Monday, 09 October 2017 12:08

ဂရမ်မီဆုရှင် ရက်ပ်ပါနယ်လီ မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ

Written by
Rate this item
(0 votes)

ဆီယက်တဲ၊ အောက်တိုဘာ ၈

 

ဂရမ်မီဆုရှင် အမေရိကန်ရက်ပ်ပါ နယ်လီသည် ဆီယက်တဲမြို့အပြင်ဘက်တွင် ၎င်း၏နယ် လှည့်ဖျော်ဖြေရေး ဘတ်စ်ကားထဲ၌ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ ကြောင်း တိုင်ကြားခံရသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်း အောက်တိုဘာ ၈ ရက် AP သတင်းကဆိုသည်။ နယ်လီကို နံနက် ၄ နာရီခွဲခန့်တွင် ¤င်း၏ဘတ်စ်ကားထဲ၌ပင် ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ အမျိုးသမီးတစ်ဦးက ၉၁၁ သို့ ဖုန်းဆက်ပြီးတိုင်ကြားသဖြင့် လာ ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့သည် နယ်လီကို ခဏတာစစ်ဆေးမေးမြန်းအပြီးတွင် ပြန်လွှတ်ခဲ့သည်။

 


နယ်လီသည် အဆိုပါအမှုအတွက် တစ်ချိန်ချိန်တွင် တရားရုံးသို့ သွားရောက်ရမည်ဖြစ်ကြောင်း၊ သို့သော် နယ်လီအနေဖြင့် မည်သည့်ပြစ်မှုကိုမျှကျူးလွန်ခဲ့ ခြင်းမရှိ ကြောင်း ၎င်း၏ရှေ့နေကပြောဆိုသည်။ နယ်လီသည် ၂ဝ၁၅ ခုနှစ်ကလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်းခံခဲ့ရဖူးသည်။ ၎င်း၏ဘတ်စ် ကားထဲမှ ဆေးခြောက်နံ့များထွက်နေသဖြင့် လုံခြုံရေးတစ်ဦးက ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးခြောက်နှင့် မူးယစ် ဆေးဝါးများတွေ့ခဲ့ရသည်။ နယ်လီသည် ဂရမ်မီဆုသုံးဆုပိုင်ရှင်ဖြစ်သည်။ ၎င်း၏ထင်ရှားသောသီချင်းများမှာ Hot in Herre, My Place, Over and Over, Shake Ya Tailfeather  စသည် တို့ဖြစ်ကြသည်။

 

Ref:AP

Read 562 times
Login to post comments