Main menu
HOT NEWS
adv
ခိုးကူးခွေ ရောင်းချသူတွေကို ကျီးလန့်စာစာ ရောင်းချနေသော ဘဝမှ ရဲရဲဝံ့ဝံ့ ရောင်းချနိုင်တဲ့ ဘဝရောက်အောင် ကူညီမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဆို

ခိုးကူးခွေ ရောင်းချသူတွေကို ကျီးလန့်စာစာ ရောင်းချနေသော ဘဝမှ ရဲရဲဝံ့ဝံ့ ရောင်းချနိုင်တဲ့ ဘဝရောက်အောင် ကူညီမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဆို

ရန်ကုန် နိုဝင်ဘာ ၎

ခိုးကူးခွေရောင်းချသူတွေကိုကျီးလန့်စာစာရောင်းချနေသောဘဝမှ ရဲရဲဝံ့ဝံ့ရောင်းချနိုင်တဲ့ ဘဝ ရောက် အောင်ကူညီမယ်လို့ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ အနုပညာ ချိုးဖော က် ခံရမှုကာကွယ်တားတီးရေး ပူးပေါင်း ကော်မတီ၏ လုပ်ငန်းစဉ်များ အသိပေးရှင်း လင်းခြင်းအခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကပြောပါတယ်။

ယခုအဖွဲ့အစည်းက ခိုးကူးခွေကိုကျီးလန့်စာစာရောင်းချနေသောဘဝမှ ရဲရဲဝံ့ဝံ့ရောင်းချနိုင်တဲ့ ဘဝ ရောက်အောင်ကူ ညီမယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် အနုပညာဆိုင်ရာမူပိုင်ခွင့်ချိုး ဖောက်ခံရမှုများနဲ့တရား မဝင် ခိုးကူးခွေများရောင်းချနေမှုတွေကို အနုပညာရှင်များ စုပေါင်းကာကွယ်မယ်လို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။  “ ကျွန်တော်တို့အဖွဲ့အစည်းဟာ ဥပဒေပြုရေး တရားစီရင်ပိုင်ခွင့် ရှိ တဲ့ အဖွဲ့အစည်းမဟုတ်တဲ့ အတွက် နိုင်ငံခြားကားရောင်းချခြင်းကို တားဆီး ပိတ်ပင်နိုင်ခြင်း မရှိပါဘူး” လို့ ၄င်းက ဆက်လက်ပြော ကြားခဲ့ပါတယ်။

သဘင်သည်များအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်ကတော့ ယခုဖွဲ့စည်းထားတဲ့ကော်မတီဟာ သူများ တွေဒုက္ခ ရောက်ဖို့ အတွက်မဟုတ်ပါဘူး။ ကိုယ့်အနုပညာ ကာကွယ်ရင်းနဲ့ဖွံ့ဖြိုးတိုးဆက်အောင် စည်းမျဉ်းစည်းကမ်းနဲ့ညီတဲ့ ကိစ္စ ရပ် တွေကို အနုပညာအဖွဲ့အစည်းတွေက ပူးပေါင်း ဆောင်ရွက်တဲ့ ကော်မတီ ဖြစ်တယ်လို့ ကော်မတီရဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ စောင့်ရှောက်တယ် ကာကွယ်တယ်ပြောပေမဲ့ အဲဒီအနုပညာ သမားတွေကိုယ်တိုင် ချိုးဖောက်တဲ့ သူတွေဖြစ်နေတတ်တယ် “ လို့ တေးသီချင်းမူပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးသုခမိန်လှိုင်က အဆိုပါပွဲမှာ ပြောကြားခဲ့ပါတယ်။ ယခုကော်မတီကို ရုပ်ရှင်၊ ဂီတ၊ သဘင် တေးသီချင်း  မူပိုင်ရှင်များ ရုပ်မြင်သံကြားနှင့် အသံလွှင့် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ များဖြင့် ၂၀၁၆ ခုနှစ်အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616