်းနှင့်ကာရေဘီယမ် ဒေသတစ်လျှောက်တွင် တိုက်ခတ်ဖျက်ဆီးခဲ့သော ယင်းသဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရသည်ကို ထိခိုက်ခံစား ရလျက်ရှိသည်။ မုန်တိုင်းဘေးပြန်လည်ထူထောင်ရန် လုပ်ငန်းများကို ကူညီရန် အစိုးရ၏့ United For Puerto Rico သကမ်ပိန်းသို့ ယင်းကဲ့သို့ ရက်ရောစွာလှူဒါန်းခဲ့ခြင်းဖြစ်သည်။  အင်စတာဂရမ်အကောင့်တွင် တင်ခဲ့သည့်ဗီဒီယိုတစ်ခုတွင် ဂျနီဖာလိုပက်ဇ်က ''ပျက်စီးမှုတွေက မယုံကြည်နိုင်လောက်အောင်ပါပဲ၊ ကျွန်မနဲ့ ကျွန်မညီမဝမ်းကွဲက ဟိုမှာရှိနေတဲ့ ကျွန်မတို့မိသားစုဆီက သတင်းမကြားရသေးပါဘူး။ ကျွန်မ စိတ်ထဲမှာရှိနေတဲ့ တခြားသူတွေကကူညီဖို့ အကောင်းဆုံးနည်းလမ်းတွေ ရှာကြံနေကြတယ်ဆိုတာပါ။ ပွာတို ရီကိုကျွန်းဟာ အာမာနဲ့ မာရီယာဟာရီကိန်းတို့ကြောင့် ထိခိုက်ခဲ့ရပါတယ်။ ဒီနေ့ပွာတိုရီကိုမှာ ကျွန်မတို့ အကူအညီလိုအပ်နေပါပြီ။ ပရိသတ် တွေကလည်းပွာတိုရီကို သမ္မတကတော် Beatriz Areizaga ဆီကို လှူဒါန်း၊ ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်''ဟု ပြောကြားခဲ့သည်။


ထို့ပြင် ဂျနီဖာသည် ဟာရီကိန်းဒဏ်ခံစားခဲ့ရသူများအတွက် ကျန်း မာရေးစောင့်ရှောက်မှု အစီအစဉ်များထောက်ပံ့ပေးခြင်းအပြင် နယူး ယောက်မြို့နေလူထုထံမှ အမျိုးမျိုး သောပစ္စည်းများ အလှူခံသည့်အစီ အစဉ်ပါဝင်သော နယူးယောက်ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွင်လည်း ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂ဝရက်တွင် ပွာတိုရီကိုနိုင်ငံ ကို တိုက်ခတ်ခဲ့သော ဟာရီကိန်းမာ ရီယာကြောင့် လူ ၁ဝဦးထက်မနည်း သေဆုံးခဲ့ရသည်။ ဒေါ်လာတစ်သန်း လှူဒါန်းခဲ့သည့် ဂျေလိုသည် ၂ဝ၁၈ ခုနှစ် မေလအထိ လတ်စ်ဗီးဂက်စ် မြို့ရှိ Planet Hollywood Resort & Casino rS The AXIS ပြဇာတ်ရုံတွင် ဖျော်ဖြေပွဲများကိုလည်း တင်ဆက်လျက်ရှိသည်။


Ref: Contactmusic

Read 194 times
Login to post comments