Main menu
HOT NEWS
adv
Rock n' Roll ဂီတလမ်းဖောက်ခဲ့သူ ချက်ခ်ဘယ်ရီ အသက်(၉၀)တွင် ကွယ်လွန်

Rock n' Roll ဂီတလမ်းဖောက်ခဲ့သူ ချက်ခ်ဘယ်ရီ အသက်(၉၀)တွင် ကွယ်လွန်

Rock n' Roll ဂီတအတွက် ဦးဆောင်လမ်းဖောက်ခဲ့သူတစ်ဦး ဖြစ်သော ချက်ခ်ဘယ်ရီသည် အသက် (၉၀)အရွယ်တွင် အမေရိကန်ပြည် ထောင်စု မစ်ဆူရှီပြည်နယ်ရှိ ၎င်းင်း၏ နေအိမ်၌ မတ် ၁၈ ရက်တွင်ကွယ် လွန်အနိစ္စရောက်ခဲ့သည်။ အဲလ်ဗစ်ပရက် စလေ ကို Rock n' Roll  ဘုရင်ဟု ကင်ပွန်းတပ်လေ့ ရှိသော်လည်း ချက်ခ်ဘယ်ရီသည် လည်း Rock n' Roll ဂီတအတွက် အရေးပါခဲ့သူတစ်ဦးဖြစ်ကြောင်း ဂီတသမိုင်းပညာရှင်များက သုံး သပ်သည်။

ချက်ခ်ဘယ်ရီသည် Rock n' Roll ဂီတ၏ပထမဆုံးဂီတာပလေ ယာ၊ သီချင်းရေးဆရာတစ်ဦးအဖြစ် ၁၉၅၀ ပြည့်လွန်နှစ်များတွင် ပေါ် ထွန်းလာခဲ့သည်။ ချက်ခ်ဘယ်ရီရေး စပ်ခဲ့သော  ''Johnny B.Goode", ''Roll Over Beethoven", ''Sweet Little Sixteen", ''Maybellene", ''Memphis"  စသည့်သီချင်းများသည် ၂၀ ရာစု၏ အကျော်ကြားဆုံးသီချင်း များ၊ ဘယ်တော့မှမရိုးနိုင်သော သီ ချင်းများဖြစ်ခဲ့သည်။

ကိတ်ရစ်ချက်စ်၊ ပေါလ်မက္ကာ ကနေ၊ ဂျွန်လင်နွန်၊ ဘရုစ်စပရင်း စတီးန်စသော ဂီတအကျော်အမော် ကြီးများသည် ၎င်းင်းတို့၏ငယ်ဘ၀တွင် ချက်ခ်ဘယ်ရီကို လေးစားအားကျ အတုယူခဲ့ရသည်။ ဘော့်ဘ်ဒိုင်လန် ကဆိုလျှင် ချက်ခ်ဘယ်ရီသည် Rock n' Roll  ဂီတ၏ ရှိတ်စပီးယား ဖြစ်သည်ဟု အမွှန်းတင်ချီးကျူးခဲ့ဖူး သည်။

3000

The Beatles  နှင့်   The Rolling Stones  တို့ကသာမက အဲလ်ဗစ်ပရက် စလေကပင် ချက်ခ်ဘယ်ရီ၏သီချင်း များကို ပြန်လည်သီဆိုခဲ့ကြသည်။

ဂျွန်လင်နွန်က " Rock n' Roll"  ကို တခြားနာမည်တစ်ခုနဲ့ခေါ်ဖို့ ခင်ဗျား ကြိုးစားမယ်ဆိုရင် ချက်ခ် ဘယ်ရီလို့ပဲ ခင်ဗျားခေါ်ရပါလိမ့် မယ်" ဟု ပြောခဲ့ဖူးသည်။

Ref:AFP

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191