Main menu
HOT NEWS
adv
အမေရိကန် ရုံဝင်ငွေစာရင်းမှာ တာထွက် မကောင်းခဲ့တဲ့ မင်းသားကြီး တွမ်ဟန့်စ်၏ ' Inferno ' ရုပ်ရှင်

အမေရိကန် ရုံဝင်ငွေစာရင်းမှာ တာထွက် မကောင်းခဲ့တဲ့ မင်းသားကြီး တွမ်ဟန့်စ်၏ ' Inferno ' ရုပ်ရှင်

နယူးယောက်၊ အောက်တိုဘာ ၃၁

DaVinci ရုပ်ရှင်အတွဲ၏ တတိ ယမြောက်အခန်းဆက်ရုပ်ရှင် Inferno သည် အမေရိကန်ရုံဝင်ငွေစာ ရင်းတွင် တာထွက်မကောင်းခဲ့ကြောင်း သိရသည်။ သောကြာနေ့တွင် နိုင်ငံ တစ်ဝန်းရှိ ရုပ်ရှင်ရုံပေါင်း ၃၅၇၆ ရုံမှ ရုံဝင်ငွေ ဒေါ်လာ ၅ ဒသမ ၆ သန်းရရှိခဲ့ပြီးနောက် စုစုပေါင်းရုံဝင် ငွေ ဒေါ်လာ ၁၆ သန်းနီးပါးသာလျှင် ရရှိခဲ့သောကြောင့် အခြေအနေမလှခဲ့ပေ။ ဟောလိုးဝင်းရုံးပိတ်ရက်တွင် နံပါတ်-၁ နေရာ၌ ရပ်တည်နေသည့်  'Boo A Madea Halloween' ရုပ်ရှင်နှင့် သူမသာကိုယ်မသာယှဉ် နိုင်သည့် ရုံဝင်ငွေဖြစ်သည့် ဒေါ်လာ သန်း ၂ဝ နှင့် ၃ဝ ကြားရရှိနိုင်လိမ့်မည်ဟု ကနဦးကခန့်မှန်းထားခဲ့ကြသည်။

တွမ်ဟန့်စ်နှင့် ဖီလစ်စီတီဂျုံးစ် တို့ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက် တာရွန်ဟောဝက်ရိုက်ကူးသည့် သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ဝတ္ထုသည် ရုံဝင်ငွေဒေါ်လာ ၇၇သန်း ကျော်ရရှိခဲ့သည့် 'The Da Vinci Code'  ရုပ်ရှင်နှင့် ဒေါ်လာ ၄၆ သန်း ရရှိခဲ့သည့် 'Angels & Demons'  ရုပ်ရှင်တို့၏ စံချိန်ကိုကျော်တက်နိုင် ခဲ့ခြင်းမရှိပေ။ ထင်မှတ်ထားသလောက် ရုံဝင်ငွေမရရှိသည့် အကြောင်းရင်း တစ်ရပ်မှာ ဟောလိုးဝင်း ပွဲတော်ကာ လဖြစ်သည့်အတွက် ရုပ်ရှင်ချစ်ပရိ သတ်အနေဖြင့် ပါတီပွဲများသို့တက် ရောက်နေကြခြင်းကြောင့် ဖြစ်နိုင် ကြောင်း သုံးသပ်နေမှုများလည်းရှိ သည်။ ထို့ပြင် စီးရီးဇာတ်လမ်းတွဲများ လည်း စတင်ပြသနေပြီး အမေရိကန် သမ္မတလောင်းစကားစစ်ထိုးပွဲကလည်း အရှိန်မြင့်နေဆဲကာလနှင့် တိုက် ဆိုင်နေသည်။


Inferno  ရုပ်ရှင် ရိုက်ကူးကုန် ကျစရိတ်သည် ဒေါ်လာ ၇၅ သန်းခန့်သာရှိပြီး ယခင်ကထွက်ရှိခဲ့သည့် ရုပ်ရှင်နှစ်ခုမှာ ဒေါ်လာသန်း ၁၅ဝ ကျော်ခဲ့သည့်အတွက် ခန့်မှန်းထားသည့် ရုံဝင်ငွေမရရှိပါကလည်း ထုတ် လုပ်သည့် ဆိုနီကုမ္ပဏီအတွက် သိသာသောထိခိုက်မှုဖြစ်လိမ့်မည်မဟုတ်ပေ။ အမေရိကန်ပြည်တွင်းတွင် ရုံဝင်ငွေရနည်းသော်လည်း နိုင်ငံတကာရှိ ရုပ်ရှင်ရုံများတွင် ရုံဝင်ငွေ ဒေါ်လာသန်း ၁၅ဝ ဖြင့် အောင်ပွဲခံ လျက်ရှိသည်။

Ref: Contactmusic

 ]Inferno}
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616