Monday, 09 October 2017 12:02

ကိုယ်ဝန် ရှိနေကြောင်း သတင်းထွက်ခဲ့သည့် ကာဒေ့ရှီယန် လူမြင်ကွင်း၌ ထွက်ပေါ်

Written by
Rate this item
(0 votes)

လော့အိန်ဂျလိစ်၊ အောက်တိုဘာ ၈

 

 

ကိုယ်ဝန်ရှိနေကြောင်း သတင်းထွက်ခဲ့သည် ခိုးလ်ကာ ဒေ့ရှီယန်သည် လူမြင်ကွင်းသို့ထွက်ပေါ်ခဲ့ ကြောင်း အောက်တိုဘာ ၈ ရက် e online  သတင်းကဆိုသည်။ ကာဒေ့ရှီယန် (၃၃) နှစ်သည် ၎င်း၏ Good American ဂျင်းအဝတ်အစား ထုတ်လုပ်ရောင်း ချမှုတစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည် နယ်စင်ကျူရီမြို့တွင် ပြု လုပ်သော အဆိုပါအခမ်းအနားသို့ ကာဒေ့ရှီယန်သည် ဟန်မပျက်တက်ရောက်ခဲ့သည်။

 


မိနစ် ၃ဝ ခန့်ကြာသော ထိုအခမ်းအနားတွင် ကာဒေ့ရှီယန်သည် ကိုယ်ဝန်ရှိနေ ကြောင်း သတင်းများနှင့်ပတ်သက်၍ တစ်စုံတရာတုံ့ပြန်ပြော ကြားခဲ့ခြင်းမရှိပါ။ သို့သော် မိမိအနေဖြင့် ခန္ဓာကိုယ်ဝလာ၍ အဝတ်အစားဆိုက်ကြီးများ ဝတ်ဆင်ရသည် ဖြစ်စေကာမူ သက်သောင့်သက်သာ ရှိနေမည်ဟု ကာဒေ့ရှီယန်က ပြောကြားသည်။

 


ကာဒေ့ရှီယန်သည် သက်တမ်းတစ်နှစ်ကျော် ဖြစ်သောချစ်သူနှင့်ရသော ကိုယ်ဝန်လွယ်ထားရပြီဟု မကြာသေးမီက သတင်းများထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အငယ်ဆုံးညီမ ဖြစ်သူ ကိုင်လီဂျင်နာမှာလည်း ကိုယ်ဝန်လွယ်ထားရ ပြီဟုသတင်းများထွက်ပေါ်နေသည်။ သို့သော်ကာယကံရှင်များနှင့် မိသားစုဝင်များကမူထိုသတင်းများကို အတည်ပြုမပေးသေးပါ။

 

Ref;e-online

Read 524 times
Login to post comments