Main menu
HOT NEWS
adv
ပွဲပြီး မီးမသေသေးတဲ့ အော်စကာဆုပေးပွဲက ဝတ်စုံများ

ပွဲပြီး မီးမသေသေးတဲ့ အော်စကာဆုပေးပွဲက ဝတ်စုံများ

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲ ပြီးဆုံးခဲ့တာ ကြာနေပြီဖြစ်ပေမယ့် ပွဲပြီး မီးမသေသေးတဲ့ အကြောင်းအရာတချို့တော့ ရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာကျော်အနု ပညာရှင် အတော်များများ တက်ရောက်ကြတဲ့ ဒီဆုပေးပွဲမှာ ပရိသတ်တွေဟာ ဘယ်သူက ဘာဆုရ တယ် ဆိုတာတင်မဟုတ်ဘဲ ဘယ်သူက ဘယ်လိုပုံစံမျိုး ဝတ်ဆင်လာသလဲဆိုတာကိုလည်း အထူး စိတ်ဝင်စားကြပါတယ်။

ဒါကြောင့် အော်စကာဆုပေးပွဲက တချို့အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေနဲ့ ဖက်ရှင်ပြပွဲလို့လည်း သတ်မှတ်ကြပါတယ်။ ပွဲပြီး မီးမသေသေးတဲ့ အကြောင်းအရာအချို့မှာ ပါဝင်နေတဲ့ အော်စကာဆုပေး ပွဲက အဆိုးရွားဆုံး ဖက်ရှင်ဒီဇိုင်းပိုင်ရှင်တွေကို The Sun သတင်းက အခုလို ဖော်ပြထားပါတယ်။

ဂျန်းနယ်လီမိုနေး

Janelle Monae

ဝတ်စုံကြောင့် အပြောခံခဲ့ရသူတွေထဲမှာ ဂျန်းနယ်လီမိုနေးလည်း ပါတယ်။ သူ့ရဲ့ အနက်ရောင်ဂါဝန်ဟာ ဝေဖန်သူတွေအတွက် တော်တော်လေး ပြောစရာဖြစ်ခဲ့ပြီး အဲလိဇဘတ် ဘုရင်မကြီးရဲ့စတိုင်ကို အတုခိုးတာလားလို့ အင်တာနက်အသုံးပြုသူ တစ်ဦးက လှောင်ပြောင်ပါတယ်။ နောက်တစ်ဦးက ဝတ်စုံရဲ့ အပေါ်ပိုင်းဟာ အရမ်းကို ပါးလွှာနေတာကြောင့် ငှက်ဆိတ်ခံရနိုင်တယ် လို့ မင်းသမီးကို သတိပေးသလိုနဲ့ လှောင်ပြောင်ခဲ့ပါတယ်။

ဒါကိုတာဂျွန်ဆန်

Dakota Johnson

ပြီးစီးခဲ့တဲ့ အော်စကာဆု ပေးပွဲမှာ ဝေဖန်ခံရဆုံး ဝတ်စုံပိုင်ရှင် ကတော့ ဒါကိုတာဂျွန်ဆန်ပါ။ ဂျွန် ဆင်ရဲ့ ရွှေဝါရောင်ဂါဝန်ဟာ အင်တာ နက် အသုံးပြုသူတွေရဲ့ လှောင်ပြောင် သရော်စရာဖြစ်ခဲ့ရပြီး ဂါဝန်အရှေ့ ပိုင်းမှာ ထည့်သွင်းထားတဲ့ အဝန်းအ ဝိုင်းပုံစံက ဝတ်စုံကို ဖျက်ဆီးခဲ့တာ လို့လည်း အချို့က ပြောပါတယ်။ အ ချို့သော မှတ်ချက်ပြုသူတွေကတော့ ဒီဝတ်စုံဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းတဲ့ ရှေးဟောင်း ဇာတ်ကား တွေမှာ အသုံးပြုခဲ့တဲ့ ဒီဇိုင်းမျိုးလို့ ပျစ် ပျစ်နှစ်နှစ်ဝေဖန်ခဲ့ပြီး ဝေဖန်သူတစ် ယောက်ကတော့ အော်စကာလို အ ခမ်းအနားမျိုးမှာ ဝတ်မလာသင့်ဘူး လို့ပြောပါတယ်။

စကားလက် ဂျိုဟန်ဆင်

Scarlett Johansson
The Sun သတင်း က ရွေးချယ်ခဲ့တဲ့ အဆိုးရွားဆုံး ဝတ်စုံပိုင်ရှင်စာရင်းမှာ နာမည် ကျော်မင်းသမီး စကားလက်ဂျို ဟန်ဆန်လည်း ပါဝင်နေတယ်။ ဂျိုဟန်ဆင်ရဲ့ ပန်းရောင်ဝတ်စုံ ကို အချို့သော ပရိသတ်တွေက သဘောကျ နှစ်ခြိုက်မှုရှိခဲ့တယ် ဆိုပေမယ့် ဒါကို သဘောမကျ တဲ့ လူအရေအတွက်က ပိုများခဲ့ ပြီး သူ့ဝတ်စုံက ရေချိုးခန်းသုံး ဝတ်ဆင်တဲ့ပုံနဲ့ တူနေတယ်ဆို တဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ် ခဲ့ပြီး မကောင်းတဲ့ ရှေးဟောင်း ဇာတ်ကားတွေမှာ အသုံးပြုခဲ့တဲ့ ဒီဇိုင်းမျိုးလို့ ပျစ်ပျစ်နှစ်နှစ် ဝေ ဖန်ခဲ့ပါတယ်။


လက်စ်လီမန်း

Leslie Mann
ဝတ်စုံနဲ့ပတ်သက် လို့ ဆိုးဆိုးရွားရွား ဝေဖန်ခံခဲ့ရ တဲ့ နောက်တစ်ယောက်ကတော့ လက်စ်လီမန်းပါ။ သူ့ရဲ့ အဝါ ရောင် ဂါဝန်ဟာ တစ်မျိုးအမြင် ဆန်းနေတာဖြစ်ပေမယ့် ဝတ်စုံ ကို မီးပူတိုက်ဖို့ မေ့လာခဲ့သလား လို့ ဝေဖန်သူတစ်ဦးက မေးခွန်း ထုတ်ပါတယ်။ ဒီဝတ်စုံနဲ့ လက်စ်လီ မန်းဟာ ဒစ်စနေး ဇာတ်လမ်း တွဲတွေထဲက ကာတွန်းမင်းသမီး လေးနဲ့ ပိုတူနေတယ်။ နောက် တစ်ဦးက ထပ်မံဝေဖန်ပြီး အချို့ ကတော့ ပွဲတက်ဝတ်စုံ မှားဝတ် လာပုံရတယ်လို့လည်း ဆိုကြပါ တယ်။

တီရီဆာပဲလ်မာ

Tereas Palmer

အသက် ၃ဝ အ ရွယ် Warm Bodies မင်းသမီး တီရီဆာပဲလ်မာရဲ့ ဝတ်စုံကလည်း ပြောစရာ ဖြစ်ခဲ့ပါတယ်။ အဖြူရောင် ဝတ်ရုံရှည်ဟာ သူ့ရဲ့ခန္ဓာ ကိုယ်အလှကို ဖျက်ဆီးပစ် လိုက်တယ်လို့ ဖက်ရှင်ချစ် သူ တစ်ယောက်က မင်းသ မီးရဲ့ ဝတ်စုံ ရွေးချယ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ပါတယ်။ နောက်တစ်ဦး ကတော့ ဒီဝတ်စုံဟာ အော် စကာဆုပေးပွဲ တစ်ခုလုံးမှာ အဆိုးရွားဆုံးဝတ်စုံဖြစ်တယ် လို့လည်း ပြောပါတယ်။

ဟိုင်လီစတိန်းဖဲလ်

Hailee Steinfeld

ဝတ်စုံရွေး မှန် ကန်ခဲ့ပေမယ့် အပြောမလွတ်ခဲ့သူကတော့ Pitch Perfect မင်းသမီး ဟိုင်လီစတိန်းဖဲလ်ပါ။ သူ့ရဲ့ ဝတ်စုံဖြစ်တဲ့ လည်ရှည်ဂါဝန်ဟာ သူ့ရဲ့အလှအပကို ကောင်းစွာ ထုတ် ဖော် ပြသနိုင်ခဲ့ပေမယ့် အချို့သော အင်တာနက်အသုံး ပြုသူတွေက မင်းသမီးရဲ့ ဝတ်စုံဟာ ဘာဘီ အရုပ်မ နဲ့ တူနေတယ်လို့ ဝေဖန်ခဲ့ ပါတယ်။ အချို့ကတော့ မင်းသမီးရဲ့ ဝတ်စုံဟာ ငယ် ဘဝကို ပြန်သတိရစေတဲ့ ပုံတုံးကြီးလို့ ဆိုပါတယ်။

ဟယ်လာဘယ်ရီ

Halle Berry

အော်စကာဆုပေးပွဲ ပွဲ တက် ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်ခံရသူတွေထဲမှာ Golden Glode ဆုမင်းသမီး ဟယ်လာဘယ် ရီလဲ ပါဝင်တယ်။ ဒါပေမဲ့ တစ်ခု ထူးခြားတာက သူ ဝေဖန်ခံရတာ ဝတ်စုံကြောင့်မဟုတ်ဘဲ သူ့ရဲ့ဆံပင် ပုံစံကြောင့်ပါ။ ဝေဖန် အကဲဖြတ်သူ အားလုံးနီးပါးက သူ့ရဲ့ ဝတ်စုံရွေး ချယ်မှုကို ထောက်ခံ ချီးကျူးခဲ့ပေ မယ့် မင်းသမီးရဲ့အလှကို ဆံပင် ပုံစံက ဖျက်ဆီးလိုက်တယ်လို့ ဆို ပါတယ်။ သိုးမွေး ခေါင်းစွပ်တစ်ခု စွပ်ထားသလို ပွရောင်းရောင်း ဆံ ပင်ထဲမှာ ဘာတွေဖွက်ထားသလဲ လို့ အင်တာနက်အသုံးပြုသူ တစ် ယောက်က မေးခွန်းထုတ်ခဲ့တယ်။

 

Flower News Journal

Last modified onMonday, 20 March 2017 11:09
Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191