HOT NEWS
Main menu

"R&B သီချင်း မျိုးလေးတွေ မဆိုဖူးတဲ့အတွက် နားထောင်တဲ့ သူတွေအနေနဲ့ အသစ်အဆန်း ဖြစ်မှာပါ" စိုးပြည့်သဇင်

အွန်လိုင်းတွင် mini album အခွေ ဖြန့်ချိနိုင်ရန်အတွက် ပြင်ဆင်နေတဲ့ တေးသံရှင် စိုးပြည့်သဇင်.....။

Read more...

'ဒရာမာကို ပိုပြီး အားသန်ပေမယ့် တခြား ကာရိုက်တာ တွေကိုလည်း ရိုက်ကူးသွားမယ်' စိုးနန္ဒာကျော်

ဇာတ်ကားတွေ အရိုက်များနေပြီး ဂီတလောကကိုပါ ဝင်ရောက်လာတဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်နဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေက. .

 

မေး - လတ်တလော အနုပညာ လှုပ်ရှားမှုတွေအနေနဲ့ ဘာတွေလုပ် ဖြစ်နေလဲပြောပြပေးပါ။

ဖြေ - အခုကတော့ညီမ ''သမက်တော်....ကွက်ကျော်''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေပါတယ်။ နောက်ဗီဒီယိုကားလေး တွေလည်းရိုက်တယ်။ တစ်ကိုယ်တော်အခွေအတွက်လည်း လုပ်ဖြစ်နေပါတယ်။ ညီမရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ သုံးကားရှိပါပြီ။ ဗီဒီယိုတွေကတော့ ၉ဝ နီးပါးလောက်ရှိပါပြီ။

Read more...

မြန်မာ ပေါကားတွေ ရပ်ခိုင်းတဲ့ ဒါရိုက်တာ မိုက်တီး နဲ့ စကားစမြည်

ဒါရိုက်တာ မိုက်တီး ရိုက်ကူးပုံဖော်မယ့် 'မြန်မာပေါကားများရပ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာကြောင့် ဒါရိုက်တာ မိုက်တီးကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။


''မြန်မာပေါကားတွေရပ်'' ရိုက်ကူးမယ့်အစီ အစဉ်လေးနဲ့ ရည်ရွယ်ချက်လေးကိုလည်း သိချင်ပါတယ်ရှင့်။

ရိုက်မှာကတော့ ဖေဖော်ဝါရီလထဲမှာပါ။ ဇာတ်အိမ်တည်ဖြစ်တဲ့ ရည်ရွယ်ချက်က တော့ ရုပ်ရှင်တစ်ကားရိုက်ဖို့ စဉ်းစားဖြစ်ခဲ့တယ်။ စဉ်းစားဖြစ်ခဲ့တော့ ရုပ်ရှင်ကြည့်မယ့်  ပရိသတ်တွေ ဘယ်လိုကြည့်ဖို့ကောင်းတဲ့ ဇာတ်လမ်းကိုတည်ရင် ကောင်းမလဲဆိုပြီး စဉ်းစားဖြစ်ခဲ့တယ်။ အခုစဉ်းစားထားခဲ့တဲ့ အကြောင်း အရာတွေကလည်း ဟိုးလွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်လောက်ကတည်းက စဉ်းစားထားခဲ့တာ ကြာလှပါပြီ။ အဲဒါတွေက ရုပ်ရှင်လောကထဲမှာ ဖြစ်ပျက်နေကြတဲ့အ ကြောင်းအရာတွေ၊ မင်းသား၊ မင်းသမီးတွေ လည်းပါမယ်။ ပြီးတော့ ဟာသသရုပ်ဆောင် တွေလည်းပါမယ်။

Read more...

''နာဂလူမျိုးကို မသိကြတဲ့သူတွေ ရှိတဲ့အတွက် ဒီရန်ပုံငွေ ဖျော်ဖြေပွဲ ကနေပြီးတော့ နာဂလူမျိုးတွေရဲ့ အကြောင်းကို ထုတ်ဖော် သွားချင်တယ်'' - နာဂလူမျိုး အနုပညာရှင် မာရီကိုလ်း

ကူးစက်ရောဂါသင့် နာဂလူမျိုးများ ပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးအတွက် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံတွင် ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်မည့် ရန်ပုံငွေ ဖျော်ဖြေပွဲ ဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်နေသော နာဂလူမျိုး အနုပညာရှင် မာရီကိုလ်းနဲ့ ခဏတာတွေ့ဆုံခိုက်...။


မေး - ကူးစက်ရောဂါဖြစ်နေတဲ့ နာဂလူမျိုးတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါဦးနော်။

ဖြေ - နာဂလူမျိုးတွေ ကူးစက်ရောဂါစတင်ဖြစ်ပွားကတည်းက ညီမကူညီပေးချင်ခဲ့တယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်က မအားတာနဲ့ မလုပ်ဖြစ်ဘဲ အခုမှပဲလုပ်ဖြစ်တာပါ။ အခုကတော့ ကူးစက်ရောဂါခံစားခဲ့ရတဲ့ နာဂလူမျိုးတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးအတွက် ပြုလုပ်တာပါ။ နာဂ လူမျိုးတွေဆိုတာ ဘယ်လိုလူမျိုးတွေဆိုတာ မသိကြတဲ့သူတွေရှိပါတယ်။ နာဂလူမျိုးတွေ ဘယ်နေရာ ဘယ်ဒေသမှာ နေထိုင်ကြတယ်ဆိုတာကိုလည်း မသိကြတဲ့သူတွေအများကြီးရှိပါတယ်။ အဲဒီလိုမျိုးတွေကြောင့် ဒီရန်ပုံငွေဖျော်ဖြေပွဲကနေပြီးတော့ နာဂလူမျိုးတွေရဲ့အကြောင်းကို ထုတ်ဖော်သွား ချင်တာလည်း ပါပါတယ်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS