Monday, 09 October 2017 11:56

ဟောလိဝုဒ် မင်းသား Jason Statham နှင့် မော်ဒယ် Rosie Huntington တို့ တရားဝင် လက်ထပ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၈

 

ဟောလိဝုဒ်အက်ရှင်မင်းသား Jason Statham နှင့် မော်ဒယ် Rosie Huntington  တို့နှစ်ဦး အတူနေချစ်သူအဖြစ်တွဲနေလာတာ ခြောက်နှစ်ကျော် ခုနစ်နှစ်အတွင်းရောက်ရှိလာခဲ့ပြီးဖြစ် သော်လည်း တရားဝင်လက်ထပ်ရ ခြင်းမရှိသေးကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက Marks & Spencer ဖက်ရှင်ကုမ္ပဏီနှင့် မော်ဒယ် Rosie တို့ လက်တွဲလာခဲ့သည့် ငါးနှစ်ပြည့်အထိမ်းအမှတ် အတွင်းခံအဝတ်အထည်ကြော် ညာဓာတ်ပုံရိုက်ကူးရာတွင် မော်ဒယ် Rosie  ၏လက်တွင် တလက်လက်နှင့်တောက်ပနေသော လက်ထပ်လက်စွပ်ဝတ်ဆင်ထားသဖြင့် ဟောလိဝုဒ်မင်းသားနှင့် တရားဝင်လက်ထပ်လိုက်ပြီဟု ကောလာဟလများထွက်ပေါ်လာခဲ့သည်ဟု အောက်တိုဘာ ၈ ရက် ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

 


ဟောလိဝုဒ်အက်ရှင်မင်းသား Jason နှင့် မော်ဒယ် Rosie တို့ ချစ်သူသက်တမ်းခြောက်နှစ် ပြည့်သည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီတွင် စေ့စပ်ကြောင်းလမ်းခြင်းကြေညာခဲ့သည်။ ဗြိတိန်မော်ဒယ်နှင့် အမေရိကန်အက်ရှင်မင်းသားတို့နှစ်ဦး လူမြင်ကွင်းတွင် မကြာခဏ တွေ့ရသော်လည်း တရားဝင်လက်ထပ်သည့် သတင်းထွက်ပေါ်လာခြင်း မရှိသေးသဖြင့် Rosie ၏ လူမှုကွန် ရက်ပရိသတ်များကမေးမြန်းခဲ့ရာ သူမတို့နှစ်ဦး လက်ထပ်ဖို့သေချာ ကြောင်း၊ ယခုအချိန်တွင်ကိုယ်စီကိုယ်စီအနုပညာအလုပ်များနှင့်ရှုပ်ထွေး နေသဖြင့် မင်္ဂလာကိစ္စနောက်ဆုတ်ထားရကြောင်း ပြောဆိုခဲ့သည်။

 


Jason နှင့် Rosie တို့ လျှို့ ဝှက်လက်ထပ်စာချုပ်လက်မှတ် ရေးထိုးပြီးကြောင်း၊ Rosie ၏ ဘယ်ဘက်လက်သန်းကြွယ်တွင် ပေါင် ၂၄၃ဝဝဝ တန် လက်ထပ်လက်စွပ်ဝတ်ဆင်ထားကြောင်း အတွင်းသတင်းရင်းမြစ်တစ်ဦးက ဒေးလီးမေးလ်ကို ပြောသည်။ ပြီးခဲ့သည့်ဇွန်လ ၂၄ ရက်တွင် Rosie က Jason နှင့်ရသော ရင်သွေးရတနာ Jack Oscar Statham ကို မွေးဖွားပေးခဲ့သည်။ သူတို့နှစ်ဦး၏ အနာဂတ်အရေးနှင့်ပတ်သက်ပြီး ဘာဖြစ်လာမယ်ဆိုတာ မသိရှိရကြောင်း၊ ဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာမရှိကြောင်း၊ ယခုအချိန်သည် ပျော်စရာအကောင်းဆုံးအချိန်ဖြစ် ကြောင်း Rosie က ပြောသည်။

 

Ref:Daily Mail

Read 1402 times
Login to post comments