လော့စ်အိန်ဂျလိစ်၊ အောက်တို ဘာ ၁၅

 

ပေါ့ပ်အဆိုတော် မက်ဒေါနားသည် အကြီးဆုံးသမီးလောဒက်စ် အသက်(၂၁)နှစ်ပြည့်မွေးနေ့အတွက် တွစ်တာတွင်နှစ်ယောက်တွဲ ဓာတ်ပုံတင်ကာ ဆုတောင်းစကားရေးခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက် Daily Mail သတင်းကဆိုသည်။ ''သမီးလေးကျူးဘားမှာပဲရောက်နေနေ။ ကင်ညာမှာပဲရောက် နေနေ။ အိမ်မှာပဲရှိနေနေ။ ငါ့အသည်းနှလုံးထဲမှာ သမီးလေးက အမြဲတမ်းရှိနေပါတယ်။ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလိုလာ။ မင်းသမီးလေးလိုလာ''ဟု မက်ဒေါနားက မွေးနေ့ဆုတောင်းစကားပြော ကြားသည်။ လော့ဒက်စ်၏အိမ်နာမည်မှာ လိုလာဖြစ်သည်။

 

ပေကျင်း၊ အောက်တိုဘာ ၁၄

 

တရုတ်မင်းသမီးဂေါင်းလီသည် ဥရောပတွင် ဇာတ်အိမ်တည်ကာ ဒါရိုက်တာမာတင်ကမ့်ဘဲလ်ရိုက်ကူးမည့် "Ana" အမည်ရှိ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်တွင် ပါဝင်မည်ဟုသိရသည်။ “Rush Hour” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သော အာသာဆာကင်စ်ရှန်နှင့် တရုတ်နိုင်ငံမှ ဘရူနိုဝူတို့က ပူးပေါင်းထုတ်လုပ်ကြမည်ဖြစ်ပြီး ရိုက်ကူးရေးကို လာမည့်နှစ် မတ်လသို့မဟုတ် ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ထားသည်ဟုဆိုသည်။

 

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၄

 

နာမည်ကျော် ဟောလိဝုဒ်မင်းသမီး ကလယ်ရာဖွိုင်းက ယခုနှစ်အစောပိုင်းတွင်ကျင်းပခဲ့သော ရွှေကမ္ဘာ လုံးဆုပေးပွဲသည် ၎င်း၏ဘဝတွင် ရှက်ကိုးရှက်ကန်း အဖြစ်ရဆုံး အတွေ့အကြုံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၃၃ နှစ်အရွယ်မင်းသမီးသည် ယင်းဆုပေးပွဲတွင်' The Crown' ဇာတ်လမ်းတွဲ၌ အဲလိဇဘက်ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ခဲ့ရာမှ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲမင်းသမီးဆုကို ရရှိခဲ့သည်။ သို့သော် ၎င်းက ဆုပေးပွဲအပြီးပြုလုပ် သောပါတီပွဲတွင် အရက်မသောက်မီအချိန်အထိ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ရကြောင်း ပြောသည်။

 

ရှေ့ဆက်ပြီး မြန်မာနိုင်ငံက အနုပညာမောင်နှမတွေနဲ့အတူတူလက်တွဲပြီး အနုပညာအလုပ်တွေလုပ်ချင်ပါတယ်လို့ ဘောလိဝုဒ်သရုပ်ဆောင် လိုင်လာခမ်းက ဒီမိုကရေစီတူဒေးကိုပြောပါတယ်။

 

တယောသင်တန်းဖွင့်လှစ်ထားတဲ့ သရုပ်ဆောင်ဂျူဂျူးကေက သင်တန်း ဘာ ကြောင့်ဖွင့်လှစ်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီမိုကရေစီတူဒေးကို အခုလိုပဲ ပြောပြခဲ့ပါတယ်။  ''အခုလတ်တလောမှာတော့ အနုပညာအလုပ်အနေနဲ့ တယောသင်တန်း လေးတစ်ခုဖွင့်ထားပါတယ်။ တယောနဲ့ပတ်သက်ပြီးတော့လည်း ဖန်တီးမှုအသစ် လေးတွေလုပ်ဖို့ စဉ်းစားနေတာလေး တွေလည်းရှိပါတယ်။ သင်တန်းသားတွေကတော့လက်ရှိမှာ အယောက် ၄ဝ နီးပါးလောက်တော့ရှိပါတယ်။ ဒီသင်တန်း လေးကိုလုပ်ဖြစ်တာကတော့ အဓိကက တော့ ကိုယ်ကသရုပ်ဆောင်ပိုင်းကို အ ခွင့်အရေးကမရဘူး။ အခွင့်အရေးတွေ မရတာကြာလာရင် ကိုယ့်အနုပညာအ လုပ်တွေကို စိတ်ဓာတ်ကျသွားမှာလည်း ကိုယ့်ကိုယ်ကိုယ်စိုးရိမ်တာနဲ့ အချိန်တွေ လည်းရှိတော့ သင်တန်းလေးကို ဖွင့်လှစ် ဖြစ်သွားခဲ့တာပါ''လို့ဆိုပါတယ်။

 

ကိုယ့်ကိုစိန်ခေါ်မှုများစေတဲ့ ကာရိုက်တာတွေကို ရွေးချယ်ရိုက်ကူးမယ့် သရုပ်ဆောင်ဥက္ကာမင်းမောင်နှင့် တွေ့ဆုံခိုက် အခုလို မေးမြန်းခဲ့ပါတယ်။

 

မေး- လတ်တလောရိုက်ဖြစ်တဲ့ ဇာတ်ကားလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- ကျွန်တော်အခုရိုက်နေတာကတော့'မ'ရဲ့ အေးခဲသွားကြသူ များဇာတ် ကားမှာ ဗီလိန်တစ်ယောက် ကာရိုက်တာကနေ ရိုက်ကူးနေပါတယ်။ လူယုတ်မာ တစ်ယောက် အဖြည်မပါဘူး။ အဲဒီလို ရိုက်ကူးနေပါတယ်။

 

ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး ကိုဦးတည်၍ MNTV ရုပ်သံလိုင်းနှင့် JIB (Japan International Broadcasting Inc.) တို့မှ ပူးပေါင်းရိုက်ကူးသည့် 'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုပြီးစီးသွား ပြီဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူး ခဲ့မှုအခြေအနေများနှင့်ပတ်သက်ပြီး ဒါ ရိုက်တာကြည်ဖြူသျှင်နဲ့ အခုလိုပဲတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။

 

မွမ်ဘိုင်း အောက်တိုဘာ ၁၃


ဘောလိဝုဒ်အကျော်အမော် အမီရာခန်း သည် "Sarfarosh" ရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ရသည်ကို သဘောကျနှစ်ခြိုက်နေကြောင်း သိရသည်။ ၁၉၉၉ ခုနှစ်တွင် ဒါရိုက်တာ မက်သရူး မက်တန် ရိုက်ကူးခဲ့သည့် ရုပ်ရှင်တွင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒကို နှိမ်နှင်းသည့် ရဲအရာရှိ တစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးခဲ့ပြီး အကောင်းမြင်မှတ်ချက်များစွာ ရရှိခဲ့သည်။ မင်းသား အမီရာသည် ယင်းရုပ်ရှင်တွင် စည်းကမ်းတင်းကျပ်သော ရဲသား အာဂျေး ဆင်းရုသို့ဒ် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ သို့သော် နောက်ဆက်တွဲဇာတ်လမ်းကို ဒါရိုက်တာ မက်တန် ရိုက်ကူးနေပြီဆိုသော သတင်းများ မရရှိသေးပေ။ ယင်းသတင်းနှင့် ပတ်သက်၍ ၄င်းက "ရိုက်ကူးရေးတော့မှာလား၊ ကျွန်တော် က တော့ မသိပါဘူး၊ တော်တော်လေး အံ့သြဖို့ကေင်းပါတယ်၊ ရဲသား ရုသို့ဒ်နေရာမှာ ပါဝင်သရုပ်ဆောင်ချင်ပါ တယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

Page 4 of 11