HOT NEWS
Main menu
၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ကော်မတီကို စတင်ဖွဲ့စည်း

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ကော်မတီကို စတင်ဖွဲ့စည်း

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ထပ်ဆင့်အကယ်ဒမီ ရန်အောင်ဦးဆောင်သော ၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အကယ်ဒမီရွှေကြို ရွေးချယ်ရေးအဖွဲ့တွင် အကယ်ဒမီ ရန်အောင်(ဥက္ကဋ္ဌ)၊ ရဲအောင်၊ အိအိခိုင်(အတွင်းရေးမှူး)၊ အကယ်ဒမီမို့မို့မြင့်အောင်၊ သရုပ်ဆောင်ခင်သန်းနွယ်၊ ဒါရိုက်တာ မောင်ဗေဒါ၊ မီဒီယာလောက မှဦးမြတ်ခိုင်၊ ကိုမျိုး(မြန်မာစာ)၊ အစရှိသော ၁၁ ဦးဖြင့်ဖွဲ့စည်းထား ကြောင်း သိရသည်။


''အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ အတွက်သိပ်မကြာခင်မှာ အကယ်ဒမီရွှေကြိုတွေကိုလည်း စပြီးတော့ ခေါ်ယူသွားတော့မှာပါ။ အကယ်ဒမီ ရွှေကြိုရွေးချယ်ရေးအဖွဲ့ က ရွှေကြို လျှောက် ထားသူတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်းထုတ်ပြန်သွားမယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့သူတွေ အားလုံးလျှောက်ထားနိုင်ပါတယ်။ ဒီနှစ်အကယ်ဒမီရွှေကြိုရွေးချယ်ရေး ကော်မတီမှာ ပါဝင်တဲ့သူတွေအားလုံး နီးပါးက မနှစ်ကရွှေကြိုရွေးချယ်ရေး အဖွဲ့မှာပါဝင်ကြတဲ့သူတွေများပါတယ်'' ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ ဒုဥက္ကဋ္ဌဦးအေးကြူလေးက ပြောသည်။


အကယ်ဒမီရွှေကြိုများရွေးချယ် ခေါ်ယူနိုင်ရန်အတွက် အကယ်ဒမီ ရွှေကြိုရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ပြီဖြစ်၍ အကယ်ဒမီရွှေကြိုများကိုခေါ်ယူနိုင်ရန်အတွက်စီစဉ် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့တွင် ဝါရင့်အနုပညာရှင်များ၊ စာရေးဆရာများ၊ မီဒီယာသမားများနှင့်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အကယ်ဒမီရွှေကြိုလျှောက်ထားရန် စည်းကမ်းချက်များအား မကြာခင် ရက်ပိုင်းအတွင်း အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့မှထုတ် ပြန်ကြေညာသွားမည်ဖြစ်ပြီး ယင်းစည်းမျဉ်းစည်းကမ်းများနှင့်ကိုက် ညီသူမည်သူမဆိုလျှောက်ထားနိုင် ကြောင်းသိရသည်။


အကယ်ဒမီရွှေကြိုများကိုခေါ်ယူပါက ယခင်နှစ်ကအတိုင်းအ ကယ်ဒမီရွှေကြိုယောက်ျားလေးများကို ခေါ်ယူခြင်းပြု၊ မပြုကိုလည်း အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပထမဦးဆုံးအကြိမ်တာဝန်ယူ ဆောင်ရွက်သည့်အချိန်မှစတင်ကာ ယခင်ကအကယ်ဒမီဗန်းကိုင်များကို အကယ်ဒမီရွှေကြိုဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး အကယ် ဒမီရွှေကြို ယောက်ျားလေးများကိုလည်း ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူခဲ့ကြောင်း သိရသည်။ အကယ်ဒမီရွှေကြိုရွေးချယ်ခြင်း ခံရသူများသည် အနုပညာလောက၌လျှောက်လှမ်းရမည့် လမ်းပွင့်သွား ခြင်းဖြစ်ပြီး အကယ် ဒမီရွှေကြိုအ ဖြစ်ရွေးချယ်ခြင်းခံရပြီးနောက်ပိုင်း အနုပညာလောကထဲတွင် အောင် မြင်မှုရရှိနေသည့် အနုပညာရှင်များစွာလည်းရှိသည်။


NN

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS