Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

မစ္စယန်ဟီးလီ အရပ်ဘက် အဖွဲ့များနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၁

ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇွန် ၂၁ ရက်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီပညာရေး၊ နိုင်ငံရေးအကျဉ်းသားများအရေး၊ လူငယ်အရေး လှုပ်ရှား နေသည့် အရပ်ဘက်အဖွဲ့အစည်း များနှင့် ဇွန် ၂၁ ရက်တွင် UNDP  ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကာ သဘာဝ ဘေးအန္တရာယ် များကိုလည်း ရင်ဆိုင်ကျော်လွှား ရလျက်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်၊ ဇွန် ၂၁

အကြံဥာဏ်များ၊ အထောက်အပံ့များ၊ ရုပ်ဝတ္ထုပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုကြောင်း အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့၏ (၁၈) ကြိမ် မြောက် ရန်ပုံငွေဖြည့် တင်းခြင်းအစီအစဉ် ဒုတိယအကြိမ်မြောက်အစည်း အဝေးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။  ကမ္ဘာ့ဘဏ်၏ အဖွဲ့အစည်း တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(International Development Association-IDA) ၏ (၁၈) ကြိမ်မြောက် ရန်ပုံငွေဖြည့် တင်းခြင်းအစီအစဉ် ဒုတိယအကြိမ် မြောက် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေ ပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

စိတ်ဝေဒနာရှင်မှ မွေးဖွားလာသည့် ကလေးငယ်ကို အလင်းသစ် ဦးတည်ရာ မိဘမဲ့ကလေး ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းက တာဝန်ယူစောင့်ရှောက်ရန် လာရောက်ခေါ်ဆောင်

ရွှေပြည်သာ၊ ဇွန် ၂၁

ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်မှ စိတ် ဝေဒနာရှင်အမျိုးသမီးမွေးဖွားခဲ့သည့် ကလေးငယ်ကို တာဝန်ယူစောင့်ရှောက် ရန်အတွက် အလင်းသစ်ဦးတည်ရာ မိဘမဲ့ကလေးကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းက ဇွန် ၂၁ရက် ညနေပိုင်းတွင် လာရောက်ခေါ်ဆောင်သွား ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ်အမှတ် (၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောထွန်းက ''ညနေ ၅ နာရီမှာ ဖောင်ဒေးရှင်းအဖွဲ့က ကားနဲ့ လာခေါ်သွားပါ တယ်။ နှစ်ဦးနှစ်ဖက် ပြေလည်ကြပါတယ်။ ကျွန်တော်လည်း လက်မှတ်ရေးထိုးလိုက်ပါတယ်။ စနေမလို့ခေါ်တဲ့ စိတ်ဝေဒနာရှင်ရဲ့ ညီမဖြစ်သူရယ်၊ ရပ်ကွက်ထဲက လူငယ်တစ်ဦးဖြစ်တဲ့ မောင်ဆောင်းခရယ် အသိ သက်သေ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဖိုး ကျော်အောင်လည်းရှိပါတယ်။ ကလေး ရောမိခင်ပါ ခေါ်သွားတာပါ။ မိခင်ကိုတော့ ဆေးကုသပေးဖို့ ခေါ်သွားတာပါ''ဟု ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးစော ထွန်းကပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616