HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

မြန်မာနိုင်ငံသို့ လူသုံးကုန် ဇိမ်ခံပစ္စည်း တင်သွင်းမှု ယခင်နှစ်ကထက် ကန်ဒေါ်လာ သန်း ၅ဝဝ ကျော်ဖိုး များပြား

ရန်ကုန်

မြန်မာနိုင်ငံသို့ လူသုံးကုန်ဇိမ်ခံ ပစ္စည်းတင်သွင်းမှုမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်ထက်၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂၈သန်းဖိုး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ လူသုံးကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှတစ်ဆင့် အများဆုံး တင်သွင်းလျက်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၂၇၃၄ သန်း တင်သွင်းခဲ့ကာ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဖေဖော်ဝါရီလ ပထမပတ်အထိ အမေရိကန်ဒေါ်လာ ၃၂၆၂သန်းဖိုးဝန်းကျင်အထိ တင်သွင်းထားကြောင်း သိရသည်။

Read more...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇန်နဝါရီလအတွင်း ကားမီးလောင်မှု ၁၅ ကြိမ်ဖြစ်ပွား

ရန်ကုန်

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဇန်နဝါရီလအတွင်း ကားမီးလောင်မှု ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။ အဆိုပါ ၁၅ ကြိမ်အတွင်း ခုနစ်ကြိမ်မှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ''ရန်ကုန်မှာ ခုနစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ၂ဝ၅၇ဝဝဝဝ ရှိခဲ့တယ်။ ကိုယ်ပိုင်ယာဉ်တွေ အများဆုံးဖြစ်ပွားတာ''ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Read more...

အိမ်ခြံမြေ ဈေးကွက် ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

ရန်ကုန်

အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည်ဖြစ်ထွန်းလာသော်လည်း ယခင်နှစ်များ၏ ဈေးနှုန်းနှင့်ယှဉ်ပါက ရာခိုင်နှုန်း ၃ဝဝန်းကျင် ဈေးကျနေသည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ သိရသည်။ ယင်းအသင်း၏ ဒုတိယဥက္ကဋ္ဌ(၁)ဦးသန်းဦးက''ဒီရက်ပိုင်းမှာတော့ နည်းနည်း ပြန်ပြီး အရောင်းအဝယ်လေးလှုပ်လာပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ နှစ်ဆန်းကနေတွက် ကြည့်တဲ့အခါမှာ အရောင်းအဝယ်ဈေးတွေက ရာခိုင်နှုန်း၂ဝကနေ ၃ဝကြားလောက် နေရာဒေသပေါ်မူတည်ပြီးတော့ ဈေးကျသွားတာတွေ့ရတယ်။ ဈေးနှုန်းမှာ တအိအိနဲ့ဆင်း နေတယ်ပေါ့။ အငှားဈေးတွေလဲ မတက်ဘူး။ တချို့နေရာတွေ ကျတောင်ကျတယ်''ဟု ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS