Main menu
HOT NEWS
adv
၂၀၁၆ အကယ်ဒမီ စာရင်းဝင်နိုင်ရန် ရုပ်ရှင်ဇာတ်ကားများကို နယ်မြို့ များတွင် အနည်ဆုံး တစ်ရက် သွားရောက်ရုံတင်ပြသနိုင် ဟုဆို

၂၀၁၆ အကယ်ဒမီ စာရင်းဝင်နိုင်ရန် ရုပ်ရှင်ဇာတ်ကားများကို နယ်မြို့ များတွင် အနည်ဆုံး တစ်ရက် သွားရောက်ရုံတင်ပြသနိုင် ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင်နိုင်ရန်အတွက် ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ ရုပ်ရှင်ဇာတ်ကားများကို နယ်မြို့များတွင် တစ်ရက်ပင်ဖြစ်စေ ရုံတင်ပြသနိုင်ကြောင်းသိရသည်။ယင်းကဲ့သို့ နယ်မြို့များရှိ ရုပ် ရှင်ရုံများတွင် ရုံတင်ပြသပါက နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထားကာ ရုံတင်ပြသရမည်ဖြစ်သည်။
 
 
"ထုတ်လုပ်သူတွေက ဒီနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဖို့ နယ်မြို့ တွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတိသဘောမျိုးနဲ့ ရုံတင်ပြသမယ်ဆိုရင် သွားပြီးတော့ ရုံတင်ပြသလို့ရပါတယ်။ အဲဒါကလည်း နိုဝင်ဘာ ၃၀ ရက်မ ကျော်ဘဲ ရုံတင်ပြသရမှာဖြစ်တယ်။နိုဝင်ဘာ ၃၀ ရက်ကျော်ပြီးတော့မှ နယ်မြို့တွေမှာ ရုံတင်ပြသတဲ့ဇာတ်ကားတွေကို ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားအနေနဲ့ သတ်မှတ်မှာမဟုတ်ပါ ဘူး" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

အကယ်ဒမီစာရင်းဝင်နိုင်ရန် ထုတ်လုပ်သူများသည် ၎င်းတို့၏ ရုပ်ရှင်ဇာတ်ကားများကို ရန်ကုန်တွင် ပြသရန်တန်းစီစောင့်ဆိုင်းနေပါက ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီစာ ရင်းဝင်နိုင်ခြင်းမရှိသည့်အတွက် ယခုအခါ နယ်မြို့များရှိ ရုပ်ရှင်ရုံများတွင် အကယ်ဒမီစာရင်းဝင်နိုင်ရန် သွားရောက်ပြသနေခြင်းများရှိနေ ကြောင်းသိရသည်။အကယ်ဒမီစာရင်းဝင်ဇာတ် ကားအဖြစ်သတ်မှတ်ရာတွင် မြန်မာ နိုင်ငံတစ်ဝန်းရှိ မည်သည့်ရုပ်ရှင်ရုံ တွင်မဆို ရက်အကန့်အသတ်မရှိ(တစ်ရက်ပင်ဖြစ်စေ) ရုံတင်ပြသသော ရုပ်ရှင်ဇာတ်ကားများကို အကယ်ဒမီစာရင်းဝင်ဇာတ်ကားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။နယ်မြို့များတွင် ရုံတင်ပြသ သည့်ဇာတ် ကားများကို နိုဝင်ဘာ ၃၀ ရက်အထိသာ အကယ်ဒမီစာရင်းဝင်ဇာတ်ကားများအဖြစ် စာရင်းယူမည်ဖြစ်သော်လည်း ရန်ကုန်တွင် ဒီဇင်ဘာလကုန်အထိ ရုံတင်ပြသ သော ရုပ်ရှင်ဇာတ်ကားများကို အကယ်ဒမီစာရင်း ဝင်အဖြစ် သတ် မှတ်မည်ဖြစ်ကြောင်း သိရသည်။၂၀၁၆ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်ပြုလုပ်နိုင် ရန်စီစဉ်သွားမည်ဖြစ်သည်။

NN
#Democracytoday
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616