Main menu
HOT NEWS
adv
မြန်မာသံသီချင်းတွေက သာယာငြိမ့်ညောင်းတဲ့ဂီတလို့ ကျွန်တော် ခံစားရတယ် ဆိုတဲ့ ထွန်းကိုကို

မြန်မာသံသီချင်းတွေက သာယာငြိမ့်ညောင်းတဲ့ဂီတလို့ ကျွန်တော် ခံစားရတယ် ဆိုတဲ့ ထွန်းကိုကို

ကလောင် - Olive

PRESTIGE  ရဲ့ Brand Ambassador ဖြစ်သူ ထွန်းကိုကို ကို အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက် လို့ မေးဖြစ်ခဲ့ပါတယ်။

Q. ကိုယ် Ambassador  လုပ် မယ့် ကုန်ပစ္စည်းကို ဘာတွေကြည့် ပြီး လက်ခံဖြစ်လဲ။
A. ကုန်ပစ္စည်းတစ်ခု Brand Ambassador အဖြစ် လက်ခံဖို့ဆို အရင်က ကိုယ်လက်ခံဖူးတဲ့ ကုန် ပစ္စည်းနဲ့ အမျိုးအစားတူလား အရင် ကြည့်တယ်။ ပြီးတော့ Brand  ရဲ့ Quality  ကိုကြည့်တယ်။ ဒီ Brand  ကြောင့် ကိုယ့်ကို လူသိစေသလို ကိုယ့်ကြောင့်လည်း ဒီ Brand ကို ယုံကြည်လက်ခံတာမျိုးဖြစ်စေချင် တယ်။

Q. Brand Ambassador တစ်ယောက်လုပ်ရတဲ့ခံစားချက်က ရော။
A. ကိုယ့်ကို အနုပညာကြေး ပေးပြီး ခန့်ပေမယ့် ကိုယ့်အတွက် မိသားစုဝင်တစ်ဦးလို သဘောထား တယ်။

Q. မန္တလေးမှာ ရုပ်ရှင်ရိုက်ခဲ့တဲ့ အမှတ်တရခံစားမှုပြောပေးပါ။
A.  မန္တလေးမှာ ရတနာပုံဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်တယ်။ တစ် ခါမှဇာတ်လမ်းတွဲမရိုက်ဖူးဘူး။ ဒါ ပထမဦးဆုံးပဲ။ ရက်အကြာကြီးရိုက် ရတယ်။ မန္တလေးမှာ ရက်အကြာ ကြီး ဒီလောက်မနေဖူးဘူး။ ဒါ အတွေ့အကြုံသစ်ပေါ့။ ပြီးတော့ မန္တလေးပရိသတ်ရဲ့ အားပေးမှုရယ်၊ မန္တလေးမှာ ခုလိုရိုက်ရတဲ့အတွက် လည်း ဂုဏ်ယူမိတယ်။

Q. ခု မြန်မာသံသီချင်းတွေ လည်း ဆိုနေတာတွေ့တယ်။ အဆိုတော်လုပ်ဖို့အစီအစဉ်ရှိလား။
A. အဲဒါကလုပ်ဖို့ လိုပါသေးတယ်။ လောလောဆယ် စဉ်းစားနေ ပေမယ့်အစီအစဉ်တော့မရှိသေးပါ ဘူး။ အဆိုတော်လည်းမဟုတ်ဘဲနဲ့ သီချင်းတွေဆိုနေရတယ်။ ဒါပေမဲ့ ခေတ်ပေါ်လည်းမဟုတ်ပြန်ဘူး။ မြန် မာသံဘက်ဆန်တဲ့သီချင်းတွေ၊ သီချင်းကြီးတွေ၊ လူငယ်တွေနားထောင် ရင် ပျင်းတယ်၊ အိပ်ချင်တယ် ပြော ကြပေမယ့် ကျွန်တော်က မြန်မာသံ တွေခံစားလို့ရတယ်။ နှစ်သက်တယ်၊ ကြိုက်တယ်။ ကျွန်တော့်နားထဲမှာ မြန်မာသံတွေက အရမ်းသာယာငြိမ့် ညောင်းတဲ့ဂီတသံလို့ ခံစားလို့ရ တယ်။

Q. ဒီနှစ်ရော City Director လုပ်ဖြစ်ဦးမလား။
A.  မလုပ်ဖြစ်တော့ဘူးဗျ။ အရမ်းလည်းပင်ပန်းတယ်။ တာဝန် ကြီးတယ်။ ကျွန်တော်အနုပညာ အလုပ်တွေလုပ်နေရတာမို့ တာဝန် တွေလစ်ဟင်းမှာစိုးတာကြောင့် ကိုယ်ကောင်းကောင်းတာဝန်မယူ နိုင်ရင် မလုပ်တာကောင်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။

Credit : 8DAYS Journal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616