HOT NEWS
Main menu
၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ နောက်ဆုံးအဆင့် ဆန်ခါတင် ရုပ်ရှင် ဆယ်ကားသာ အရွေးချယ်ခံရ

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ နောက်ဆုံးအဆင့် ဆန်ခါတင် ရုပ်ရှင် ဆယ်ကားသာ အရွေးချယ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၃

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ရုပ် ရှင်ဇာတ်ကား ၃၃ ကားရှိသည့်အနက် နောက်ဆုံးအဆင့် ဆန်ခါတင် ၁ဝ ကားသာရွေးချယ်ခံရကြောင်း သိရသည်။ ''အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၃၃ ကား ထဲကနေပြီးတော့ အခုအကြိမ်ကြိမ်အကဲဖြတ် စစ်ဆေးလာခဲ့တာဆိုရင် နောက်ဆုံးအဆင့် ၁ဝ ကားပဲ ဆန်ခါတင်ရွေးချယ်ခံရပါတယ်။ အဲဒီနောက်ဆုံးရွေးချယ်ခံထားရတဲ့ ဆန်ခါတင် ၁ဝ ကားထဲကနေပြီးတော့ပဲ အကယ်ဒမီဆုတွေ ပေးသွားမှာပါ''ဟု မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးနာယက ဦးနှင်းမိုးကပြောသည်။


ယခင်နှစ်များကထက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ ပိုမိုများပြားခြင်းမှာ ယခုနှစ်တွင် တန်းစီစနစ်ဖြင့်ရုံတင်ပြသခြင်း၊ ရုံပြိုင်စနစ်ဖြင့် ရုံတင်ပြသခြင်းအပြင် အကယ်ဒမီစာရင်းဝင်နိုင်ရန်အတွက် ရန်ကုန်မြို့ အပါအဝင် နယ်မြို့များတွင်ပါတစ်ရက်တာ ရုံတင်ပြသခြင်းများပါရှိနေခြင်းကြောင့် ယခုကဲ့သို့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ များပြားခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအဆင့် ဆန်ခါတင် ၁ဝ ကားစာ ရင်းတွင် ပါဝင်သော ရုပ်ရှင်ဇာတ်ကား နာမည်များအား တရားဝင်ထုတ်ပြန် ကြေညာမည်မဟုတ်ကြောင်းနှင့် ယင်းရုပ်ရှင်ဇာတ်ကားများထဲမှ အကယ်ဒမီဆု ပေးအပ်ချီးမြှင့်ရန်အတွက် အကယ်ဒမီအကဲဖြတ် စိစစ်ရေး အဖွဲ့မှ ထပ်မံစိစစ်အကဲဖြတ်နေကြောင်း သိရသည်။


၂ဝ၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၃၃ ကားမှာ 'အနူးဘစ်'၊ 'စားတယ်'၊ 'ချစ်လှစွာသောအမုန်း'၊ 'အချစ်စစ်'၊ 'ပြန်ခေါ်သက်သေ'၊ 'ဖေ့စ်ဘုတ်ရွာ'၊ 'ခိုးဆိုးလုနှိုက်'၊ 'ရုံးပတီသီးလေးများ'၊ 'မနောမြေ မှကျောက်စိမ်းကမ္ဘာ'၊ 'အီဖေကိုယ်တို့ရွေးကောက်ပွဲ'၊ 'မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ်'၊ 'ကျွန်တော်ကျွန်မယောက်ျားဗိုက်ကြီးသည်'၊ 'အုတ်ကြားမြက်ပေါက်'၊ 'ရပ်ကွက်ဘုရင်မ'၊ 'မှော်ကျောက်စာ' ၊'ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း'၊ 'ကာလာစုံလက်ဆင်'၊ 'လူးရတနာသိုက်'၊ 'အေဒင်ရဲ့ နတ်သမီး'၊ 'ဘောစိ'၊ 'သင်္ကြန်ပြတိုက်'၊ 'ရပ်ကွက်ဘုရင်မ ၂' ၊'ဘန်ကောက်မှမန္တလေးသို့'၊ 'ရွှေဒင်္ဂါးကိုထွေခင်း ကစားမယ်'၊ 'နှစ်ယောက်တစ်ဘဝ'၊ 'ဘွန္တောကြက်သူခိုး'၊ 'ငဘ'၊'မင်းလည်း ဘိုကေငါလည်းဘိုကေ'၊ 'ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ'၊ 'မေထုန်ရာသီဖွား'၊ 'နှင်းဆီပန်သူ'၊ 'မယုံရင်ပုံပြင်မှတ်' ရုပ်ရှင်ဇာတ်ကားတို့ ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လအတွင်းပြုလုပ်ရန် လျာထားသတ် မှတ်ထားကြောင်းသိရသည်။


NN

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS