HOT NEWS
Main menu
''ဒီနိုင်ငံမှာက အခွေထုတ်မှ အဆိုတော်ဆိုပြီးတော့ သတ်မှတ်ကြတယ်'' ဆိုဖီယာ

''ဒီနိုင်ငံမှာက အခွေထုတ်မှ အဆိုတော်ဆိုပြီးတော့ သတ်မှတ်ကြတယ်'' ဆိုဖီယာ

''နောက်ကျောကဓား' 'ဗီဒီယိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နေသော Myanmar Idol Season 1 မှ တေးသံရှင်ဆိုဖီယာက ရှေ့ဆက်လုပ်ဆောင်မယ့် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီတူဒေး ရဲ့မေးမြန်းမှုအပေါ် အခုလို ဖြေကြားခဲ့ပါတယ်။


မေး - ဆိုဖီယာက သီချင်းဆိုတာ ရော သရုပ်ဆောင်အလုပ်ပါတွဲလုပ် နေပြီဆိုတော့ အလုပ်နှစ်ခုကို ဘယ် လို မျှအောင်လုပ်သွားမလဲ။

ဖြေ - သီချင်းဆိုတာကတော့ ညီမအတွက် တကယ်လုပ်နိုင်တဲ့ အလုပ်လည်းဖြစ်တယ်။ ဒီသရုပ်ဆောင်တာကျတော့ ညီမ ဝါသနာသက်သက် လုပ်တာပါ။ ညီမက အဆို၊ အက၊ သရုပ်ဆောင် အဲဒါတွေကို ဝါသနာပါ တယ်။ ဒါပေမဲ့ သရုပ်ဆောင်တာကတော့ အချိန်တော်တော်ပေးရတယ်။ နောက် ကိုယ်က နောက်တစ်ယောက်အနေနဲ့ပြောင်းပြီး ကာရိုက်တာအလိုက် သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ပိုပြီးတော့လည်း ကြိုးစားရ တယ်။ သီချင်းဆိုရတာနဲ့တော့ မတူပါဘူး။ နောက်ပိုင်းတွေကတော့ အဆိုဘက်ကိုပဲ ပိုပြီးတော့လုပ်ဖြစ်နေမှာပါ။


မေး - တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ - ပထမကတော့ ဒီဇင်ဘာလလောက်ကတည်းကလုပ်မလို့ပါ။ ရိုက်ကူးရေးတွေရှိနေတာနဲ့ နောက်ကျသွားတယ်။ အခုလည်းလုပ်နေပါတယ်။ အခုရိုက်နေတဲ့ဇာတ်ကားပြီးတာနဲ့ သေချာလုပ်တော့မယ်။ ဖေဖော် ဝါရီလောက် ထွက်နိုင်အောင်လုပ်မယ်။ အခွေနာမည်ကိုတော့ အခုမ ပြောသေးပါဘူး။ သီချင်းတွေက တော့ ၁ဝ ပုဒ်လောက်ပါမယ်။ အခွေထွက်ရင်လည်း Audio CD ပဲ ထွက်လာမှာပါ။ MTV ကိုတော့ ခွေလိုက် မလုပ်ဘဲ တစ်ပုဒ်ချင်းစီ Online မှာ တင်ဖို့အစီအစဉ်ရှိပါတယ်။ MTV မှာကလည်း ကိုယ်တိုင်ပဲပါဝင်သရုပ် ဆောင်မှာပါ။ ညီမသဘောကတော့ ဖြစ်နိုင်ရင် အခွေမထုတ်ချင်ဘူး။ Facebook  ပေါ်ကနေပဲ ဖြန့်ချင်တာ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာက အခွေထုတ်မှအဆိုတော်ဆိုပြီးတော့ သတ်မှတ်ကြတယ်။ ညီမက ပရိသတ်တွေကို Free ပဲ နားထောင်စေချင်တယ်။ အဓိကကတော့ ကိုယ့်သီချင်းတွေကို ပရိသတ်တွေ နားထောင်နေဖို့ အတွက်ပါပဲ။ ဒီအခွေကြီးဝယ်မှ မဟုတ်ပါဘူး။ ကိုယ်အခွေမှာ သီချင်းတွေရေးဖို့ကကျတော့ ကိုယ်ကမြန်မာလိုရေးဖို့ သိပ် အဆင်မပြေလို့ပါ။ ရေးကြည့်ပါသေး တယ်။ နောက်ပိုင်းတော့ ရေးနိုင်အောင် လုပ်မှာပါ။


မေး - ပရိသတ်တွေကိုရော ဘာများ ပြောချင်လဲ။

ဖြေ - အခုက ၂ဝ၁၇ နှစ်စပိုင်း ဖြစ်တယ်။ အခုညီမက အဆိုရော သရုပ်ဆောင်ပါလုပ်နေပါတယ်။ ဒီနှစ်ဖက်စလုံးမှာ အကောင်းဆုံးလုပ်နေပါတယ်။ အားပေးကြပါ။ အားနည်းချက်တွေရှိနေရင်လည်း ခွင့်လွှတ် ပေးပါ လို့ ပြောချင်ပါတယ်။


KZYH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS