Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဘာသာပေါင်းစုံချစ်ကြည်ငြိမ်းချမ်းရေးအဖွဲ့က ဦးဆောင်၍ အစိုးရအဖွဲ့သစ်အား မန္တလေးတွင် ဂုဏ်ပြုကြိုဆို

မန္တလေး၊ ဧပြီ ၂၈

သမ္မတကြီး ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ ဦးစီးသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ကို မန္တလေးမြို့ ဘာသာပေါင်းစုံချစ် ကြည်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က ကမကထပြု၍ ဧပြီ ၂၈ ရက်က မန္တ လေးမြို့ဟိုတယ် မန္တလေးခန်းမတွင် ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပကြောင်းသိရသည်။ ကြိုဆိုဂုဏ်ပြုပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီးအမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်နာယက၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင် ပြင်ဖြစ်မြောက်ရေးကော်မတီနာယက၊ မန္တလေးမြို့မိမြို့ဖအဖွဲ့မှ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြား၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာ နာယကဆရာတော် ဦးဝါသေဋ္ဌမှ သြဝါဒကထာချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်း ချမ်းရေးအဖွဲ့ ခရစ်ယာန်ဘာသာဝင်များကိုယ်စား သိက္ခာရဆရာတော် ဦးကျော်ကျော်၊ ဟိန္ဒူဘာသာဝင်များ ကိုယ်စား ဆရာတော် ချန်ဒရာဒတ်၊ အစ္စလာမ်ဘာသာဝင်များကိုယ်စား ဦးသိန်းဝင်းအောင်တို့က အစိုးရအဖွဲ့ သစ်အား ကြိုဆိုထောက်ခံဂုဏ်ပြု ကြောင်း၊ အစိုးရအဖွဲ့သစ်နှင့်အတူ လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသိပေးပြော ကြားကြသည်။

Read more...

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အလွဲသုံးစားမလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ပဲခူး၊ ဧပြီ ၂၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့် နှင့် ရပိုင်ခွင့်ကိုအသုံးပြုပြီးအလွဲသုံးစား မပြုလုပ်ရန် ပဲခူးတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးခန်းမ၌ ဧပြီ ၂၈ ရက် ကပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ ''ယခင် ခေတ်အဆက်ဆက်က လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အလွဲသုံးစားနဲ့ ကျင့်ဝတ်စောင့်ထိန်းမှုတွေ အား နည်းခဲ့ တာတွေရှိခဲ့ပါတယ်။ လွှတ် တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲကို အဆိုတင်သွင်းရာမှာ အချို့မေးခွန်းတွေက ပွဲစားလို၊ ရှေ့ နေလိုဖြစ်နေတယ်။ တံစိုးလက်ဆောင် မယူကြဖို့နဲ့ ကိုယ့်ရဲ့ထင်မြင်ချက် တွေ၊ ယူဆ ချက်တွေမမေးရပါဘူး''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကပြောသည်။

Read more...

ရိုဟင်ဂျာဟုသုံးစွဲသည့် အမေရိကန်သံရုံးကို ရဟန်းရှင်လူ ၅ဝဝ ခန့် ကန့်ကွက်ဆန္ဒထုတ်ဖော် ရိုဟင်ဂျာဆိုသူများကို အမေရိကန်သို့ ခေါ်သွားရန် အိတ်ဖွင့်ပေးစာ ပေးပို့

ရန်ကုန်၊ ဧပြီ ၂၈

ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသုံးစွဲခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအား ကန့်ကွက်ကြောင်း ဧပြီ ၂၈ ရက် မွန်းလွဲ ပိုင်းက အမေရိကန်သံရုံးရှေ့တွင် အင်အား ၅ဝဝ ခန့်ရှိသော ရဟန်းရှင်လူ ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရိုဟင်ဂျာဟုဆိုသူများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်သွားရန် သံရုံး သို့အိတ်ဖွင့်ပေးစာလည်း ပေးပို့ခဲ့ ကြောင်း သိရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ သဲချောင်းအနီး ဧပြီ ၁၉ ရက်က စက် လှေနစ်မြုပ်၍ သေဆုံးသွားသူများအတွက် အမေရိကန်သံရုံးမှ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဘင်္ဂါလီများကို ရိုဟင်ဂျာလူမှုအသိုက် အဝန်းဟုသုံးစွဲခဲ့သည့်အတွက် ကန့် ကွက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616