Wednesday, 11 October 2017 11:41

"အသားအရေ ပျက်စီးမှာစိုးရိမ်လို့ ကျွန်မ လေ့ကျင့်ခန်း မလုပ်ပါဘူး" မော်ဒယ် အက်ရှ်လေ ဂရေဟမ်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁ဝ

 

မော်ဒယ် အက်ရှ်လေဂရေဟမ်က ဝိတ်ချရန်အတွက် အားကစားလေ့ကျင့်ခြင်း မပြုလုပ်သည်မှာ အသားအရေပျက်စီးမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ၎င်း၏ခန္ဓာကိုယ် နှင့်ပတ်သက်၍ အပြောင်အပျက်သရော်နေသူများကို ပြောကြားလိုက်သည်။

 

 

 

အင်စတာဂရမ် အကောင့်တွင် အားကစားလုပ်ဆောင်နေသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ပုံမှန်တင်လေ့ရှိသည့် အသက် (၂၉)နှစ်အရွယ်မော်ဒယ်က ရိုင်းစိုင်းသော မှတ်ချက်စကားများပြောကြားသည့်သူကိုလည်း ပြန်လည်ခွန်းတုံ့ပြန်ခဲ့သည်။ ၎င်းက ''ကျွန်မအားကစားလုပ်နေတဲ့ ဗီဒီယိုတစ်ခုကိုတင်လိုက်တိုင်း လုပ် မနေပါနဲ့ ခင်ဗျားပိန်မှာမဟုတ်ပါဘူး။ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ဝဖို့ လိုသေးတယ်လို့ပြောတဲ့ မှတ်ချက်စကားတွေကို ပြန်ရပါတယ်။ ကျွန်မ အားကစားလုပ်တာက ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့၊ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေဖို့၊ ခေါင်းကြည်စေဖို့၊ ဝတဲ့မိန်းကလေးတွေအနေနဲ့ ဒီလိုမျိုးလုပ်နိုင်ပါတယ်လို့ ပြောဖို့၊ ပျော့ပြောင်းဖို့၊ ကြံ့ခိုင်ဖို့နဲ့ အင်အားပိုရှိလာစေဖို့ ဖြစ်ပါတယ်။ ကျွန်မခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ဝိတ်ကျဖို့အတွက် ကျွန်မ အားကစားမလုပ်ပါဘူး''ဟု ရေးသားခဲ့သည်။

 

Ref: PTI

Read 127 times
Login to post comments