Main menu
HOT NEWS
adv
အချိန်ရော လူအား ငွေအားရော တတ်စွမ်းသလောက်ကို ကြိုးစားထားပါတယ် ~ နီနီခင်ဇော်

အချိန်ရော လူအား ငွေအားရော တတ်စွမ်းသလောက်ကို ကြိုးစားထားပါတယ် ~ နီနီခင်ဇော်

နီနီရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် ဘယ်လောက်အထိ ကြိုး စားအားထုတ်ထားလဲ။
    နီနီ တော်တော်လေး ကြိုးစားထားပါတယ်။ အစက ပွဲကို ဇန်နဝါရီလထဲမှာ ကျင်းပဖို့ ဆုံး ဖြတ်ထားပေမယ့်လည်း ကျန်းမာ ရေးအခြေအနေကြောင့် မတ်လထဲကို ရွှေ့လိုက်တာပါ။ နီနီ တော် တော်လေး ကြိုးစားထားပါတယ်။စင်ဒီဇိုင်း၊ နီနီတို့ဖျော်ဖြေမယ့် ပုံစံ တွေနဲ့ ပြီးတော့နီနီရဲ့ ဖက်ရှင်ပိုင်း တွေရော ပရိသတ်ပေးရတာနဲ့ တန် အောင် နီနီ ကြိုးစားထားပါတယ်။အကအဖွဲ့ကိုလည်း Secrect Pieces ဆိုတဲ့အဖွဲ့နဲ့ပဲ ကမှာပါ။ နိုင်ငံ ခြားက ပညာရှင်တွေရဲ့အကအဖွဲ့ တွေနဲ့လည်း သေချာကို လေ့ကျင့် ထားပါတယ်။

ပွဲမှာဖျော်ဖြေမယ့် ပုံစံကိုရော ဘယ် လိုစဉ်းစားထားလဲ။ သီချင်းဘယ် နှစ်ပုဒ်လောက် ဖျော်ဖြေမလဲ။
    နီနီ ပွဲမှာသီချင်း ၂၇ ပုဒ်လောက် ဖျော်ဖြေမယ်။ အက တွေပါမယ်။ အက မပါရင်တောင် နှစ်ပုဒ်လောက် ပါပဲ။ အဲဒီအတွက် လည်း စင်ပေါ်မှာ Live ဖျော်ဖြေသွားမှာဖြစ်တဲ့ အတွက် နီနီ သက်လုံကောင်းအောင် ဒီကြားထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာဂရုတစိုက်ကို ကစားဖြစ်တယ်။ အစားအသောက်တွေက အစ သေ သေချာချာလေး ဂရုတစိုက်နေ ဖြစ်ပါတယ်။

ရှိုးပွဲအတွက်ရော စိုးရိမ်ပူပန်တာ မျိုးရှိလား။
    နီနီ ရပ်တည်လာတဲ့ အချိန်ရှစ်နှစ်တာအတွင်းမှာ ပရိသတ်တွေက နီနီ့ကိုအားပေးကြတယ်။ ပရိသတ်တွေ စိတ်တိုင်းမကျဖြစ်မှာ နီနီစိုးရိမ်တဲ့အတွက် နီဘက်ကတော့ အချိန်တွေရော လူအားငွေအားရော တတ်စွမ်းသ လောက်ကို ကြိုးစားထားပါတယ်။ နီနီကျန်းမာရေး အခြေအနေက ကောင်းတော့ ကောင်းပေမယ့် လည်း ခါးက သိပ်မကောင်းချင် တော့ အဲဒီတစ်ခုကို စိုးရိမ်မိပေ မယ့် နီနီတတ်နိုင်သလောက် ကြိုး စားဖျော်ဖြေသွားမှာပါ။

ရှိုးရဲ့ ဖက်ရှင်ပိုင်းကလည်း ထူး ခြားမယ်လို့လည်း သိရ တယ်နော်။
    ဟုတ်ပါ တယ်။ နီနီရဲ့ ရှိုး မှာ ထူးခြားပါလိမ့် မယ်။ နီနီရဲ့ ပင်တိုင် ဒီဇိုင် နာ မပုံ့နဲ့ အ တူတူ Stylist Swannie Dean ကလည်း ပါဝင်အား ဖြည့်ပေး ထားပါ တယ်။ နီနီတို့ ရှိုးတစ် ခုလုံးစာအတွက် Stylist နဲ့ပဲ သွားမှာပါ။ ထူးခြားတာတွေ တွေ့မြင် ရပါမယ်။

အဆိုသက်တမ်း ရှစ်နှစ်အကြာမှာတော့ ပရိသတ်တွေ တောင့်တနေ တဲ့ နီနီခင်ဇော်ရဲ့ Revolution Show By Ni Ni Khin Zaw Show ကို ဧပြီ ၁ ရက်မှာ  People Park တွင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကတော့ White Standing 7000, Silver 20000, Gold 30000, Platium 50000, Diamond 70000 နှင့် Royal 100000 စသဖြင့် သတ်မှတ် ထားပါတယ်။

 

Rate this item
(1 Vote)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616