Girls Generation အဖွဲ့ဝင် ဆူယောင်းသည် မင်းသားဒန်နီယယ်ဟန်နေး၊ ဘယ် ဒုံယောင်း၊ လီဂျောင်မင်း၊ ဘယ်နိုရီနှင့် အခြားအနုပညာရှင်များကို စီမံခန့်ခွဲပေးနေသော Echo Global Group  နှင့် လက်မှတ်ရေးထိုးလိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၁ဝ ရက်နေ့က Echo Global Group က အေဂျင်စီကို အသစ်ရောက်ရှိလာသည့် ဆူယောင်းကို ကြိုဆိုသည့်သတင်းကို ကြေညာခဲ့သည်။

 

ဒါရိုက်တာ - လီအန်ဂူ
ဇာတ်ညွှန်း - လီအန်ဂူ
သရုပ်ဆောင် - ကင်ဟယ်ဆူ၊ လီဆောင်းဂူ၊ လီဟီးဂျွန်၊ ချွဲမူဆောင်း
ပြသချိန် - ၉၁ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၁၁

 

မင်းသမီးမန်ဒီမိုးရ်သည် လက်ထပ်ရန် အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းခြင်းကို စိတ်မရှည်တော့သည့်အတွက် ခင်ပွန်းလောင်း တေလာ ဂိုးလ်စမစ်နှင့် မကြာခင်လက်ထပ်တော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ၄င်းက " နောက်ကျတာထက်ပိုစေတာ ဖြစ်လာမှာပါ၊ ကျွန်မအလျင်လိုနေတာတော့ မဟုတ်ပေမယ့် ကျွန်မ မကြာခင်လက်ထပ်ချင်နေပါပြီ၊ မစောင့်ချင်တော့ပါဘူး၊ စေ့စပ်ထားတာအချိန် အကြာကြီး မလိုချင်ပါဘူး၊ ကျွန်မ ကြီးကြီးကျယ်ကျယ်တွေလည်း မစီစဉ်ထားပါဘူး၊ ဒါကြောင့် မဖြစ်မနေ လုပ်ရတော့မယ် လို့ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

ပေကျင်း၊ နိုဝင်ဘာ ၁ဝ

တရုတ်ဘီလျံနာမင်းသမီး ဇောင်ဝေနှင့် ခင်ပွန်းတို့ကို တရုတ်ပြည်မကြီး၏ စတော့ဈေးကွက်တွင် ငါးနှစ်ကြာ ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် ကန့်သတ်ခံလိုက်ရပြီး အာမခံစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကုမ္ပဏီတစ်ခုကို ငွေကြေးလွှဲပြောင်းရာတွင် မမှန်ကန်မှုများရှိခဲ့သည်ဟုဆိုကာ ဒဏ်တပ်ခဲ့ကြောင်းသိရ သည်။ မင်းသမီးဇောင်နှင့် ခင်ပွန်းသည် ဟွမ်ယူလောင်တို့သည် ၎င်းတို့ထိန်းချုပ်ထားသော Tibet Longwei Culture Media ကုမ္ပဏီမှတစ်ဆင့် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းတွင် Zhejiang Wanjia Co ၏ ရှယ်ယာ ၂၉ ဒသမ ၁ ရာခိုင်နှုန်းကို ဝယ်ယူရန် ကြိုးစားရာတွင် မအောင်မမြင်ဖြစ်ခဲ့သည်ဟုဆိုသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁ဝ

 

၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် တစ်ကိုယ်တော်အခွေထွက်ရှိလာမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တော့ အတွဲခွေတစ်ခွေကို အရင်ထွက်ရှိ နိုင်ဖို့စီစဉ်နေကြောင်း အဆိုတော် သအိုက ပြောပါတယ်။

ဒါရိုက်တာ          - ဆွန်းယောင်းအု
ဇာတ်ညွှန်း         - ပတ်ဆိုယောင်း
သရုပ်ဆောင်      - ယွန်ဟို၊ ဂျောင်းဆူဂျင်း၊ ချွဲဒယ်ချော
ပြသမည့်လိုင်း     - OCN
ပြသမည့်အပိုင်း  - ၁ဝ ပိုင်း
ပြသမည့်ရက်     - နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ
ပြသမည့်အချိန်  - တနင်္လာနှင့် အင်္ဂါ ည ၉ နာရီ
နိုင်ငံ                - တောင်ကိုရီးယား

ဆိုးလ်၊ နိုဝင်ဘာ ၉

နာမည်ကျော် ကေပေါ့ပ် အမျိုးသားအဆိုတော်အဖွဲ့  BIGBANG မှ အဖွဲ့ခေါင်းဆောင် G-Dragon  နှင့် After School  အဖွဲ့ဝင်ဟောင်း မင်းသမီး လီဂျူယောင်းတို့သည် ၎င်းတို့နှစ်ဦးပါဝင်သော ဗီဒီယိုနှင့် ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေပြီး ကောလာဟလ အချစ်ရေးသတင်းကိုလည်း လူပြောများလျက်ရှိသည်။ ၎င်းတို့နှစ်ဦး၏ ကောလာဟလသတင်းများသည် ၎င်းတို့နှစ်ဦး၏ မျက်နှာကို ဟာသပုံစံ ဖြင့် ပြုလုပ်ထားသော ဗီဒီယိုတစ်ခုမှာ အောက်တိုဘာ ၃ဝ ရက်တွင် ပျံ့နှံ့လာခဲ့ရာမှ အစပြုခဲ့သည်။


ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် အွန်လိုင်း ပေါ်တွင် ပို့စ်တစ်ခု၌ အင်တာနက်သုံးစွဲသူတစ်ဦးက ၎င်းတို့ အနုပညာရှင်နှစ်ဦး၏ လူမှုကွန်ရက်မီဒီယာများမှ ပုံများစွာ ဖြင့် နှိုင်းယှဉ်ပြသခဲ့သည်။ ၎င်းတို့၏ သီးခြားဓာတ်ပုံများထဲတွင် နှစ်ဦးသား အတူရှိနေသည်ဟု မဖော်ပြထားသော်လည်း တစ်နေရာတည်းတွင် ရိုက်ကူးထားသည့် နောက်ခံနှင့် ပတ်ဝန်းကျင်တို့မှာ တူညီနေသည်ကို တွေ့ရှိရသည်။


¤င်းတို့နှစ်ဦး၏ ဓာတ်ပုံတစ်ခုထဲတွင် အစိမ်းရောင် အန္တရာယ်ကင်းဦးထုပ်ကို အတူတူ ဝတ်ဆင်ထားကြပြီး အခြားဓာတ်ပုံတစ်ခုတည်းတွင် မီးရောင်မှောင်သော စားသောက် ဆိုင်တစ်ခုတွင် နှစ်ဦးသား ပျော်ရွှင်စွာထိုင်နေခဲ့ကြသည် ကို မြင်တွေ့ရသည်။ လွန်ခဲ့သောလတွင် ထိုဗီဒီယို ထွက်ပေါ်လာချိန်၌ G-Dragon ကို စီမံခန့်ခွဲပေးနေသည့်  YG အင်တာတိန်းမန့်က ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြကြောင်း ပြောဆိုခဲ့သည်။ နိုဝင်ဘာ ၉ ရက်တွင် G-Dragon က ၎င်း၏ အချစ်ရေးကောလာဟလသတင်းမှာ မဟုတ်မှန်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ 

 

Ref: Yonhap

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၉

 

Pokemon Go ဂိမ်းကို ထုတ်လုပ်ခဲ့သည့် Niantic Inc ကုမ္ပဏီနှင့် Warner Bros Interactive အင်တာတိန်းမန့်တို့သည် ထူးဆန်းအံ့သြဖွယ် သတ္တဝါဆန်းများ၊ မှော်စွန့်စားခန်းနှင့် မှော်မန္တာန်များပါ​ဝင်မည့် ဟယ်ရီပေါ်တာ မိုဘိုင်းဂိမ်းကို ဖြန့်ချိရန် ပြင်ဆင်နေကြောင်း ယင်းကုမ္ပဏီနှစ်ခုက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

Page 4 of 22