HOT NEWS
Main menu
adv

ဖေဖော်ဝါရီ ၁၅ ရက်မှာ မင်္ဂလာဆောင်မယ့် မြင့်မြတ်

ဖေဖော်ဝါရီလတွင် ရန်ကုန်၊ မန္တလေးတို့၌ မင်္ဂလာပွဲပြုလုပ်မယ့်သရုပ် ဆောင်မြင့်မြတ်က သူ့ရဲ့မင်္ဂလာပွဲအစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။


''ကျွန်တော့်ရဲ့ မင်္ဂလာဆောင်ကိုတော့ ဖေဖော်ဝါရီ၁၅ရက်မှာလုပ်ဖို့အတွက်စီစဉ်ထားပါတယ်။ ရန်ကုန်၊ မန္တလေးမြို့မှာ ပြုလုပ်မှာဖြစ်တဲ့အတွက် မင်္ဂလာပွဲအသေးစိတ်အတွက်ကိုတော့ ကျွန်တော်အခုကတည်းက ပြင် ဆင် နေပါပြီ။ ရန်ကုန်မှာဆိုရင် မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ်ဟိုတယ်မှာပြုလုပ် မှာပါ။ နောက်ပြီးတော့ မင်္ဂလာညစာစားပွဲကိုတော့ အင်းလျားလိတ်ဟိုတယ် မှာပြုလုပ်မှာပါ။

Read more...

မိဘတွေ တန်ဖိုးမထားတဲ့အတွက် ကလေးတွေ လမ်းဘေး ရောက်သွားခဲ့ရတယ် သရုပ်ဆောင် မြင့်မြတ်နဲ့ ခဏတာ

အနုပညာသက်တမ်းတစ်လျှောက် သဘာဝဆန်တဲ့ဇာတ်ရုပ်တွေကို ရိုက်ကူး နေခဲ့တဲ့မြင့်မြတ်က အခုအခါမှာလည်း ခိုးဆိုးလုနှိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သဘာဝကျကျ ပါဝင် သရုပ်ဆောင်ထားမှုအပိုင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Read more...

'ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို ဇာတ်လမ်း တစ်ခုကိုပဲ ကြည့်ပြီးတော့ ရွေးချယ် ရိုက်ကူးဖြစ်ပါတယ်' သရုပ်ဆောင် မြင့်မြတ်

ရန်ကုန်၊ ဇွန် ၂၉

ဗီဒီယိုဇာတ်ကားများတွင်သာ အများ ဆုံးမြင်တွေ့ရပြီး ရုပ်ရှင်ဇာတ်ကားများရိုက်ကူးခြင်းမရှိသ လောက်နည်းပါးနေတဲ့ သရုပ်ဆောင် မြင့်မြတ် -


''ကျွန်တော်က ဗီဒီယိုဇာတ်ကားတွေရိုက်ရပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမရိုက်ရတာကတော့ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်တော်လည်းမပြောတတ်ပါဘူး။ ကျွန်တော်က တော့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်း ကို ဇာတ်လမ်းတစ်ခုကိုပဲကြည့်ပြီးတော့ ရွေးချယ်ရိုက်ကူးဖြစ်ပါတယ်။ ဇာတ်လမ်းကို ကျွန်တော်ကြိုက်ရင်ရိုက်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ကျွန်တော်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရုံတင်ပြသဖို့ရှိတယ်။ ရိုက်ထားပြီး သားရုပ်ရှင်ဇာတ်ကားကြီးလည်းရှိတယ်။ နောက်ထပ်ရိုက်ကူး ဖို့လက်ခံထားတဲ့ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါတယ်။ တောကျီးကန်းရုပ် ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီးသွားပါပြီ။ ကလောဘက်မှာ ရိုက်ကူးခဲ့တာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားကြီးက ခိုးဆိုးလုနှိုက်နှစ်ပေါ့နော်။ အဲဒီဇာတ်ကားနှစ်ကားမတူတဲ့ ဇာတ်လမ်းက ခိုးဆိုးလုနှိုက်ဇာတ်ကားထဲမှာကျတော့ ကျွန်တော်တို့က ပျံကျခိုးတယ်။ ကြုံသလိုလုပ်စားကြ တယ်။ တောကျီးကန်း ဇာတ်ကားမှာကျတော့ ကျွန်တော်တို့က သတ်သတ်မှတ်မှတ်နဲ့ခိုးကြတယ်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS