ဒါရိုက်တာ       - ဒင်းန်ဒေ့ဗ်လင်
ဇာတ်ညွှန်း      - ပေါလ်ဂိုင်ရော့
သရုပ်ဆောင်   - အက်ဘီကော်နစ်၊ ဂါးနက်ဘယ်လ်တာ၊ မာရဲဝင်းနင်ဟန်
ပြသချိန်          - ၁ဝ၉ မိနစ်
နိုင်ငံ               - အမေရိကန်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရေခဲတောင်သို့ သွားရောက်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးအပါအဝင် ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့်ရုပ်ရှင်ဇာတ် ကားကြီး လေးကား မိတ်ဆက်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးလေးကား မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ Tower (B),Penthouse တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ''ကျွန်တော် အခုမိတ်ဆက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး လေးကားကို တစ်လကိုတစ်ကားနှုန်းနဲ့ရိုက်သွားမှာပါ။ ဒီလထဲမှာ တစ်ကားရိုက်ကူးမယ်။ နောက်သုံးကားကိုလည်း တစ်လတစ်ကားပေါ့နော်။ ရေခဲတောင်မှာသွားရိုက်မယ် ဇာတ်ကားကြီးအတွက်ကိုလည်း အနုပညာရှင်အသစ်တွေကိုရွေးချယ်ပြီးတော့ ရိုက်ကူးမယ်''ဟု ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ပြောသည်။

ဆိုးလ်၊ အောက်တိုဘာ ၁၆

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်သည့် TWICE သည် ယခုလအတွင်း ၎င်းတို့၏ ပထမဆုံးတေးအယ်လ်ဘမ်ကို ဖြန့်ချိမည်ဖြစ်ကြောင်း အေဂျင်စီက အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။ "Twiceagram" အမည်ရှိ တေးအယ်လ်ဘမ်ကို အောက်တိုဘာ ၃ဝ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း JYP အင်တာတိန်းမန့်က ပြောကြားခဲ့သည်။ အယ်လ်ဘမ်၏ ခေါင်းစီး တေးနာမည်မှာ "Likey"  ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဒါရိုက်တာ      - အင်းဝမ်းထယ်
ဇာတ်ညွှန်း     - ကင်ဂျောင်ဟန်
သရုပ်ဆောင် - လီဟက်ဂျူ၊ ဘိုအာ၊ အိုဂွမ်ရို့၊ အင်ယောင်းရှိ
ပြသချိန်        - ၈၄ ပိုင်း
နိုင်ငံ            - တောင်ကိုရီးယား

ရန်ကုန်၊ အောက်တိုဘာ ၁၆

Australian သိပ္ပံဇာတ်ကားတစ်ကား ကိုအခြေခံထားသည့် ''ရှိန်းဆာယာ'' ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာညိုမင်းလွင်က သရုပ်ဆောင်အသစ်များဖြင့် အောက်တိုဘာလတတိယပတ်မှစတင်ရိုက်ကူးသွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါဇာတ်လမ်းတွဲမိတ် ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီက Central Hotel တွင်ပြုလုပ်ခဲ့သည်။

အနုပညာလောကကို ဝင် ရောက်ရာမှာ တွေ့ကြုံခဲ့ရတဲ့အ ခက်အခဲတွေနဲ့ပတ်သက်ပြီး သရုပ် ဆောင် ထူးအောင်ကို ယခုလိုမေး မြန်းဖြစ်ခဲ့ပါတယ်။

မေး- ဒီလောကထဲကို ဘယ်လိုခံ ယူချက်နဲ့ဝင်လာတာလဲ။

ဖြေ- ကျွန်တော်စဝင်လာတဲ့ အချိန်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ခံယူချက်တွေစဉ်းစားထားတာတွေ အများကြီးရှိပါတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အသစ်တွေအတွက် ဇာတ်ရုပ်တွေအများကြီး ကျွန်တော်တို့ဆီကိုမလာပါဘူး။ ဒါရိုက်တာအလိုအတိုင်းလုပ်ရ တာတွေရှိတယ်။ ကျွန်တော်တို့ကရွေးချယ်စရာမရှိဘူး။ အဲဒီတော့ ကိုယ်ရလာတဲ့ဇာတ်ရုပ်တွေကိုပဲ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ခံယူချက်ကိုပဲထားရပါတယ်။

မကြာခင်ရုံတင်ပြသတော့မည့် 'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးထားမှုများနှင့်အတူကလေးများအတွက် မိခင်တာဝန်ကျေပွန်စေချင်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုများကို ငြင်းဆိုမှုများရှိလာတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် အခုလိုပဲတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- 'ရင်ဘတ်ထဲကဓား'ရုပ်ရှင် ဇာတ်ကားကြီးက မကြာခင်ရုံတင် ပြသတော့မယ်။ ရုံတင်မပြသခင်ကတည်းကလည်း ပရိသတ်တွေနဲ့ ဒါရိုက်တာကိုယ်တိုင်က အကယ်ဒမီမှန်းပေးနေကြတယ်နော်။

ဖြေ-အဲဒါကတော့ အူဝဲအရမ်း ကြိုးစားထားတယ်။ ကြိုးစားထား တာလေးကိုအရာထင်ချင်တယ်။ အကယ်ဒမီနဲ့ပတ်သက်ရင်တော့ အူဝဲတို့ဘက်က ဘာမှပြောပိုင်ခွင့် လည်းမရှိဘူး။ ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိတဲ့အခါကျတော့ ပွဲကျ တော့မှပဲသိရမှာပေါ့နော်။ အခုကတည်းက အကယ်ဒမီရမယ်ဆို ပြီးတော့ပြောပေးတဲ့ ကိုဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကလည်း အူဝဲကို အကယ်ဒမီရစေချင်တယ်။ နှစ်တွေလည်း အရမ်းကြာနေပြီဆိုတော့ အကယ်ဒမီရဖို့ပြောကြတာပေါ့နော်။ အဲဒီလိုမျိုးအသံလေးကြားရတာကို ပျော်နေမိတယ်။

Page 3 of 11