ဒါရိုက်တာ - ကင်ဟုန်ဆွန်း
ဇာတ်ညွှန်း - ချွဲရန်
သရုပ်ဆောင် - ဆောင်ဆန်ဟွန်း၊ ဂိုအာရာ၊ လီအီ၊ ကင်ဒုံဂျွန်း
ပြသမည့်လိုင်း - OCN
ပြသမည့်အပိုင်း - ၁၆ ပိုင်း
ပြသမည့်ရက် - အောက်တိုဘာ ၁၄ မှ ဒီဇင်ဘာ ၃ အထိ
ပြသမည့်အချိန် - စနေနှင့်တနင်္ဂနွေည ၁၀ နာရီ ၂၀ မိနစ်
နိုင်ငံ - တောင်ကိုရီးယား


ယခုသီတင်းပတ်မှစတင်ကာ တောင်ကိုရီးယားနိုင်ငံရှိ OCN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် သည်းထိတ်ရင်ဖို ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကမ္ဘာမြေသို့ရောက်ရှိလာသော သေမင်းဝင်စီးထားသည့် စုံထောက် ဘလက်ခ် နှင့် သေခါနီးလူတို့၏ အရိပ်ကိုမြင်ရသော ဟာရမ်အမည်ရှိ မိန်းကလေးတို့ကြားမှာ သဘာလွန် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ရိုက်ကူးထားသည်။ တောင်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းမင်းသားတစ်ဦး ဖြစ်သည့် ဆောင်ဆန်ဟွန်အပြင် နာမည်ကျော်မင်းသမီး ဂိုအာရာတို့က ခေါင်းဆောင်အဖြစ်ပါဝင် သရုပ်ဆောင ထားသည်။

လော့စ်အင်ဂျလိစ် အောက်တိုဘာ ၁၃

အဆိုတော် မိုင်လီဆိုင်းရပ်စ်သည် အစ်ီအစဉ်တင်ဆက်သူ ဂျိမ်းစ်ကော်ဒန်၏ Carpool Karaoke အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး အံ့သြဖွယ်ကောင်းအောင် ရုပ်ရှင်သွင်ပြင်ပြောင်းလဲသွားမှုနှင့် ကားမောင်း ကျွမ်းကျင်ခြင်း မရှိသည့် အကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြသည်။ ယင်းအစီအစဉ်တွင် မိုင်လီသည် 'We Can't Stop' သီချင်းကို သီဆိုခဲ့ပြီးနောက် ကားမောင်းနှင်ရာတွင် လမ်းပေါ်ရှိ အရာဝတ္ထုတစ်ခုခုကို ဝင်တိုက် အမြဲတစေ ဝင်တိုက်လေ့ရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ပေါ်တူဂီနိုင်ငံ အားလပ်ရက် အပန်းဖြေခရီးထွက်ရင်း အမန်ဒါဟိုလ်ဒင်းက သူ့ရဲ့ဘီကီနီရေကူး ဝတ်စုံနဲ့ ခန္ဓာကိုယ်အလှဓာတ်ပုံကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။

 

 

ဂျေဆန်အယ်လ်ဒင်းဆိုတာ မကြာသေးခင်က လာ့စ်ဗီးဂတ်စ် သေနတ်ပစ်ခတ်မှု မတိုင်မီလေးမှာ စင်မြင့်ဖျော် ဖြေပွဲကျင်းပခဲ့တဲ့ ကျေးလက်တေးဂီတ အဆိုတော်ဖြစ်ပါ တယ်။

 

 

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က Titanic  ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျက်နဲ့ရို့စ်တို့ရဲ့ချစ် ဇာတ်လမ်းဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေကို သဲသဲလှုပ် ရင်ခုန်စေခဲ့တဲ့ ချစ်ဇာတ်လမ်းဖြစ်ပါတယ်။

 

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁ဝ

 

မော်ဒယ် အက်ရှ်လေဂရေဟမ်က ဝိတ်ချရန်အတွက် အားကစားလေ့ကျင့်ခြင်း မပြုလုပ်သည်မှာ အသားအရေပျက်စီးမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ၎င်း၏ခန္ဓာကိုယ် နှင့်ပတ်သက်၍ အပြောင်အပျက်သရော်နေသူများကို ပြောကြားလိုက်သည်။

 

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁ဝ

 

မင်းသားကြီးဆေဗက်စတာစတားလုံးသည် 'Creed 2' ရုပ်ရှင်ကို လာမည့်နှစ်တွင် ရိုက်ကူးမည်ဖြစ်ကြောင်းနှင့် မိုက်ကယ်ဘီဂျော်ဒန်က ထုတ်လုပ်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အသက် (၇၁)နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးက ၂ဝ၁၈ ခုနှစ်အတွက် အဆိုပါရုပ်ရှင်ကို ရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် မူရင်းရုပ်ရှင်တွင် ဂျွန်ဆင်ခရိအဖြစ် သရုပ်ဆောင်ခဲ့သူ ထုတ်လုပ်ရေးမှူး မိုက်ကယ်နှင့်အတူ အလုပ်အတူလုပ်ရမည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသည်ဟု ဆိုသည်။

 

 

ဆိုးလ်၊ အောက်တိုဘာ ၁ဝ

 

တစ်ဖနီ၊ ဆူယောင်းနှင့် ဆောယောင်းတို့သည် ၎င်းတို့ကို စီမံခန့်ခွဲပေးနေသည့် SM အင်တာတိန်းမန့်နှင့် ၎င်းတို့၏ Girls' Generation  အဖွဲ့မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သိရသည်။ မူလက အဖွဲ့ဝင်ကိုးဦးရှိခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်တွင် အဖွဲ့ဝင် ဂျက်ဆီကာဂျောင်မှာ နုတ်ထွက်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ဖက်ရှင်နှင့်တစ်ကိုယ်တော်အနုပညာလုပ်ငန်းများဖြင့် ရပ်တည် လျက်ရှိသည်။

 

 

Page 5 of 11