Tuesday, 10 October 2017 16:48

တရုတ် အဆိုတော်၊ သရုပ်ဆောင် လူဟန်၏ အချစ်ရေးသတင်း လူမှုကွန်ရက် မီဒီယာများတွင် ပွက်လောရိုက်

Written by
Rate this item
(0 votes)

ပေကျင်း၊ အောက်တိုဘာ ၉

 

နာမည်ကျော် လူငယ်သရုပ်ဆောင်နှင့် အဆိုတော်လူဟန်သည် ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင် ချစ်သူမိန်းကလေးကို လူမှုကွန်ရက်မီဒီယာအပေါ်တွင် ပရိသတ်များကို မိတ်ဆက်ပေးခဲ့ပြီးနောက် အဆမတန်ကြီးမားသော လိုင်းကျပ်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ တရုတ်နိုင်ငံတွင် လူသုံးများသည့် Weibo တွင် ချစ်သူမိန်းကလေးဖြစ်သည့် သရုပ်ဆောင် ဂွမ်ရှောင်တုန်နှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

 

 


ထိုကဲ့သို့ သတင်းထွက်ပေါ်လာပြီးနောက် Weibo လူမှုကွန်ရက်မီဒီယာ၏ ဆာဗာမှာလိုင်း ကျပ်မှုကြောင့် ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။ ထိုကဲ့သို့ လိုင်းကျပ်တည်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၃ နာရီအကြာ၊ အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီတွင် လူဟန်၏ ပို့စ်ကို Like  ပြုလုပ်သူ ၄ ဒသမ ၇၂ သန်းရှိခဲ့ပြီး မှတ်ချက်ပေးသူ ၂ ဒသမ ၂၅ သန်းရှိခဲ့သည်။

 


ပရိသတ်အများစုမှာ အဆိုပါသတင်းနှင့်ပတ်သက်၍ နှလုံးထိခိုက် ကြေကွဲသည့်အကြောင်း ဖော်ပြရေးသားခဲ့ကြပြီး ၎င်း၏ အကောင့်ကိုလည်း Unfollow  ပြုလုပ်ခဲ့ကြသည်။ သို့သော် လူဟန်၏ Weibo  အကောင့် Follower မှာ ၁ ဒသမ ၄၅ သန်းတိုးလာခဲ့သည်။ ပရိသတ်အချို့မှာလည်း အဆိုပါသတင်းကို လက်ခံခဲ့ကြခြင်းမရှိဘဲ မကြာမီရုံတင်ပြသတော့မည့် ချစ်သူနှစ်ဦး ပါဝင်သရုပ်ဆောင်ထားသော ရုပ်သံဇာတ်လမ်းတွဲကို ပရိုမိုးရှင်း ပြုလုပ်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် လူဟန်၏ မန်နေဂျာဖြစ်သူက ပရိုမိုးရှင်း အဆန်းထွင်ခြင်း မဟုတ်ဘဲ အဆိုပါသတင်းကို အတည်ပြုကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ဂုဏ်ပြုပေးရန် တောင်းဆိုခဲ့သည်။ 

 

Ref: chinadaily

Read 426 times
Login to post comments