HOT NEWS
Main menu
"ဘောစိ" ရုပ်ရှင်ဇာတ်ကားမှ အနုပညာရှင်တို့ရဲ့ စကားသံများ

"ဘောစိ" ရုပ်ရှင်ဇာတ်ကားမှ အနုပညာရှင်တို့ရဲ့ စကားသံများ

ရန်ကုန်၊ သြဂုတ်

ရုံတင်မပြသခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့သော 'ဘောစိ' ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ် ၁၉ ရက်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့တွင် ရုံတင် ပြသတော့မည်ဖြစ်ရာ ယင်းရုပ်ရှင် ဇာတ် ကားကြီးကို ဒါရိုက်တာပြည်ဟိန်းသီဟမှ ရိုက်ကူးပုံဖော်ထားပြီး သရုပ် ဆောင် လူမင်း၊ တက္ကသိုလ်ဂွမ်းပုံနှင့် ရတနာဗိုတို့မှ အဓိကပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။ 'ဘောစိ' ရုပ်ရှင် ဇာတ်ကားကြီးသည် ဟာသဦးစားပေးဇာတ်ကား တစ်ကားဖြစ်ပြီး ယင်းဇာတ်ကားကြီးတွင် ပါဝင်ကြသော အနုပညာရှင်တို့ရဲ့ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

 

ဒါရိုက်တာ ပြည်ဟိန်းသီဟ

"ဒီဇာတ်ကားကို ကျွန်တော် ပထမဦးဆုံးရိုက်ကူးတုန်းက ဗီဒီယိုဇာတ်ကားအနေနဲ့ ရိုက်ကူးတာပါ။ ဒါပေမဲ့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ဖန်တီးလို့ရနေတဲ့အတွက် ရုပ်ရှင်ဇာတ်ကားအနေနဲ့ ဖန်တီးဖို့အတွက် အစကနေအဆုံးအထိ ပြန်ရိုက်ရတယ်။နောက်သရုပ်ဆောင်တွေကို ထပ်ဖြည့်တယ်။ ဒီဇာတ်ကားကို င်္ခေနဘသသု ပေါ်မှာစပြီးတော့ အသိပေးလိုက်တဲ့ အချိန်ကတည်းက ပရိသတ်တွေစိတ် ၀င်စားနေ ကြတာကတော့ ကျွန်တော်တို့အတွက် ၀မ်းသာစရာတစ်ခုပေါ့ နော်။ ဒီဇာတ်ကားထဲမှာဆိုရင် မဂွမ်း လေး(တက္ကသိုလ်ဂွမ်းပုံ)က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေအတွက် သဘော ကျနှစ် သက်စေမယ့် ဇာတ်ကားလေးတစ် ကားဖြစ်စေမှာပါ"

 

သရုပ်ဆောင် လူမင်း

"ဒီဇာတ်ကားက ဟာသဇာတ်ကားဖြစ်တဲ့အတွက် သတိထားပြီး တော့ ရိုက်ကူးခဲ့ရတယ်။ နောက်ပြီး တော့ ဟာသဇာတ်ကားဆိုပေမယ့်လည်း ပရိသတ်အမြင်မှာ အိုဗာပုံစံမဖြစ်အောင် သဘာဝ ကျအောင် သရုပ်ဆောင်ခဲ့ရတယ်။ ရိုက်ကွင်းမှာဆိုရင်လည်း ရိုက်ကူးနေရင်းနဲ့ မဂွမ်း လေးနဲ့ ကျွန်တော်တို့ရယ်နေရတယ်။ နောက်မဂွမ်းရဲ့ သရုပ်ဆောင်မှုက တကယ်ကိုသဘာဝကျကျနဲ့ သရုပ် ဆောင် တာဖြစ်တဲ့အတွက် ပရိသတ် တွေလည်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်တယ်။"

 

သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ

"ဘောစိ ရုပ်ရှင်ဇာတ်ကားက မဂွမ်းအတွက်တော့ လုပ်ကွက်ရတဲ့ ဇာတ်ကားကြီးတစ်ကားလို့ ပြောရမယ်။ မဂွမ်းတို့ဇာတ်ပို့တွေအတွက် လုပ်ကွက်ရတဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့က သိပ်တော့မလွယ် ဘူးပေါ့ နော်။ ဒီဇာတ်ကားမှာဆိုရင် မဂွမ်းအတွက် လုပ်ပိုင်ခွင့်လေးတွေရတယ်။ ရုံတင်မပြသခင်ကတည်းက ပရိသတ် တွေက အားပေးနေကြတယ်။ ကြည့်ချင်နေကြတယ်ဆိုကတည်းက မဂွမ်းတို့ သရုပ်ဆောင်တွေအတွက်တော့ အားရစရာတစ်ခုပေါ့နော်။ မဂွမ်းက တော့ ဒီဇာတ်ကားလေးထဲမှာ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ရတဲ့အပိုင်းကနေပြီးတော့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်။ အဲဒီ အတွက်အားရကျေနပ် မှုရှိတယ်၊ မရှိဘူးဆိုတာကတော့ ပရိသတ်တွေ တုံ့ပြန့်မှုကိုလည်း သိချင်နေမိတယ်"

 

သရုပ်ဆောင် ရတနာဗို

"ပရိသတ်တွေက ညီမကိုဟာ သကားတွေဆိုရင်ပိုပြီးတော့ အားပေးကြတယ်။ ပိုပြီးတော့ကြိုက်ကြတယ် လို့ထင်တယ်။ ဘောစိရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ ပရိသတ် တွေ ဘယ်လိုမျိုး တုံ့ပြန့်ကြမလဲဆို တာကို ရင်ခုန်နေပါတယ်။ ပထမဦး ဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် 'ဘောစိ' ဇာတ်ကားထဲမှာဆို ရင် ဆရာတွေရဲ့သင်ပြမှုနဲ့ညီမရဲ့ ကြိုး စားအားထုတ်မှုနဲ့ ကာရိုက်တာကို ပီပြင်အောင်ကြိုးစားထားပါတယ်။ မင်းသမီးအသစ်တစ်ယောက်နဲ့ ပထမဦးဆုံးဇာတ်ကားဆိုတော့ ရင်ခုန်တယ်။ ပြီးတော့ဒီဇာတ်ကားကြီးမှာက အန်တီဂွမ်းက အဓိကထားလုပ်သွားတယ်။ ဒါပေမဲ့ညီမ အတွက်တော့ နည်းနည်းတာဝန်ကြီးတယ်လို့ထင်တယ်။ ရိုက်ကူးနေရင်းနဲ့တော့ အကောင်းဆုံးဖြစ် အောင်လုပ်ခဲ့ပေမယ့် အခုချိန်မှာပြန် ပြီးတော့ အဲဒီဇာတ်ကားကိုပြန်ရိုက်ချင်တယ်။ ဒီဇာတ်ကားထဲမှာ ဆိုရင် မင်းသမီးအပြိုင်တော့ မပါဘူးပေါ့ နော်"

NN

‪#‎Democracytoday‬

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS