Main menu
HOT NEWS
adv

တေးသံရှင် ကဗျာဘွဲ့မှူး မှ ငွေကျပ်သိန်း တစ်သောင်းကျော်ကိုမပေးဘဲ တိမ်းရှောင်ထွက်ပြေးနေမှုအပေါ် ပြန်လည်ပေးအပ်ရန် ငွေကြေးအပ်နှံထားရှိသည့် အနုပညာရှင်များက သတင်းစာ ရှင်းလင်း

တေးသံရှင်ကဗျာဘွဲ့မှူးနှင့်ခင်ပွန်းဦးမျိုးမြင့်အောင်(ZTHစက်သုံးဆီလုပ်ငန်း)တို့အနေဖြင့်အနုပညာရှင်များထံမှ ငွေကျပ်သိန်းတစ်သောင်းကျော်ရယူထားသောကြောင့် ပြန်လည်မပေး ဘဲ ရှောင် တိမ်းနေခြင်းအပေါ်  ဇွန် ၈ ရက် နံနက်ပိုင်းအချိန်က ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲ  ပြုလုပ်ခဲ့သည်။ ယင်းအနားသို့   ငွေကြေး အပ်နှံထား ရှိခဲ့သည့်  အဆိုတော် မေခလာ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ဘိုဖြူ ၏ဇနီး၊ အာဗြဲ (ကဗျာဘွဲ့မှူး၏မောင်ဖြစ်သူ) ၏ဇနီး၊ အဆိုတော်ခရစ္စတိုဖာ၊ အဆိုတော် စင်ဒီ၊ အဆိုတော် D ဖြိုး ဇနီး၏ ဖခင် အစရှိသူတို့ က  ဖြစ်စဉ်ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

Read more...

'ပရိသတ်တွေ ဆီကတော့ အများကြီး မမျှော်လင့်ထားဘူး။ ကိုယ့်ဘက်ကပဲ အကောင်းဆုံး ပေးဆပ်သွားမယ်' တေးသံရှင် မို့မို့လွင်

Melody World မှ မွေးထုတ်ပေးလိုက်သော တေးသံရှင်မို့မို့လွင်၏ ပထမဦးဆုံးအခွေဖြစ်သော 'ကပွဲ'  တေးသီချင်းခွေကို ဇွန် ၉ ရက်တွင် စတင်ဖြန့်ချိတော့မည်ဖြစ်ရာ ယင်းသီချင်းခွေနှင့်ပတ်သက်ပြီး တေးသံရှင် မို့မို့လွင်နဲ့ ခဏတာတွေ့ဆုံခိုက်။


မေး။  ။ 'ကပွဲ' တေးသီချင်းခွေကို ပြင်ဆင်ခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး တော့ ပြောပြပေးပါဦး။

ဖြေ။  ။ မို့မို့ ဒီအခွေလေးကိုပြင်ဆင် ခဲ့တာ ၂ဝဝ၈ ခုနှစ် Melody World ပြီးကတည်းကပြင်ဆင်ခဲ့တာပါ။ အ ကြောင်းအမျိုးမျိုးကြောင့် မထွက် ဖြစ်ခဲ့ဘဲနဲ့အချိန်တွေကြာခဲ့ပြီးတော့ အခုမှထွက်ဖြစ်ခဲ့တာပါ။

Read more...

''စင်တင်ဖျော်ဖြေပွဲတွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ပျက်ကွက်နေကြတယ်'' တေးရေးမြင့်မိုးအောင် (Myanmar PRO အဖွဲ့ဒုဥက္ကဋ္ဌ)

ရန်ကုန်၊ ဇွန် ၇

Myanmar Performance Rights Organization (Myanmar PRO ) အဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ တေးရေးမြင့်မိုးအောင်က မူပိုင်ခွင့်ကိစ္စနှင့်ပတ်သက်၍ အခုလိုပဲပြောပြခဲ့ပါတယ်။ ''တေးရေးဆရာတစ်ယောက်ရဲ့ သံစဉ်ကိုပဲဖြစ်ဖြစ်၊ စာသား ကိုပဲ ဖြစ်ဖြစ် အသုံးပြုတာတွေက Performance Right ထဲမှာပါတယ်။ FM ရေဒီယိုတွေမှာလွှင့်တဲ့ တေးသီချင်းတွေနဲ့ပတ်သက်ပြီးတော့ တေးရေး ဆရာတွေအတွက် ရသင့်ရထိုက်တာကိုရပေမယ့်လည်း TV တွေမှာလွှင့် တာတွေကိုတော့ မရတာက များတယ်။ တချို့တွေကလည်း ဆရာတို့နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေရှိပေမယ့်လည်း အများစုကတော့ မဆွေး နွေးဘဲနဲ့ လုပ်နေကြတာတွေရှိတယ်။

Read more...

ထိုင်းရုပ်သံ ဇာတ်လမ်းတွဲတစ်ခုတွင် တောင်ကိုရီးယား သရုပ်ဆောင် ဂျောင်အီဝူး ပါဝင်မည်

ဆိုးလ် ဇွန် ၇

သရုပ်ဆောင် ဂျောင်အီဝူးသည် ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သည့် ပထမဆုံး တောင်ကိုရီးယားအနုပညာရှင်တစ်ဦး ဖြစ်လာကြောင်း ၄င်း၏ ကုမ္ပဏီက ဇွန် ၇ တွင်ကြေညာသည်။ ဂျောင်အီဝူးသည် ပြီးခဲ့သည့် ဇွန် ၅ တွင် "Gok Rak Game Ma Ya" အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

Read more...

ကိုလံဘီယာသူ Deshauna Barber Miss USA 2016 သရဖူရရှိ

လတ်စ်ဗီးဂတ်စ်၊ ဇွန် ၆


အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်စ်မှာ ဇွန် ၅ ရက်က ပြုလုပ်ခဲ့တဲ့ Miss USA 2016 ပြိုင်ပွဲမှာ ကိုလံဘီယာပြည်နယ်သူ Deshauna Barber က Winner  ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ Deshauna Barber ဟာ ကိုလံဘီယာ ပြည်နယ်၊ ခရိုင်တစ်ခုမှာ Army Reserve officer and IT analyst အဖြစ် တာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒီပြိုင်ပွဲ ဟာဆိုရင် အမျိုးသမီးတွေရဲ့ အလှအပရေးရာထက် ကိုယ်ခန္ဓာကျန်း မာကြံ့ခိုင်မှုကို အကဲဖြတ်ပြီး ရွေးချယ်ခြင်းဖြစ်ပါတယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616