Wednesday, 11 October 2017 11:29

Girls' Generation အဖွဲ့ဝင် သုံးဦး ကုမ္ပဏီနှင့် အဖွဲ့မှ နုတ်ထွက်တော့မည်ဟု သတင်းထွက်ပေါ်

Written by
Rate this item
(0 votes)

ဆိုးလ်၊ အောက်တိုဘာ ၁ဝ

 

တစ်ဖနီ၊ ဆူယောင်းနှင့် ဆောယောင်းတို့သည် ၎င်းတို့ကို စီမံခန့်ခွဲပေးနေသည့် SM အင်တာတိန်းမန့်နှင့် ၎င်းတို့၏ Girls' Generation  အဖွဲ့မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သိရသည်။ မူလက အဖွဲ့ဝင်ကိုးဦးရှိခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် အဖွဲ့ဝင် ဂျက်ဆီကာဂျောင်မှာ နုတ်ထွက်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ဖက်ရှင်နှင့်တစ်ကိုယ်တော်အနုပညာလုပ်ငန်းများဖြင့် ရပ်တည် လျက်ရှိသည်။

 

 


မကြာခင် အဖွဲ့မှနုတ်ထွက်တော့မည်ဟု သတင်းထွက်ပေါ် နေသူ သုံးဦးသည် ကုမ္ပဏီနှင့် စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး သက်တမ်းတိုး ချုပ်ဆိုတော့မည်မဟုတ်ကြောင်း ယင်းအနုပညာလုပ်ငန်းနှင့် နီးစပ်သူအချို့က ပြောဆိုသည်။ ယင်းသတင်း အရင်းအမြစ်က ''သူတို့ သုံးဦးက အေဂျင်စီနဲ့ စာချုပ်ကို ရပ်ဆိုင်း ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Girls' Generation  အဖွဲ့က ကျန်ရှိနေဦးမှာ ဖြစ်ပေမယ့်သူတို့က တခြားအေဂျင်စီတွေနဲ့ စာချုပ်ချုပ်လိုက် မယ်ဆိုရင်တော့ ကျန်ရှိတဲ့အဖွဲ့တွေ လေ့ကျင့်ဖို့အတွက် အခက်အခဲဖြစ်သွားမှာပါ။ အဖွဲ့ဝင်တွေက အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေး နွေးနေတုန်းပဲလို့ ကျွန်တော်တို့ နားလည်ထားပါတယ်''ဟု ပြောကြားခဲ့သည်။  အဖွဲ့ကိုဖျက်သိမ်းမည်ဆိုသော သတင်းကိုလည်း SM အင်တာတိန်းမန့်က ငြင်းဆိုထားသည်။ ကြေညာချက်တစ်ခုထဲတွင် အေဂျင်စီက Girls' Generation အဖွဲ့သည် SM နှင့်ပရိသတ်များအတွက် တန်ဖိုးရှိပြီး ထူးခြားသောအဖွဲ့ တစ်ခုဖြစ်ကြောင်း ပြောဆိုထားသည်။ 

 

Ref: CNA

 

 

Read 395 times
Login to post comments