Wednesday, 11 October 2017 11:33

မင်းသားကြီး ဆေဗတ် စတာစတားလုံး Creed 2 ရုပ်ရှင်ကို ရိုက်ကူးမည်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁ဝ

 

မင်းသားကြီးဆေဗက်စတာစတားလုံးသည် 'Creed 2' ရုပ်ရှင်ကို လာမည့်နှစ်တွင် ရိုက်ကူးမည်ဖြစ်ကြောင်းနှင့် မိုက်ကယ်ဘီဂျော်ဒန်က ထုတ်လုပ်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အသက် (၇၁)နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးက ၂ဝ၁၈ ခုနှစ်အတွက် အဆိုပါရုပ်ရှင်ကို ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် မူရင်းရုပ်ရှင်တွင် ဂျွန်ဆင်ခရိအဖြစ် သရုပ်ဆောင်ခဲ့သူ ထုတ်လုပ်ရေးမှူး မိုက်ကယ်နှင့်အတူ အလုပ်အတူလုပ်ရမည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသည်ဟု ဆိုသည်။

 

 


၎င်းတို့နှစ်ဦး၏ ဓာတ်ပုံကို မင်းသားကြီး စတားလုံးက ၎င်း၏ အင်စတာဂရမ်အကောင့်တွင်တင်ခဲ့ပြီး လာမည့်နှစ်တွင် 'Creed 2'  ရုပ်ရှင်ကို အရည်အချင်းရှိသော မိုက်ကယ်ဘီဂျော်ဒန်နှင့် ပူးပေါင်းရိုက်ကူးတော့မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ မင်းသားကြီးသည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ဖြန့်ချိခဲ့သည့် 'Creed' ရုပ်ရှင်ကို ပူးတွဲထုတ်လုပ်ခဲ့သော်လည်း ယင်းရုပ်ရှင်ဒါရိုက်တာမှာ ရိုင်ယန်ကူးလ်ဂါ ဖြစ်သည်။ ၎င်းရိုက်ကူးမည့် ရုပ်ရှင်သည် လက်ဝှေ့ သမား ရော်ကီဘယ်ဘိုအာအဖြစ် သရုပ်ဆောင်ခဲ့သော 'Rocky'  ရုပ်ရှင်၏ နောက်ဆက်တွဲ လည်းဖြစ်သည်။ လာမည့်နှစ်တွင် 'Creed 2' ရုပ်ရှင်ထုတ်လုပ်ရေး စတင်တော့မည်ဖြစ်ကြောင်း ယခင်လတွင် မင်းသားကြီးက အရိပ်အမြွက် ပြောကြားခဲ့သည်။

 

Ref: contactmusic

 

Read 79 times
Login to post comments