M Bwe

M Bwe

ဒါရိုက်တာ            - ဟန်ဆန်းအူ
ဇာတ်ညွှန်း           -  ကင်အင်ယောင်း
သရုပ်ဆောင်       - ကင်ယယ်ဝမ်၊ ရှင်ဆဲဂျောင်း၊ ဆောဂျီဟယ်၊ ဂျန်မီဟီး
ပြသမည့်လိုင်း      - KBS 2
ပြသမည့်အပိုင်း    - ၁၆ ပိုင်း
ပြသမည့်ရက်      - ဒီဇင်ဘာ ၆ ရက်မှ ဇန်န၀ါရီ ၂၅ အထိ
ပြသမည့်အချိန်    - ဗုဒ္ဓဟူးနှင့် ကြာသပတေးည ၁ဝ နာရီ
နိုင်ငံ                  - တောင်ကိုရီးယား

 

ဆိုးလ် ဒီဇင်ဘာ ၁၃


ကိုရီးယား အနုပညာသတင်းရပ်ကွက်မှ အတွင်းသတင်းတစ်ခုက မင်းသမီး ယွန်းအွန်ဟေးသည် “Love Like A Person” ဒရမ်မာတွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ဒရမ်မာသည် မှတ်ဥာဏ်တုရှိသော လူသားစက်ရုပ်နှင့် စိတ်ခံစားမှုအပြည့်ရှိသော အမျိုးသမီးတစ်ဦးတို့ကြားမှ အချစ်ဇာတ်လမ်းတစ်ခုကို ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။

လော့စ်အင်ဂျလိစ် ဒီဇင်ဘာ ၁၃

 

မင်းသမီး ဂျန်နီဖာလောရန့်စ်သည် ဒါရိုက်တာ လူဆာဂွါဒါနီနိုရိုက်ကူးမည့် 'Burial Rites' အမည်ရှိ ၁၉ ရာစုခေတ် နောက်ခံ မှုခင်းရုပ်ရှင်တွင် ပါဝင်မည်ဟုသိရသည်။ ယင်းရုပ်ရှင်သည် စာရေးဆရာမ ဟာနာကိတ်၏ဝတ္ထုကို အခြေခံမည်ဖြစ်ပြီး ၁၈၃ဝ ခုနှစ်တွင် အိုက်စလန်နိုင်ငံ၏ လူထုရှေ့ မှောက်တွင် သုတ်သင်သတ်ဖြတ်ခံသော အမျိုးသမီးတစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ ရိုက်ကူးမည်ဖြစ်သည်။

ချီကာဂို ဒီဇင်ဘာ ၁၄
 

ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ ၆ သိန်း ၄ သောင်းကျော် အထိရှိကြောင်း အမေရိကန်ကျန်း မာရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ ရက်တင် ပြောကြားလိုက်ပြီး ယင်းအရေအတွက်သည် ရာသီတုပ်ကွေးကြောင့် သေဆုံးသူအရေအတွက် ကနဦးအစီရင်ခံစာ ထက် ပိုမိုမြင့်တက်များပြားနေကြောင်း သိရသည်။ 

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၃

တူရကီသမ္မတရီဆက်(ပ်) တေယပ်အာဒိုဂန်သည် ကမ္ဘာ့မူဆလင်နိုင်ငံများမှ ထိပ်တန်းခေါင်း ဆောင်များနှင့် ဒီဇင်ဘာ ၁၃ ရက်ကတွေ့ဆုံကာ ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ကအသိအမှတ်ပြုခြင်းအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောဆိုလိုက်သည်ဟု သတင်းများအရသိရသည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်သူပုန်များ၏ ဝင်ငွေရပေါက်ရလမ်းကို ဖျက်ဆီးရန် ၎င်းတို့၏ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်းများကို အမေရိကန်စစ်တပ်က လေကြောင်းမှ စတင်တိုက်ခိုက်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက် AFP သတင်းကဆိုသည်။ အမေရိကန်လေတပ် ဗိုလ်ချုပ်ကြီး Lance Bunch က အမေ ရိကန်နှင့် အာဖဂန်စစ်လေယာဉ်များသည် တာလီဘန်များ၏ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်းများကို နိုဝင်ဘာ ၂ဝ ရက်မှ စ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဓာတ်ခွဲခန်း ၂၅ ခုကို ဖျက်ဆီးနိုင်ခဲ့ ပြီဖြစ်ကြောင်း ပြောသည်။

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ 

သဘာဝဓာတ်ငွေ့သုံး ဘတ်စ်ကား ၄၈၉ စီးသည် မကြာမီအတွင်း ဘန်ကောက်တစ်မြို့လုံး ပြေးဆွဲနိုင်လိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၁၂ ရက် ဝန်ကြီးအဖွဲ့အစည်းအဝေး၌ ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၁၃ ရက်သတင်းများအရသိရှိရသည်။ ယင်းသည် ဘတ်ငွေ ၄ ဒသမ ဝ၂ ဘီလီယံတန်ဖိုးရှိသော စီမံချက်ဖြင့် မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ကားအိုကားဟောင်းများနေရာတွင် အစားထိုးပြေးဆွဲစေ မည် ဖြစ်သည်။ အနာဂတ်တွင် ထိုင်းနိုင်ငံတွင်း၌ပင် ထုတ်လုပ်သော ခရီးသည်တင်ကားများဖြင့်သာ ပြေးဆွဲ မည်ဖြစ်သည်ဟုလည်း ၎င်းကပြောဆိုလိုက်သည်။

ဆိုးလ်၊ ဒီဇင်ဘာ ၁၂

မင်းသား ပတ်ဘိုဂွန်းသည် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းဆုချီးမြှင့်ပွဲတွင် တောင်ကိုရီးယားနိုင်ငံကို နိုင်ငံရပ်ခြားတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၌ မြှင့်တင်ပေးခဲ့နိုင်သည့်အတွက် ဆုရရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။ အသက်(၂၄)နှစ်အရွယ် မင်းသားသည် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ကိုရီးယားခရီးသွားအဖွဲ့တို့က ပူးပေါင်းကျင်းပသော ၂ဝ၁၇ ခုနှစ်အတွက် ကိုရီးယားခရီးသွားလုပ်ငန်းဆုရှင်ဖြစ်ခဲ့ကြောင်း ကြေညာခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၂

မင်းသား ဒိန်းသယ်ရော့ခ်ဂျွန်ဆင်၏ လက်တွဲဖော် လော်ရန်ဟာရှီယန်က မကြာမီသမီးလေးတစ်ဦးကို မွေးဖွားပေးတော့မည်ဖြစ်ပြီး သမီးသုံးဦး၏ ဖခင်ဖြစ်လာတော့မည်ဖြစ်သည်။ အသက်(၄၅)နှစ်အရွယ် မင်းသားနှင့် ပရော်ဖက်ရှင်နယ် နပန်းသမားဟောင်းဒိန်းတွင် ဇနီးဟောင်း ဒန်နီဂါဆီယာနှင့်ရရှိခဲ့သည့် အသက် (၁၆)နှစ်အရွယ် သမီးဆိုင်မွန်၊ လက်ရှိလက်တွဲဖော် လော်ရန်နှင့် ရရှိခဲ့သည့်အသက်နှစ်နှစ်အရွယ် ဂျက်စမင်တို့ကို ပိုင်ဆိုင်ထားသည်။

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၂

ဆိုမာလီနိုင်ငံ ရုပ်မြင်သံကြား Kalsan TV  မှ သတင်းထောက် မိုဟာမက်အီဘရာဟင်ဂါဗိုးသည် အလုပ်မှခွင့်ခံစားကာ ကလေးများနှင့်အတူ အနားယူအပန်းဖြေနေစဉ် ဒီဇင်ဘာ ၁၁ ရက်က ၎င်းစီးလာသော ကားထိုင်ခုံအောက်တွင် အမည်မသိ အကြမ်းဖက်သမားများက ဗုံးထောင်ဖောက်ခွဲခံရ၍ သေဆုံးသွားသည်ဟု ဒီဇင်ဘာ ၁၂ ရက်သတင်းများအရသိရှိရ သည်။ ကံအားလျော်စွာ ကလေးများမူ လွတ်ကင်းသွားခဲ့ရသည်။

Page 1 of 42