Main menu
HOT NEWS
adv
'အနုပညာအလုပ်တွေ လုပ်တဲ့နေရာမှာ ကိုယ့်အတွက်ကောင်းမယ်၊ အခွင့်အရေး ရလာတဲ့အပေါ် မူတည်ပြီးတော့ပဲ လုပ်သွားမယ်' မိုးယုစံ

'အနုပညာအလုပ်တွေ လုပ်တဲ့နေရာမှာ ကိုယ့်အတွက်ကောင်းမယ်၊ အခွင့်အရေး ရလာတဲ့အပေါ် မူတည်ပြီးတော့ပဲ လုပ်သွားမယ်' မိုးယုစံ

ရန်ကုန်၊ အောက်တိုဘာ ၃၀

သရုပ်ဆောင်မိုးယုစံနှင့် ကိုစွမ်းသူမိုးတို့၏ ထိမ်းမြားမင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်တွင် MELIA Hotel တွင် ကျင်းပပြုလုပ်ခဲ့ကာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်များကိုလျှော့ ပြီးတော့ လုပ်သွားဖို့စဉ်းစားထားတယ်လို့ဆိုလာတဲ့ သရုပ်ဆောင် မိုးယုစံရဲ့ ပြောပြချက်များကိုအခုလိုပဲရေးသားဖော်ပြပေးလိုက်ပါတယ်။

''နောက်ပိုင်းအနုပညာအလုပ်တွေလုပ်ဖို့အတွက် ခင်ပွန်းသည်နဲ့ရော ဘယ်လိုမျိုးနားလည်မှုယူထားလဲဆိုတော့ သူကအလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့စာသားကို လက်ကိုင်ထားတဲ့သူတစ်ယောက်ပါ။ မိုးယု ဘယ်အလုပ်ပဲ လုပ်လုပ် မိုးယုလုပ်တဲ့အလုပ်ကို သူကတန်ဖိုးထားပါတယ်။ ဒါပေမဲ့ မိုးယုကိုယ်တိုင်က အနုပညာအလုပ်ကို ဝါသနာအလျောက်လုပ်တယ်ဆိုပေမယ့် နောက်ပိုင်းမှာရလာတဲ့ အခွင့်အရေးပေါ်မူတည်ပြီးတော့ပဲ အနုပညာ အလုပ်တွေကိုလုပ်ပါတော့မယ်။ နောက်ပိုင်းဆိုရင်တော့ မိုးယုအနုပညာအလုပ်တွေလုပ်တဲ့နေရာမှာ လျော့နည်း သွားတာတွေလည်းရှိနိုင်ပါတယ်။ မိသားစုနဲ့ဖြစ်လာပြီဆိုတော့ မိုးယုအတွက် နံပါတ်တစ်က မိသားစုပါ။ မိသားစုနဲ့ဖြစ်သွားပြီဖြစ်တဲ့အတွက် မိုးယုရဲ့အချိန် တွေကို မိသားစုကိုပိုပြီးတော့ ဦးစားပေးဖြစ်နေမယ်။ အနုပညာအလုပ်တွေလုပ်တဲ့ နေရာမှာ ကိုယ့်အတွက်ကောင်းမယ်၊ အခွင့်အရေးရလာတဲ့အပေါ် မူတည်ပြီး တော့ ပဲလုပ်သွားမယ်။ မိုးယုအရင်လောက်တော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပါဘူး။ အဲဒီအတွက်လည်း ပရိသတ်တွေကို မိုးယုကကြိုပြီး တော့ တောင်းပန်ပါတယ်။ ပရိသတ်တွေဘက်ကလည်း မိုးယုကို နားလည်ပေးမယ်လို့ မိုးယုဘက်က အပြည့်အဝယုံကြည်ပါတယ်''              

NN

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616