HOT NEWS
Main menu
adv
သရုပ်ဆောင်အလုပ်နဲ့ အဆိုတော်အလုပ်ကို နောက်ကနေ ဓားထောက်ပြီး ဘာလုပ်မလဲလို့ ရွေးချယ်ခိုင်းရင်တောင် နှစ်ခုစလုံးကို လုပ်သွားမှာပါ ဆိုတဲ့ ကြက်ဖ

သရုပ်ဆောင်အလုပ်နဲ့ အဆိုတော်အလုပ်ကို နောက်ကနေ ဓားထောက်ပြီး ဘာလုပ်မလဲလို့ ရွေးချယ်ခိုင်းရင်တောင် နှစ်ခုစလုံးကို လုပ်သွားမှာပါ ဆိုတဲ့ ကြက်ဖ

သရုပ်ဆောင်နှင့် အဆိုတော် အလုပ်နှစ်ခုလုံးကိုလု ပ်သွားမည်ဆိုသည့် ကြက်ဖက သူ၏ လတ်တလော အနုပညာလှုပ်ရှားမှုများကို ယခုလိုပဲပြောပြခဲ့ပါတယ်။

 

''ကျွန်တော်အခုကတော့ ''ဗီဇ''ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်လုပ်ဖို့ရှိပါတယ်။ ရှေ့ပိုင်းမှာ ကျွန်တော်သရုပ်ဆောင် ခဲ့တာတွေကတော့ ဟာသတွေများပါတယ်။ ဒီလိုမျိုးအတည်ဇာတ် ရုပ်တွေကိုတော့ ကျွန်တော်ဟာသ လုံးဝမပါဘဲ တစ်ကားလောက်ပဲ ရိုက်ဖူးပါတယ်။


ကျွန်တော်ရဲ့ ကာရိုက်တာကတော့ လမ်းပေါ်က လူငယ်တစ်ယောက် သူငယ်ချင်းတွေကို အရမ်းချစ်တတ်တယ်။ နောက် ဒီနှစ်ထဲကျွန်တော်ပါဝင်တဲ့ ကိုယုန်လေးတို့နဲ့ ရိုက်ထားတဲ့ ''လူလိမ်မာနိုင်ငံမှာ ဆရာကျတဲ့လူ''ဆိုတဲ့ဇာတ်ကားက ရုံတင်မယ်ဆိုတော့ ကျွန်တော်ကြည့်ချင်နေပါတယ်။ ကျွန်တော်က သရုပ်ဆောင်ရင် တစ်ခါမှအတည်ဇာတ်ရုပ်တွေမရိုက်ဖူးဘူး။ ဒီတစ်ကားကတော့ အတည်ဆိုတော့ ဘယ်လိုများဖြစ်မလဲဆိုပြီးတော့ကြည့်ချင်ပါတယ်။ ကျွန်တော် အဆိုပိုင်းအနေနဲ့ကတော့ တစ်ကိုယ်တော်အခွေကတော့မထွက်သေးဘူး။ ထွက်ဖို့လိုဦးမှာပါ။ လောလောဆယ်ကတော့ ဂျင်းနီရဲ့ Happy Birthday အခွေထဲမှာ''ဟာပဲဟာပဲ''ဆိုတဲ့သီချင်းတစ်ပုဒ်ရေးပေးထားပါတယ်။ ကျွန်တော့်ကို သရုပ် ဆောင်အလုပ်နဲ့ အဆိုတော်အလုပ်တွေကို နောက်ကနေ ဓားနဲ့ ထောက်ပြီး ဘာလုပ်မလဲလို့ရွေးချယ်ခိုင်းရင်တောင် နှစ်ခု စလုံးကိုလုပ်သွားမှာပါ။


ကျွန်တော်သရုပ်ဆောင်လုပ်ရင်တော့ ကာရိုက်တာတွေကို အရမ်းကြီးဆိုးသွမ်းပြီးတော့ မကောင်းတဲ့ကာရိုက်တာ မဟုတ်တဲ့ကာရိုက်တာတွေကို မကြိုက်ဘူး။ ကျွန်တော်ကြိုက်တာကတော့ ဟာသကာရိုက်တာတွေကိုကြိုက်ပါတယ်။ မကောင်းတဲ့ကာရိုက်တာတွေကို အဲဒီလိုကာရိုက်တာတွေကို ဘာလို့မကြိုက်တာလဲဆိုတော့ တစ်ကားလုံးတင်းထားရတယ်။ ပင်ပန်းတယ်။ အဲဒါကြောင့် မကြိုက်တာပါ။ နည်းနည်းတော့ဂျီးများရာတော့ကျတယ်။  သင်္ကြန်မှာကတော့ ကျွန်တော်အမေနဲ့ တရားစခန်းကို သွားဖို့ရှိပါ တယ်။ နောက် Hip Hop  လောကမှာ မျိုးဆက်သစ်လူငယ်တွေပေါ်လာတယ်။ လုပ်ပါ တကယ်ကောင်းပါတယ်။ သူတို့ကို တစ်ခုတော့ပြောချင်ပါတယ်။ လမ်းကြောင်းတော့မလွဲစေချင်ပါဘူး။ ပရိသတ်တွေကိုပြောချင်တာကတော့ ၂ဝ၁၇ လည်းရောက်လာပြီး ခေတ်တစ်ခေတ်ကိုလည်း ပြောင်းလဲနေပါပြီ။ ကိုယ်ကိုယ်တိုင်လည်း ပြောင်းလဲပါလို့ပြောချင်ပါတယ်။

KZYH

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS