HOT NEWS
Main menu
adv
''သမက်တော် . .ကွက်ကျော်'' နှင့် ''ယောက်ျားဆို . . လာထား'' ရုပ်ရှင် ဇာတ်ကားကြီးတို့ ကန်တော့ပွဲပေး

''သမက်တော် . .ကွက်ကျော်'' နှင့် ''ယောက်ျားဆို . . လာထား'' ရုပ်ရှင် ဇာတ်ကားကြီးတို့ ကန်တော့ပွဲပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရတနာရွှေပင်ဆင့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ စီစဉ်သော ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ကန်တော့ပွဲကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၁ဝ နာရီက M3-Food Center တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ ဇာတ်ကားနှစ် ကားမှာ ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးသော ''သမက်တော်...ကွက်ကျော်'' ရုပ်ရှင်ဇာတ်ကားကြီးနှင့် ဒါရိုက်တာ မောင်မောင်မြင့်လွင်(ဓာတ်ပုံ) ရိုက်ကူးပုံဖော်သော ''ယောက်ျားဆို...လာထား''ရုပ်ရှင်ဇာတ်ကားတို့ဖြစ် သည်။

 

''သမက်တော်..ကွက်ကျော်''ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်များအနေဖြင့် ရဲအောင်၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာကျော်၊ သူရိယ၊ Wai လျှံ (အဆိုတော်)၊ ဒိန်းဒေါင်၊ ပွင့်၊ မျိုးမျိုး ခိုင်နှင့် အခြားအနုပညာ ရှင်ပေါင်းများစွာ ပါဝင်သွားမည်ဖြစ်ကာ အဆိုပါဇာတ်ကားတွင်ပါဝင်သော သရုပ်ဆောင်အချို့က ယခုလို ပဲပြောပြခဲ့ပါသည်။


ဒါရိုက်တာရာဇဝင်ကို

''ဇာတ်လမ်း ပုံစံလေးကတော့ အိမ်ထောင်စုနှစ်စု။ ကိုရဲအောင်နဲ့ မစိုးမြတ်သူဇာနဲ့က ငယ်ရည်းစားတွေ။ သူတို့တွေကွဲသွားကြတယ်။ သူတို့ပြန်တွေ့တဲ့အချိန်မှာ သားသမီးတွေရှိနေကြပြီ။ သူတို့အိမ်ထောင်ဖက်တွေ ကတော့သေသွားပြီ။ သူတို့ချင်းပြန်ပေါင်းချင်တယ်။ သဘောကတော့ သူတို့ကသားသမီးတွေကို အရင်ပေးစားချင်ကြတယ်။ မိသားစု နှစ်စုကိုတစ်စုတည်းပေါင်းချင်တဲ့သဘောပါ။ အရင်ဆုံးအကြီးဖြစ်တဲ့ ကိုခန့်စည်သူ ကို မပွင့်နဲ့ပေးစားချင်ကြတယ်။ ကိုခန့်က မပွင့်ကိုမလိုချင်ဘူး။ အဲဒီတော့သူကသမက်တစ် ယောက်အနေနဲ့အကွက်တွေရွှေ့ တာပါ။ စရိုက်မှာကတော့ ဇန်နဝါရီ ၁ဝ ရက်စရိုက်မယ်။ နေရာတွေက တော့ ရန်ကုန်မှာပါပဲ။ မိသားစု အိမ်ထောင်ရေးဇာတ်လေးပါ''


သရုပ်ဆောင်/အဆိုတော် Wai လျှံ

''ကျွန်တော်ကတော့ မကြီးစိုးရဲ့သား။ လူငယ်တစ်ယောက်။အ လုပ်လည်းမရှိတော့ ဟိုသွားဒီသွား နဲ့နေတဲ့လူငယ်တစ်ယောက်နေရာ ကနေသရုပ်ဆောင်ထားပါတယ်''


သရုပ်ဆောင်နန်းခင်ဇေယျာ

''ကျွန်မနဲ့စိုးနန္ဒာကျော်က ညီမတွေပါ။ ကိုခန့်နဲ့ပွင့်တို့ကိုကွက်ကျော်ပြီးတော့ ပေးစားတဲ့ပုံစံလေးသရုပ် ဆောင်ထားပါတယ်'' ''ယောက်ျားဆို..လာထား''ရုပ်ရှင်ဇာတ်ကားကြီးတွင် ခန့်စည်သူ၊ ရာဇာနေဝင်း၊ ကျော်ကျော် ဗိုလ်၊ လေုဝ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံနှင့် အခြားဟာသသရုပ်ဆောင်များစွာ ပါဝင်သွားမည်ဖြစ်ကာ ယင်းဇာတ်ကားတွင်ပါဝင်သော အနုပညာရှင် အချို့က ယခုလိုပြောပြခဲ့သည်။


သရုပ်ဆောင်ကျော်ကျော်ဗိုလ်

''ကျွန်တော်ရဲ့ ကာရိုက်တာကတော့ နည်းနည်းစမတ်ကျတဲ့သူ တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်''


သရုပ်ဆောင်ခိုင်သင်းကြည်

''အစ်မကာရိုက်တာကတော့ မင်းသားတွေ အကုန်လုံးကို ပတ်မွှေရတဲ့ကာရိုက်တာ။ မကြီးစိုးတို့ မကြီးဂွမ်းတို့ကလည်း မွှေဖို့ပြောတယ်။ကိုယ်တိုင်လည်းလုပ်တယ်။ အဲဒီလိုကာရိုက်တာလေးကနေ သရုပ်ဆောင် ထားပါ တယ်''          

KZYH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS