Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

တိုကျို၊ ဧပြီ ၂ဝ


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဧပြီ ၂ဝ ရက်တွင် ဂျပန်အစိုးရ အရာရှိများက သတင်းထုတ် ပြန်လိုက်သည်။ ယင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်မည့် ဂျပန်အစိုးရဝန်ကြီးတစ် ဦးဖြစ်သည်။

Read more...

ရခိုင်ပြည်နယ် ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များ ဈေးဝယ်ထွက်လာစဉ် စစ်တွေအနီး လှေမှောက်၊ လူ ၂ဝ ခန့် သေဆုံး

ရန်ကုန်၊ ဧပြီ ၂ဝ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ စစ်တွေမြို့သို့ လှေဖြင့်ဈေးဝယ်လာကြသော ပေါက် တောကုလသမဂ္ဂဒုက္ခသည်များစခန်း မှ ဒုက္ခသည်များစီးနင်းလာသည့် လှေ ဧပြီ ၁၉ ရက်က စစ်တွေ မြို့အနီးတွင် တိမ်းမှောက်ရာ လူ ၂ဝ ခန့် သေဆုံး ခဲ့ကြောင်းသိရသည်။ အဆိုပါဒုက္ခသည်များသည် လှေပေါ်တွင် အဆမတန်များပြားစွာ စီးနင်းလိုက်ပါလာခဲ့ကြခြင်းဖြစ်ကြောင်း၊ သေဆုံးသူ များထဲတွင် က လေးငယ်ကိုးဦးပါဝင်ခဲ့ကြောင်း စစ်တွေ ၌ ဖွင့်လှစ်ထားသော ကုလသမဂ္ဂရုံး မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

Read more...

ပြည်တွင်းလုပ်ငန်းရှင်အချို့ အစဉ်အဆက် အစိုးရနှင့်ပေါင်းပြီး အခွင့်အလမ်းယူလုပ်ခဲ့သည့်လုပ်ငန်းများ များပြားခဲ့၊ အစိုးရသစ်လက်ထက်တွင် ထိုအခြေအနေ မရှိနိုင်တော့ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြော

ရန်ကုန်၊ ဧပြီ ၂ဝ

ပြည်တွင်းလုပ်ငန်းရှင်အချို့သည် အစဉ်အဆက်အစိုးရနှင့်ပေါင်းပြီး အခွင့်အလမ်းယူလုပ်ခဲ့သည့်လုပ်ငန်းများ များပြားခဲ့ကြောင်း နှင့် အစိုးရသစ်လက်ထက်တွင် ထိုအခြေအနေ မရှိနိုင်တော့ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒီမိုကရေစီတူဒေးသ တင်းစာ၏ တွေ့ဆုံမေးမြန်းမှုတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191